ပုိက္ဆံမရွိလုိ႔အိမ္ေဖာ္သြားလုပ္ကာမွ ကာတာမွာေက်ာက္ကပ္ခုိးခံခဲ့ရတဲ့အမ်ဳိးသမီး

Sponsored

(Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

အေရွ႕အလယ္ပုိင္းေဒသ ကၽြန္းဆြယ္ ႏုိင္ငံ တစ္ႏုိင္ငံ ျဖစ္တဲ့ ကာတာ ႏုိင္ငံတြင္ အမ်ဳိးသမီးတစ္ေယာက္ဟာ မိသားစုကုိေထာက္ပံ့ရန္အတြက္ အိမ္ေဖာ္အျဖစ္ အလုပ္လာလုပ္ရင္း ေနာက္ဆုံးမွာ အလုပ္ျပဳတ္သြားရုံသာမက ေက်ာက္ကပ္ပါအခုိးခံလုိက္ရတဲ့ ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။

Sponsored

ထုိအမ်ဳိးသမီးဟာ အင္ဒုိနီးရွားႏုိင္ငံ လြန္ေဘာ့ ျမိဳ႕ (Lombok)သူတစ္ေယာက္ျဖစ္ျပီး သူမရဲ႕ ႏုိင္ငံရွိ ေအဂ်င္စီမွ တဆင့္ ကာတာႏုိင္ငံတြင္ အိမ္ေဖာ္အျဖစ္ လုပ္ကုိင္ဖုိ႕ အလုပ္ေလွ်ာက္ခဲ့တာ ျဖစ္တယ္ လုိ႕သိရပါတယ္။ဆီရီ ရာဘီတက္ (Sri Rabitah ) ေနာက္ဆုံးမွာ ကာတာႏုိင္ငံ ဒုိဟာ ျမိဳ႕ရွိ ပါလက္စတုိင္း မိသားစု တစ္ခုထံတြင္ အိမ္ေဖာ္ အလုပ္ကုိရသြားခဲ့ပါတယ္။

ဒါေပမဲ့ ရာဘီတက္ရဲ႕ အလုပ္ရွင္ေတြဟာ ရာဘီတက္ရဲ႕ ေဆးစစ္ခ်က္ကုိေတြကုိ မယုံသကၤာနဲ႕ ေသခ်ာစစ္ေမးခဲ့ျပီး ကာတာကုိ ေရာက္ေတာ့လည္း ရာဘီတက္မွာ ကူးစက္ေရာဂါမ်ားရွိမရွိ ဆရာ၀န္ဆီ ေခၚသြားျပီး ေသခ်ာ စစ္ေဆးခဲ့ပါတယ္။ထုိအခါမွာ ဆရာ၀န္က အိမ္ရွင္ေတြကုိ ရာဘီတက္ဟာ ဖ်ားနာေနပုံရျပီး ေဆးတစ္ခ်ဳိ႕ထုိးရမွာ ျဖစ္တယ္ လုိ႔ေျပာခဲ့ပါတယ္။ထုိေၾကာင့္ ဆရာ၀န္က ရာဘီတက္ကုိ ေဆးထုိးေပးခဲ့ျပီး ေဆးရုံကုတင္ေပၚမွာ လွဲအိပ္ခုိင္းခဲ့ပါတယ္။လွဲအိပ္ခဲ့ျပီးေနာက္ရာဘီတက္ဟာ သတိေမ့သြားခဲ့ျပီး ျပန္လည္ႏုိးလာတဲ့ အခ်ိန္မွာ ေက်ာဘက္မွာ ဒဏ္ရာတစ္ခုနဲ႕ ႏုိးလာခဲ့ပါတယ္။ဘာေၾကာင့္ ဒဏ္ရာရခဲ့တာလဲလုိ႕ သူ႕ရဲ႕ အလုပ္ရွင္ေတြကုိ ေမးတဲ့ အခါမွာလည္း အလုပ္ရွင္မ်ားက မရွင္းျပခဲ့ဘူး လုိ႕ဆုိပါတယ္။

