ပွဲဦးထွက်ပြီး ၁၃ နှစ်ကြာမှ Itaewon Class ကနေ လူသိများလာသူ Ryu Geongsu

www.kstarlive.com
Sponsored

Itaewon Class မှာ ပတ်ဆယ်ရိုဝီကို လေးစားပြီး ချစ်တဲ့ ချိုဆူကွမ်းကို အားလုံးသိကြမှာပါ။ သူကတော့ ၁၉၉၂ ခုနှစ်ဖွား သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ Itaewon Class ကို လူသိများရာကနေ ပရိသတ်က သတိထားမိပြီး အသိအမှတ်ပြုထားတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

@Pinterest/instagram.com

ဒီဇာတ်လမ်းမှာ သူကတော့ ပတ်ဆယ်ရိုဝီနဲ့ ထောင်ထဲမှာ တူတူနေခဲ့တဲ့သူအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထောင်ထွက်ကို လူတွေက ကျဉ်ထားတတ်တာကြောင့် ထောင်ထွက်ဆိုတာ ဘာမှ မဟုတ်ဘူးလို့ တွေးထားတဲ့သူလည်း ဖြစ်ပါတယ်။ ထောင်ကထွက်ပြီးတဲ့နောက်မှာ ထောင်မှာတုန်းက ပတ်ဆယ်ရိုဝီရော သူနဲ့ရော တစ်ခန်းတည်း တူတူနေခဲ့တဲ့ လူမိုက်ခေါင်းဆောင်ရဲ့ ဂိုဏ်းအောက်မှာ လူမိုက်အဖြစ် ကျင်လည်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထောင်က လွတ်ပြီး ၇ နှစ်အကြာ ပတ်ဆယ်ရိုဝီနဲ့ ပြန်လည်ဆုံတွေ့ချိန်မှာတော့ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင်သူဌေးအဖြစ် မြင်လိုက်ရတဲ့အခါ ပတ်ဆယ်ရိုဝီကို အများကြီး အထင်ကြီးလေးစားသွားခဲ့ပြီးတဲ့နောက်မှာ သူ့ကိုယ်သူ လေလွင့်မနေတော့ပဲ ပတ်ဆယ်ရိုဝီဆီမှာ အလုပ်လုပ်ရင်း ဘဝကို အတူဖြတ်သန်းကြသူအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

READ
အရွယ်တင်ပြီး နုပျိုလှပလွန်းနေတဲ့ မို့မို့မြင့်အောင်
@Pinterest/hancinema.net
Sponsored

ပရိသတ်အချို့ကတော့ Ryu Gyeongsu ကို တက်သစ်စ သရုပ်ဆောင်တစ်ယောက်လို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်က ၂၀၀၇ မှာတည်းက ပွဲဦးထွက်ပြီး သူက အနုပညာနယ်ပယ်ထဲမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့် မထင်မရှားနေရာတွေမှာပဲ သရုပ်ဆောင်ခဲ့ရတဲ့အတွက် သူ့ကို လူသိပ်မသိတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေထက် ရုပ်ရှင်တွေအချို့မှာပဲ ပိုပြီး ပါဝင်ဖြစ်ခဲ့တာပါ။ ရုပ်ရှင် ၁၀ ကားအထက်မှာ ပါဝင်ခဲ့ပေမယ့် ဇာတ်လမ်းတွဲကကတော့ ၅ ခုပဲ ပါဝင်ခဲ့ဖူးပါတယ်။

Ryu Gyeongsu ကတော့ ရိုက်ကွင်းထက်မှာတော့ ကြံခိုင်ပြီး ခက်ထန်တဲ့ပုံမျိုးလို့ မြင်ရပေမယ့် တကယ့် အပြင်မှာတော့ သူက မိန်းကလေးအားလုံး နှစ်သက်တတ်ကြတဲ့ ကောင်လေးတစ်ယောက်ပုံစံမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ သူ့ပရိသတ်တွေအတွက် သူ့ IG ကနေ Selfie ပုံလေးတွေ တင်တတ်ပေးတတ်ပါတယ်နော်။

သူကတော့ လက်ရှိမှာ Huayi Brothers Entertainment အောက်မှာ ရှိနေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ Lee Dahee, Choi Taejun, Kim Okvin, Lee Donghwi နဲ့ Yoo Haijin တို့အပြင် တစ်ခြားသော အနုပညာရှင်တွေ ရှိနေတဲ့ အေဂျင်စီတစ်ခုလည်း ဖြစ်ပါတယ်။

အားလုံးပဲ သူ့ကို နောက်ထပ်ဇာတ်လမ်းတွေမှာ ထပ်ပြီး မြင်ချင်နေကြပြီလား ပြောပေးခဲ့ကြပါအုံးနော်။

Sources from kstarlive

Kham

 

sponsored