နှစ်သစ်မှာ ကိုယ့်အတွက် အကျိုးရှိမယ့် plan လေးတွေကို ဒီလိုကြိုဆွဲကြမယ်

shutterstock/  oatawa
Sponsored

2020 နှစ်ကြီးက တကယ့်ကို ကိုးရိုးကားယားနိုင်လွန်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပေမယ့်လို့ လာမယ့် နှစ်သစ်ကိုတော့ အားလုံးက အရမ်းကို မျှော်လင့်ထားကြပါတယ်နော်။ ဒီလို မျှော်လင့်ထားတဲ့ နှစ်သစ်က ကိုယ့်အတွက် ပြီးပြည့်စုံတဲ့ နှစ်တစ်နှစ်ဖြစ်လာဖို့ ကြိုတင်ပြီး plan လေးတွေ ဆွဲထားကြရအောင်။ ဒီတော့ နှစ်သစ်မှာ ဘာတွေအတွက် ကြိုပြင်ဆင်ထားဖို့ လိုအပ်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ

shutterstock/ Marcos Castillo

နှစ်တစ်နှစ်ပြီးသွားတိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်သင့်ပါတယ်နော်။ ဒီနှစ်မှာ ကိုယ်ဘာတွေကို လုပ်ဆောင်နိုင်ခဲ့လဲ၊ ကိုယ်ဘယ်လိုအောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့လဲ၊ ဘာတွေမှာ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ခဲ့လဲ ဒါတွေကို သိနိုင်ဖို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြည့်ပါ။ ဒါက ဘာ plan မှာ မဆွဲခင်မှာ အရင်ဆုံး လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချက်လေးတွေ ဖြစ်ပါတယ်။

နှစ်သစ် goals ‌လေးတွေ ချမှတ်ပါ

Sponsored

နောက်တစ်ချက်ကတော့ နှစ်သစ်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ ကိုယ်ဘာတွေကို ဖြစ်အောင်လုပ်မယ်၊ ဘယ်လိုနေရာအထိ ရောက်အောင်သွားမယ် စသဖြင့် ပန်းတိုင်လေးတွေ ချမှတ်ထားပါ။ ဥပမာ – ဒီနှစ်သစ်မှာ ကိုယ့်အတွက် သီးသန့်တိုက်ခန်းလေး ရအောင်ဝယ်မယ်တို့၊ ကားလေး တစ်စီးဝယ်မယ်၊ ကိုယ်ပိုင် စီးပွါးရေးလေး စလုပ်ကြည့်မယ် စသဖြင့် သေးသေးလေးကအစ အကြီးကြီးတွေအထိ ကိုယ်လုပ်မယ်လို့ တွေးထားတာလေးတွေကို ချရေးထားလိုက်ပါ။

READ
ဟာဝိုင်အီမှာ အပန်းဖြေနေတဲ့ Kim Woo Bin နဲ့Lee Jong Sukတို့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်

ငွေကြေးကို ပိုစနစ်တကျ စီမံခန့်ခွဲမယ်

shutterstock/ Cookie Studio

လူတော်တော်များများရဲ့ အဓိကပြသနာက ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲဖို့ အားနည်းနေတာပါပဲ။ အထူးသဖြင့် လူငယ်တွေက လက်ထဲပိုက်ဆံရောက်သွားရင် ကိုယ်လိုချင်တာတွေကို သေချာမစဉ်းစားပဲ ဝယ်လိုက်မိတာပါပဲ။ နှစ်သစ်မှာတော့ ကိုယ့်စိတ်အလိုတစ်ခုတည်းမလိုက်ပဲ ငွေကြေးကို ပိုစနစ်တကျ စီမံခန့်ခွဲနိုင်အောင် ကြိုးစားကြမယ်။ ကိုယ်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသုံးစွဲမယ်၊ စုသင့်တာ စုမယ် ဆိုရင်တော့ နှစ်သစ်မှာ ငွေကြေးခက်ခဲမှုကို ဖြေရှင်းပြီးသား ဖြစ်စေမှာပါ။

ကိုယ့်ကိုယ်ကို ပြောင်းလဲမယ်

shutterstock/ MJTH

တစ်ချိန်လုံး သူများတွေအပေါ် မလိုအပ်ပဲ အားနာတတ်တဲ့ အကျင့်တွေ၊ ငြင်းဆိုဖို့ တွေဝေနေတတ်တဲ့ အကျင့်တွေ၊ အမြဲတမ်း ခေါင်းငုံခံနေတတ်တဲ့ အကျင့်တွေကို နှစ်သစ်မှာ ယူမလာသင့်တော့ပါဘူးနော်။ နှစ်သစ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတည်ဆောက်ကြမယ်၊ ငြင်းသင့်တာကို ငြင်းမယ်၊ ကိုယ့်ကိုယ်ကို သိမ်ငယ်အားငယ်နေတာမျိုးကို ဖျောက်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်လာအောင် ကြိုးစားကြည့်ကြမယ်။

READ
"ရာဇ၀င် ရိုင်းခဲ့သည် " Red Carpet Show မှာတွေ့ရတဲ့ အချစ်မျက်ဝန်းပိုင်ရှင်လေး

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်အောင် လုပ်ပါ

ခုခေတ်မှာ အင်တာနက်လေး သုံးတတ်ရုံနဲ့ ကိုယ့်အတွက် အကျိုးရှိတဲ့ အရာတွေကို အများကြီးလုပ်ဆောင်လို့ ရပါတယ်။ အွန်လိုင်းသုံးတဲ့အခါ facebook, instagram တို့လောက်ပဲ သုံးပြီး အချိန်ကုန်မနေပဲ ကိုယ့်အတွက် လေ့လာသင်ယူလို့ရမယ့် ပညာရပ်တွေကို အများကြဲီး သင်ယူလို့ရပါတယ်နော်။ ဒါကြောင့် အင်တာနက်ကို အကျိုးပိုရှိအောင် သုံးစွဲကြည့်ပါ။

ခရီးများများထွက်ပါ

shutterstock/frantic00

2020 မှာ ခရီးတွေမသွားလိုက်ရတာကို အတိုးချပြီး နှစ်သစ်မှာ ခရီးတွေများများ ထွက်ကြမယ်။ ခရီးထွက်ခြင်းက အတွေ့အကြုံကောင်းတွေနဲ့ သင်ခန်းစာကောင်းတွေကို ရရှိစေပါတယ်နော်။ မတူညီတဲ့ ပတ်ဝန်းကျင်သစ်တွေ၊ adventure တွေကို တွေ့ကြုံနိုင်ပြီး စိတ်ဖိစီးမှုတွေကို ပြေပျောက်ကာ ကိုယ့်ကို ပိုစိတ်ဓာတ်ခိုင်မာလာစေမှာ ဖြစ်ပါတယ်။ ဒီတော့ ခရီးတွေများများထွက်ပြီး ကိုယ့်ကိုယ်ကို ရှာဖွေကြည့်ပါ။ ဒါက နှစ်သစ်အတွက် ကြိုတင်ချမှတ်ထားသင့်တဲ့ အခြေခံ အချက်လေးတွေပဲ ဖြစ်ပါတယ်နော်။

Khin

sponsored