ရာဘီတက္ဟာ ဒီလုိနဲ႕ အလုပ္လုပ္ေနခဲ့ရျပီး တစ္ေန႕မွာ သူမရဲ႕ ဆီးထဲမွာ ေသြးမ်ားကုိ ျမင္ခဲ့ရလုိ႕ စုိးရိမ္သြားခဲ့ေပမဲ့ အလုပ္ရွင္မ်ားက ေဆးရုံသုိ႕ ေခၚေပးရမဲ့ အစား ေအဂ်င္စီ သုိ႕ ျပန္သြားကာ ရာဘီတက္ဟာ ေတာ္ေတာ္က်န္းမာေရး မေကာင္းတဲ့ အတြက္ အလုပ္မလုပ္ႏုိင္ေၾကာင္းေျပာဆုိခဲ့ပါတယ္။ထုိေၾကာင့္ ေအဂ်င္စီဟာ ရာဘီတက္ကုိ ျပန္လည္ေခၚျပီီး ေနာက္ထပ္ အလုပ္သမားတစ္ေယာက္နဲ႕ အစားထုိးေပးခဲ့ပါတယ္။

READ
အလုပ္ေျပာင္းခ်င္ရင္ ဒီအခ်က္ေလးေတြကို ႀကိဳတင္ျပင္ဆင္ပါ

အင္ဒုိနီးရွားကုိ ရာဘီတက္ ျပန္ေရာက္တဲ့အခါမွာ သူမရဲ႕ ေနာက္ေက်ာ ေအာက္ဘက္ပုိင္းက ခဏခဏ နာက်င္ေနတဲ့အတြက္ဆရာ၀န္နဲ႕ျပသခဲ့ျပီးေနာက္ ဆရာ၀န္က ရာဘီတက္ရဲ႕ ေနာက္ေက်ာ နာေနရျခင္းအေၾကာင္းဟာ ညာေက်ာက္ကပ္ဟာ မရွိေတာ့ဘဲ ထုိေနရာမွာ ျပြန္ေလးတစ္ခုနဲ႕ အစားထုိးထားခဲ့တဲ့အတြက္ နာေနရျခင္းျဖစ္တယ္ လုိ႕ဆိုခဲ့ပါတယ္။ရာဘီတက္ဟာ ကာတာႏုိင္ငံက ျပန္ေရာက္လာတာ ၃ ႏွစ္ရွိေနေပမဲ့ သူမဟာ ကာတာႏုိင္ငံက အလုပ္ရွင္ေတြကုိ တရားစြဲလုိ႕ရႏုိင္မလားဆုိတာစုံစမ္းေနျပီး အင္ဒုိနီးရွား အစုိးရက လုိက္လံ ေဆာင္ရြက္ေပးဖုိ႕ ၾကဳိးစားေနတယ္ လုိ႕သိရပါတယ္။

Slash (auntymay)

Ref : Rach Feed


[Unicode Version]

 ပိုက်ဆံမရှိလို့အိမ်ဖော်သွားလုပ်ကာမှ ကာတာမှာကျောက်ကပ်ခိုးခံခဲ့ရတဲ့အမျိုးသမီး

အရှေ့အလယ်ပိုင်းဒေသ ကျွန်းဆွယ် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ကာတာ နိုင်ငံတွင် အမျိုးသမီးတစ်ယောက်ဟာ မိသားစုကိုထောက်ပံ့ရန်အတွက် အိမ်ဖော်အဖြစ် အလုပ်လာလုပ်ရင်း နောက်ဆုံးမှာ အလုပ်ပြုတ်သွားရုံသာမက ကျောက်ကပ်ပါအခိုးခံလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

ထိုအမျိုးသမီးဟာ အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ မြို့ (Lombok)သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ နိုင်ငံရှိ အေဂျင်စီမှ တဆင့် ကာတာနိုင်ငံတွင် အိမ်ဖော်အဖြစ် လုပ်ကိုင်ဖို့ အလုပ်လျှောက်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။ဆီရီ ရာဘီတက် (Sri Rabitah ) နောက်ဆုံးမှာ ကာတာနိုင်ငံ ဒိုဟာ မြို့ရှိ ပါလက်စတိုင်း မိသားစု တစ်ခုထံတွင် အိမ်ဖော် အလုပ်ကိုရသွားခဲ့ပါတယ်။

