Stalker အမျိုးသမီး အပေါ် Nichkhun ရဲ့ တိုင်ကြားချက်ကို တရားရုံး ပယ်ချ

Image:IG/Nichkhun
Sponsored

Nichkhun က တော့ ထိုင်း- အမေရိကန် အဆိုတော်၊တေးရေး၊ရက်ပ်ပါ၊မင်းသား၊မော်ဒယ် တစ်ယောက်ပါ။လက်ရှိ မှာတော့ တောင်ကိုရီးယားမှာ အခြေစိုက်ပြီး အနုပညာအလုပ်တွေကို လုပ်နေပါတယ်။တောင်ကိုရီးယား အမျိုးသား အဆိုတော် အဖွဲ့  2PM ရဲ့ အဖွဲ့ ၀င်တစ်ယောက်ပါ။အနုပညာရှင်တိုင်း ကြုံ တွေ့ရတဲ့ Stalker ပြဿနာ ကို Nichkhun  လည်း ရင် ဆိုင် နေရပါတယ်။ဒီအ ကြောင်းကိုတော့ Zapzee မှာ ဖော်ပြထားပါတယ်။

Sponsored

ဘယ်လောက်ထိ စိတ်အနှောင့်အယှက် ဖြစ်နေလဲဆိုရင်တော့ သူ့ကို Stalk လုပ်နေတာကို ရပ်ပေး ဖို့ အတွက် တရား ရုံး ဆီကို တိုင်ကြားစာ တင်ပို့ ခဲ့ပါတယ်။ Stalker အမျိုးသမီးကို တားဝရမ်း ထုတ် ပေးဖို့ တောင်းဆို ခဲ့ပေ မယ့်လည်း Nichkhun ရဲ့ တောင်းဆို ချက်အ ပေါ် တရားရုံးက ပယ်ချ ခဲ့ပါတယ်။ Kim ဆိုတဲ့ အဲ့ဒီ အမျိုးသမီးကို ယာယီ ထိန်း သိမ်း ပေးဖို့ တရားရုံးကို တိုင်ကြား ခဲ့ပေမယ့်လည်း ဆိုးလ် ဗဟိုခရိုင် တရားရုံးက နေ ပယ်ချ ပစ်လိုက်တာပါ။

Kim ဆိုတဲ့ အဲ့ဒီအမျိုးသမီးကို စစ်ဆေးတဲ့ အခါမှာတော့ ထပ်ပြီး Nichkhun နောက်က နေ မလိုက် တော့ပါဘူး လို့ ပြော ခဲ့ ပါတယ်။ပြီးခဲ့တဲ့ သုံးလ အတွင်းမှာ လည်း တရားရုံးကို တိုင်ကြားထားသလို အလားတူ လုပ်ရပ်မျိုး  Kim ကကျူးလွန်ထား တယ်ဆိုတဲ့ သက်သေ မရှိ ကြောင်း၊ဒါကြောင့် နောက် နောင် မှာလည်း ဒီလို  လုပ်ရပ် ထပ် ကျူး လွန်မယ်ဆိုပြီး ပြောရ ခက်တယ်လို့ တရားရုံးဘက်က ပြောခဲ့ပါတယ်။ဒါပေမယ့် နောက်ပိုင်း Kim က Nichkhun ကို ထပ်ပြီး ဆက်သွယ် နှောင့်ယှက် လာ မယ် ဆိုရင် တော့ တရားရုံးဘက်ကနေ တားဝရမ်း ထုတ် ပေးလို့ ရနိုင် တယ်  လို့ လည်း တရားရုံး ဘက်က ပြောခဲ့ပါ သေးတယ်။

၂၀၂၀ ဇူလိုင် အစောပိုင်းတုန်းက Kim ဆိုတဲ့ အမျိုးသမီးကို တိုင်ကြား ထားခဲ့တာပါ။တရားရုံး အနေနဲ့ Kim ဘက်က နေ Nichkhun ကို မျက်နှာ ချင်းဆိုင် တွေ့ ဆုံဖို့ ကြိုး စားတာ၊ဖုန်း၊မက်ဆေ့ခ်ျ တွေကေ န ဆက်သွယ် ဖို့ လုပ်တာ တွေကို တားမြစ် တဲ့ အနေနဲ့ တားဝရမ်း ထုတ်ပေးဖို့ တိုင်ကြားခဲ့တာပါ။ JYP Entertainment က တော့ အဲ့ဒီ တုန်းက ဒီအမျိုးသမီး ကို ဥပဒေ နဲ့ အညီ အရေးယူ သွားမယ်လို့ ပြောခဲ့ပါတယ်။ဒီလို မျိုး ကြီး Stalk လုပ်နေတာ က အနုပညာရှင် ကို စိတ်ဖိစီး စေတယ် ဆိုပြီး ပြောခဲ့ပါတယ်။

#AUNTYMAY

sponsored