မိန်းကလေးမဆန်တတ်တဲ့ မိန်းကလေးတွေပဲ နားလည်တဲ့ ပတ်ဝန်းကျင်ရဲ့ အထင်လွဲမှုများ

Freepik- drobotdean
Sponsored

မိန်းကလေးဖြစ်နေတာတောင်မှပဲ တစ်စက်မှ မိန်းကလေးမဆန်တဲ့ ကောင်မလေးတွေရှိမလားမသိဘူး။ တကယ်တော့ ဒီလို မိန်းကလေးမဆန်တာဟာ လွတ်လွတ်လပ်လပ်ရှိပေမယ့်လို့ တစ်ဖက်မှာလည်း ကိုယ့်ရဲ့ လုပ်ယူမထားတဲ့ ပွင့်လင်းမှုတွေကြောင့် ပတ်ဝန်းကျင်ရဲ့ မျက်စိဆံပင်မွှေးစူးခြင်းကိုလည်း မဆီမဆိုင်ခံရပါသေးတယ်။ မိန်းကလေးမဆန်တတ်တဲ့ မိန်းကလေးတွေချင်းပဲ ကိုယ်ချင်းစာ နားလည်နိုင်မယ့် ပတ်ဝန်းကျင်ရဲ့ အထင်လွဲမှုတွေကတော့..

ယောက်ျားလေးသူငယ်ချင်းကိစ္စ

Sponsored

မိန်းကလေးမဆန်တဲ့အတွက်ကြောင့် အပေါင်းအသင်းဆိုတာလည်း ယောက်ျားလေး သူငယ်ချင်းတွေများတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒါကို ပတ်ဝန်းကျင်က ယောက်ျားလေးတရုံးရုံးနဲ့ သာယာနေတယ်တို့၊ ယောက်ျားလေးတွေကြားထဲမှာ တမင်နေချင်လို့ ဥာဏ်ဆင်တာတို့ စသဖြင့် ပြောတတ်ကြပါတယ်။ တကယ်တော့ အိညှောင်ညှောင်အမျိုးသမီးတွေနဲ့ စိတ်အဆင်မပြေတာ သူတို့မှမသိတာ။

Freepik- freepik

တမင်လုပ်ယူနေတယ်လို့ထင်ခြင်း

မိန်းကလေးမဆန်အောင် တမင်ကို လုပ်ယူနေတယ်ဆိုပြီး အထင်ခံရတာလည်း ဒုက္ခတစ်ခုပါပဲ။ ကိုယ့်ရဲ့ မူရင်းစိတ်ကိုက ကျွတ်ဆက်ဆက်နဲ့မလို့ စကားပြောတာကအစ ဘာပဲလုပ်လုပ် ပြတ်ပြတ်သားသားဖြစ်နေတာကိုက သဘာဝပါပဲ။

Freepik- wayhomestudio

ပွင့်လင်းတာကိုဘဝင်မကျခြင်း

ဒီလိုမိန်းကလေးအများစုဟာ ဘယ်အရာကိုမဆို စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောပြီး ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံတတ်ကြပါတယ်။ ဒါကို လူတွေတော်တော်များများက ဘယ်လိုမိန်းကလေးလဲဆိုပြီး အထင်သေးနှာခေါင်းရှုံ့ကြတတ်ပါသေးတယ်။

READ
ဘာမှမလုပ်လည်း တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားရတဲ့ အကြောင်းရင်း (၅) ချက်
Freepik- wayhomestudio

မိန်းကလေးချင်းအထင်လွဲမှားခြင်း

ခံရအခက်ဆုံးကတော့ မိန်းကလေးအချင်းချင်း အထင်လွဲတာကိုပါ။ သူက ကောင်လေးတွေရဲ့ အာရုံစိုက်တာကို ခံရဖို့အတွက် မိန်းကလေး မပီသအောင်နေတယ်တို့၊ သက်သက် ဟန်ဆောင်နေတာတို့ဆိုပြီး ကိုယ့်ကို ပစ်ပယ်ထားတတ်တာမျိုးတွေပေါ့။ တကယ်တော့ ကိုယ်တွေဟာ မိန်းကလေးတွေထဲက မိန်းကလေးပါပဲ။ မိန်းကလေးမဆန်တဲ့ အပြုအမူတွေပဲရှိတာ။ ကိုယ်တွေလည်း အလှကြိုက်တယ်၊ မိန်းကလေးတွေနဲ့ ပေါင်းသင်းတတ်တယ်၊ တစ်ခါတစ်လေမှာလည်း စိတ်အားငယ်တတ်တဲ့အချိန်တွေလည်းရှိပါတယ်။ ဒါကို လူတွေက နားမလည်ကြတာပါ။

Freepik- prostooleh

penny

sponsored