ဒါပေမဲ့ ရာဘီတက်ရဲ့ အလုပ်ရှင်တွေဟာ ရာဘီတက်ရဲ့ ဆေးစစ်ချက်ကိုတွေကို မယုံသင်္ကာနဲ့ သေချာစစ်မေးခဲ့ပြီး ကာတာကို ရောက်တော့လည်း ရာဘီတက်မှာ ကူးစက်ရောဂါများရှိမရှိ ဆရာဝန်ဆီ ခေါ်သွားပြီး သေချာ စစ်ဆေးခဲ့ပါတယ်။ထိုအခါမှာ ဆရာဝန်က အိမ်ရှင်တွေကို ရာဘီတက်ဟာ ဖျားနာနေပုံရပြီး ဆေးတစ်ချို့ထိုးရမှာ ဖြစ်တယ် လို့ပြောခဲ့ပါတယ်။ထိုကြောင့် ဆရာဝန်က ရာဘီတက်ကို ဆေးထိုးပေးခဲ့ပြီး ဆေးရုံကုတင်ပေါ်မှာ လှဲအိပ်ခိုင်းခဲ့ပါတယ်။လှဲအိပ်ခဲ့ပြီးနောက်ရာဘီတက်ဟာ သတိမေ့သွားခဲ့ပြီး ပြန်လည်နိုးလာတဲ့ အချိန်မှာ ကျောဘက်မှာ ဒဏ်ရာတစ်ခုနဲ့ နိုးလာခဲ့ပါတယ်။ဘာကြောင့် ဒဏ်ရာရခဲ့တာလဲလို့ သူ့ရဲ့ အလုပ်ရှင်တွေကို မေးတဲ့ အခါမှာလည်း အလုပ်ရှင်များက မရှင်းပြခဲ့ဘူး လို့ဆိုပါတယ်။

READ
သီခ်င္းနားေထာင္ရင္း Eng Skill တက္ေအာင္ ဘယ္လုိလုပ္မလဲ..?

ရာဘီတက်ဟာ ဒီလိုနဲ့ အလုပ်လုပ်နေခဲ့ရပြီး တစ်နေ့မှာ သူမရဲ့ ဆီးထဲမှာ သွေးများကို မြင်ခဲ့ရလို့ စိုးရိမ်သွားခဲ့ပေမဲ့ အလုပ်ရှင်များက ဆေးရုံသို့ ခေါ်ပေးရမဲ့ အစား အေဂျင်စီ သို့ ပြန်သွားကာ ရာဘီတက်ဟာ တော်တော်ကျန်းမာရေး မကောင်းတဲ့ အတွက် အလုပ်မလုပ်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်။ထိုကြောင့် အေဂျင်စီဟာ ရာဘီတက်ကို ပြန်လည်ခေါ်ပြီီး နောက်ထပ် အလုပ်သမားတစ်ယောက်နဲ့ အစားထိုးပေးခဲ့ပါတယ်။

အင်ဒိုနီးရှားကို ရာဘီတက် ပြန်ရောက်တဲ့အခါမှာ သူမရဲ့ နောက်ကျော အောက်ဘက်ပိုင်းက ခဏခဏ နာကျင်နေတဲ့အတွက်ဆရာဝန်နဲ့ပြသခဲ့ပြီးနောက် ဆရာဝန်က ရာဘီတက်ရဲ့ နောက်ကျော နာနေရခြင်းအကြောင်းဟာ ညာကျောက်ကပ်ဟာ မရှိတော့ဘဲ ထိုနေရာမှာ ပြွန်လေးတစ်ခုနဲ့ အစားထိုးထားခဲ့တဲ့အတွက် နာနေရခြင်းဖြစ်တယ် လို့ဆိုခဲ့ပါတယ်။ရာဘီတက်ဟာ ကာတာနိုင်ငံက ပြန်ရောက်လာတာ ၃ နှစ်ရှိနေပေမဲ့ သူမဟာ ကာတာနိုင်ငံက အလုပ်ရှင်တွေကို တရားစွဲလို့ရနိုင်မလားဆိုတာစုံစမ်းနေပြီး အင်ဒိုနီးရှား အစိုးရက လိုက်လံ ဆောင်ရွက်ပေးဖို့ ကြိုးစားနေတယ် လို့သိရပါတယ်။

Slash (auntymay)

Ref : Rach Feed

 

sponsored