သူငယ်ချင်းတွေကြားမှာ ဘယ်တော့မှ ပြောဖို့မလိုအပ်တဲ့ အကြောင်းအရာများ

shutterstock/  Artem Varnitsin
Sponsored

သူငယ်ချင်းဆိုတာက ကိုယ်နဲ့ စိတ်တူကိုယ်တူဖြစ်သလို အချိန်အတိုင်းအတာတစ်ခုအထိ ရင်းနှီးလာခဲ့ကြတဲ့ သူတွေပါ။ တစ်ယောက်လိုအပ်တဲ့ အချိန်မှာ တစ်ယောက်က ဘေးနားက ရှိနေပေးခဲ့ပြီး တစ်ယောက်ရဲ့ အဆိုးအကောင်းတိုင်းကို တစ်ယောက်က အပြစ်မမြင်တတ်ကြတဲ့ အနီးစပ်ဆုံးနဲ့ စိတ်ချင်းအဆက်သွယ်နိုင်ဆုံး သူစိမ်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းအချင်းချင်း ဒီအရာတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ ပြောဖို့မလိုအပ်ပါဘူး။

ငွေရေးကြေးရေး

shutterstock/djile

တကယ်တမ်းတော့ သူငယ်ချင်းတွေဆိုတာ တစ်ယောက်မှာရှိရင် တစ်ယောက်ကို ဝေမျှရင်း အတူတူ ဖြတ်သန်းလာခဲ့ကြတာ မဟုတ်လား။ ဒီအတွက်နဲ့တော့ သူငယ်ချင်းကြားမှာ ပိုက်ဆံဆိုတာက သိပ်အရေးမကြီးပါဘူး။ ငါ့မှာမရှိလည်း နင့်ဆီက ဝယ်ကျွေးသလို နင့်မှာမရှိလည်း ငါ့ဆီက လာစားဆိုသလိုပဲ ဘော်ဒါအချင်းချင်းကြားမှာ ငွေရေးကြေးရေးတွေဆိုတာ ပြောစရာကို မလိုတဲ့ အရာပါနော်။

အပြစ်တင်စကားတွေ

shutterstock/ Olena Chukhil
Sponsored

တစ်ခါတစ်လေမှာ ရန်ဖြစ်စကားများကြတဲ့ အခါတွေလည်း ရှိပေမယ့် ဒါက စိတ်ထဲက မပါပဲ ပြောဖြစ်လိုက်တာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းကောင်းတွေဆိုတာ တကယ့်ရည်ရွယ်ပြီး သူငယ်ချင်းထိခိုက်စေမယ့် စကားလုံးတွေကိုတော့ ဘယ်တော့မှ မပြောဖြစ်ကြပါဘူး။ သူငယ်ချင်းရဲ့ အပြစ်ကိုတောင် ကိုယ့်အပြစ်လုပ်ပြီး ခေါင်းခံပေးတတ်ကြတာတွေပဲ ရှိပါတယ်။ ဒီတော့ စစ်မှန်တဲ့ သူငယ်ချင်းတွေဆိုတာ ကိုယ့်သူငယ်ချင်းကို ဘယ်တော့မှ အပြစ်တင်စကားတွေ မဆိုတတ်ပါဘူး။

READ
မဟုတ်မခံစိတ်နဲ့ ကောင်မလေးတွေကို ချစ်မိရင် သိထားရမယ့် အချက်များ

တောင်းပန်စကားတွေ

shuttersotck/ Anatoliy Karlyuk

သူငယ်ချင်း အချင်းချင်းကြားမှာ နောက်ထပ်မလိုအပ်တဲ့ အချက်က တောင်းပန်မှုပါ။ သူငယ်ချင်းဆိုတာမျိုးက ဘယ်လောက်ပဲ အပြစ်တွေ လုပ်ထားပါစေ ခွင့်လွှတ်ပေးတတ်ကြတာဖြစ်ပြီး သူတို့ရဲ့  ခိုင်မြဲတဲ့ သံယောဇာဉ်တွေက ပြတ်ဖို့မလွယ်ကူလှပါဘူး။ ဒီတော့ သူငယ်ချင်းတွေကြားမှာ တောင်းပန်စကားပြောရတာမျိုးက မလိုအပ်ပါဘူးနော်။

မနာလိုမှုတွေ

shutterstock/ djile

သူငယ်ချင်းရဲ့ အဓိပ္ပါယ်က ခင်မင်တွယ်တာခြင်းနဲ့ ပွင့်လင်းခိုင်မာတဲ့ ချစ်ခြင်းတွေကို ဆိုလိုတာပါ။ ဒီတော့ ကိုယ့်သူငယ်ချင်း ကောင်းစားရင် ကိုယ်ကတောင် ထပ်တူထပ်မျှ ပျော်ရွှင်တတ်ကြတာဟာ သူငယ်ချင်းကောင်းတွေဆီမှာ တွေ့ရတတ်တဲ့ အချက်ပါနော်။ သူ ငါ့ထက် သာနေလို့ဆိုပြီး မနာလိုစိတ်မျိုး လုံးဝမရှိသလို သူငယ်ချင်းတွေကြားမှာ မနာလိုမှုဆိုတာလည်း သုံးစရာတောင်မလိုတဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။ ဒါက စစ်မှန်တဲ့ သူငယ်ချင်းတွေကြားမှာ မလိုအပ်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

READ
ခရီးသွားနေချိန်မှာတောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နိုင်မယ့် နည်းလမ်းတွေ

Khin

sponsored