Um Ki-joon က တော့ တောင်ကိုရီးယားရဲ့ ၀ါရင့် အနုပညာရှင်တစ်ယောက်ပါ။အသက်က တော့ ၄၄ နှစ်ရှိနေပါ ပြီ။SBS က နေ လက်ရှိ ထုတ်လွှင့်ပြသ နေတဲ့ ‘The Penthouse: War in Life’ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင် ထားကြပါတယ်။ပီပြင်လွန်းတဲ့ သူ့ရဲ့ သရုပ်ဆောင် ချက်တွေ ကြောင့် အခုဆိုရင်တော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိ နေသူ တစ်ယောက်ပါ။ပရိသတ်တွေ က Um Ki-joon အပေါ် ဘယ်လောက်ထိ စိတ်ဝင်စားအားပေးလဲဆိုရင်တော့ အခုဆိုရင် သူ့ရဲ့ ငယ်ဘ၀ ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။
View this post on Instagram
Um Ki-joon ငယ်ငယ်က ပုံတွေ ကို ကြည့်ပြီး ပရိသတ်တွေက Idol နဲ့ တူတယ်ဆိုပြီး ချီးကျူး ခဲ့ ကြပါတယ်။Penthouse ဇာတ်ကားထဲမှာ သရုပ်ဆောင် ကောင်းလွန်းလို့ Um Ki-joon ရဲ့ ငယ်ဘ၀ ကို ပရိသတ်တွေ က တူးဆွ ခဲ့ ကြတာပါ။ငယ်ငယ်တုန်းက တော် တော် ချော ခဲ့တာပဲ ဆိုပြီး အခုဆိုရင် မိန်းကလေး ပရိသတ် တွေရဲ့ သဘောကျ နှစ်သက် မှု ကိုပါ ရ နေပါပြီ။ဓါတ်ပုံတွေ ကလည်း ဆိုရှယ်မီဒီယာ ပေါ်မှာ တော်တော် လေး ကို ပျံ့ နေပါတယ်။
View this post on Instagram
View this post on Instagram
Um Ki-joon ရဲ့ ငယ်ငယ်က ပုံကို မြင်ပြီး အမျိုးသမီး ပရိသတ်တွေ က..ငယ်ငယ် တုန်းက ချော တာပဲ၊ဒီပုံကို မြင်တော့ Idol ပုံလို့ တောင် ထင် နေတာ၊ဇာတ်ကားထဲမှာ သူ့ကို မုန်း တယ် အခုတော့ သူ့ Fan ဖြစ်သွားပြီ။ငယ်ငယ်က အရမ်းချော တာပဲ…အစရှိ သဖြင့် အမျိုးမျိုး မှတ်ချက် ပေးခဲ့ကြပါတယ်။
View this post on Instagram
#AUNTYMAY