ချောကလက်ကိတ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းကောင်း

shutterstock/ Africa Studio
Sponsored

ချောကလက်လို့ပြောလိုက်တာနဲ့ မကြိုက်တဲ့လူ ရှိမယ်မထင်ပါဘူးနော်။ အိမ်မှာပဲ အလွယ်တကူလုပ်လို့ရပြီး အိအိမွှေးမွှေးလေးနဲ့ တကယ့်ကို စားကောင်းစေမယ့် ချောကလက်ကိတ်လေးဆိုရင်တော့ ကလေး၊ လူကြီးမကျန် အားလုံး အကြိုက်တွေ့ကြမှာပါ။ ဒီတော့ ကိုယ့်အိမ်မှာပဲ သန့်ရှင်းလတ်ဆတ်တဲ့ ဖုတ်စရာမလိုတဲ့ ချောကလက်ကိတ်လေး လုပ်စားနိုင်အောင်လို့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

shutterstock/Pinkyone

ထောပတ် (အရည်ပျော်ပြီး)၊ ချောကလက် 225g ၊ heavy cream 225g ၊ အုန်းနို့၊ ဆား၊ ကိုကိုးမှုန့် စတာတွေ လိုအပ်ပါတယ်။

လိုအပ်ချက်

Sponsored

ချောကလက်ကိတ်လုပ်တဲ့နေရာမှာ အဓိကက လုပ်မယ့် အိုးရွေးချယ်တတ်ဖို့ပါပဲ။ အရမ်းကြီး ကြီးတဲ့အိုးနဲ့ဆို အ ဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အရမ်းမထူ အရမ်းမကြီးတဲ့ အိုးကို ရွေးချယ်ရမှာဖြစ်ပြီး အနေတော်ဖြစ်မယ့် အိုးကို ရွေးချယ်သင့်ပါတယ်။ နောက်ပြီး အိုးရပြီဆိုရင် အိုးထဲကို ကိတ်လုပ်တဲ့အခါ အသုံးပြုတဲ့ စက္ကူကို ထည့်ထားပေးရမှာ ဖြစ်ပါတယ်။

READ
ဘယ်လောက်စိတ်ဆိုးနေပါစေ မိဘတွေကို ဘယ်တော့မှ မပြောသင့်တဲ့စကား (၇) ခွန်း

ပြုလုပ်နည်း

shutterstock/ Africa Studio

ပထမဆုံးအနေနဲ့ မီးအနေတော်လောက်ထားပြီ့း ချောကလက်တွေကို အရည်ပျော် ဆူပွက်လာအောင်ထိလုပ်ပေးရမှာ ဖြစ်ပါတယ်။ ချောကလက်တွေ အရည်ပျော်သွားပြီဆိုရင်တော့ တစ်ခြားတစ်ခုခုမှာ ပြောင်းထားလိုက်ပြီးတော့ ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို ရောပြီး cream ဖြစ်အောင် အပူပေးရမှာဖြစ်ပါတယ်။ အပူပေးနေစဉ်မှာ ဇွန်းနဲ့ မွှေပေးထားရမှာပါ cream ကတော်တော်လေး ပူလာပြီဆိုရင်တော့ မီးပိတ်လို့ ရပါပြီ။ ပြီးရင်တော့ နောက်ဆုံးကျန်တဲ့ ဆားကို ထည့်ပေးပြီး ဇွန်းနဲ့သေချာမွှေပေးလိုက်ပါ။ ပြီးသွားရင် ရလာတဲ့ cream ပေါ်ကို စောစောက ဖယ်ထားတဲ့ ချောကလက်ကို ဖြည်းဖြည်းချင်း လောင်းချပေးရမှာ ဖြစ်ပါတယ်။ သေချာလေး ချောမွေ့သွားအောင် လောင်းချပေးရမှာ ဖြစ်ပြီး အပေါ်ကလောင်းချလိုက်တဲ့ ချောကလက်နဲ့ cream ဟာတစ်သားတည်း ဖြစ်နေရပါမယ်။ ပြီးသွားရင်တော့ စောစောက ပြင်ဆင်ထားတဲ့ အိုးထဲကို လောင်းချပေးရမှာ ဖြစ်ပြီး အပေါ်ကနေ ပလက်စတစ် အကြည်ကို ဖုံးအုပ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ နာရီအနည်းငယ် သို့ တစ်ညလုံး ထားပေးရမှာပါ။

READ
သားသမီးကို ပြုစုပျိုးထောင်ရတဲ့ မိဘဖြစ်တဲ့သူတွေသာ နားလည်နိုင်မယ့် အရာလေးများ

နောက်ဆုံးမှာတော့ အရသာရှိလှတဲ့ ချောကလက်ကိတ်ကို ရပါပြီနော်။ အိုးထဲကနေ ချောကလက်ကိတ်လေးကို ထုတ်ပြီး ဆယ်မိနစ်လောက် ထားပြီးရင်တော့ အပေါ်က ကိုကိုးမှုန့်လေးဖြူးပြီး စားရုံပါပဲ။ ကိုယ့်အိမ်မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်လေး လုပ်စားကြည့်သင့်တာမို့ တစ်ခါလောက် စမ်းပြီးလုပ်ကြည့်ဖို့ ပြောချင်ပါတယ်။

Khin

 

sponsored