ကိုရီးယားမှာ တွေ့တဲ့သူတိုင်းက သူ့ကို Jimin လို့ခေါ်ပြီး နှုတ်ဆက်တယ်လို့ ဖွင့်ဟခဲ့တဲ့ Oli

[email protected], londonoli
Sponsored

BTS အဖွဲ့ဝင် Jimin ကိုကြိုက်လွန်းလို့ ခွဲစိတ်မှုပေါင်းများစွာပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား Oli London ကိုတော့ မှတ်မိကြမယ်ထင်ပါတယ် ။ Oli London  က တော့ BTS အဖွဲ့ ၀င် Jimin နဲ့ ရုပ် ချင်းတူ ချင်၊ Jimin လို ချောချင်ခဲ့တာပါ။ အရင်ဆုံး နှာခေါင်းကစပြီး သူ့ရဲ့ ပလတ်စတစ်ဆာဂျရီ ခရီးကြမ်းကို စခဲ့တာပါ။နှာခေါင်းပြီး တော့အသားအ ရေ၊မျက်လုံး.. အကုန် ပြင်ခဲ့ပါတယ် ။ နှာခေါင်း တစ်ခုတည်း တင်ပဲ ငါးကြိမ် ၊ပါးရိုးပြင်တာ၊မေးရိုး ခွဲတာ၊ မေး ကုတင် နှစ်ကြိမ် ခွဲစိတ်ခဲ့ဖူး ပါတယ်။

 

 

View this post on Instagram

 

10 Year Challenge. 100% natural #OliLondon #beforeandafter #Plasticsurgery

A post shared by Oli London (@londonoli) on

Sponsored

အခုလည်း Oli က  Crayon Pop အဖွဲ့ဝင် Way ရဲ့ Youtube channel မှာ အင်တာဗျူးတစ်ခုပြုလုပ်ခဲ့တဲ့အကြောင်းကို Koreaboo ကဖော်ပြထားပါတယ်။ ဒီအင်တာဗျူးမှာတော့ သူ့ရဲ့ဘ၀အကြောင်းတွေနဲ့ သူ့ကိုယ်ပိုင်အတွေးအမြင်တွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

READ
"မမ" တွေကို ချစ်မိရင် ဒီလိုကောင်းကွက်လေးတွေ ကြုံရမှာပါ..

 

 

View this post on Instagram

 

Dynamite 9 hours to go until BTS release their new single DYNAMITE. Who is excited? ‍♂️ #OliLondon #BTS #Dynamite #btsdynamite

A post shared by Oli London (@londonoli) on

ဒီဗီဒီယိုမှာ လူတိုင်းစိတ်ဝင်စားနေကြတဲ့ မေးခွန်းတစ်ခုကိုလည်း သူ့ကိုမေးမြန်းခဲ့ပါတယ်။ ဒါကတော့ Oli ကိုရီးယားကိုသွားတုန်းက လမ်းမှာတွေ့တဲ့သူတိုင်းက Jiminလို့ခေါ်ပြီး နှုတ်ဆက်တယ်လို့ကြားရတာ တစ်ကယ်လားဆိုပြီး မေးခဲ့တာပါ။

READ
မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုလေ့ရှိတဲ့ ပစ္စည်းတွေကို ဘယ်လောက်ကြာတိုင်းတစ်ခါ ဆေးသင့်လဲ

 

Oli က ဒီအဖြစ်အပျက်က တစ်ကယ်ပါလို့ေ ပြာပြခဲ့တာပါ။ ပြီးတော့ သူ့ကိုအဲ့လိုခေါ်ကြတာက နိုင်ငံခြားသားတွေမဟုတ်ပဲ ကိုရီးယားလူမျိုးစစ်စစ်တွေပါတဲ့။ သူကို အခုလို မှတ်မိကြတဲ့အတွက်လည်း အရမ်းစိတ်လှုပ်ရှားခဲ့ရပါတယ်တဲ့။ ဒီလိုမှတ်မိကြတာကလည်း Jimin နဲ့သူ့ရဲ့ပုံစံက ဆင်နေတာရယ်ကြောင့်နဲ့ တူအောင်ခွဲစိတ်တယ်ဆိုပြီး TV မှာခဏခဏပါခဲ့လို့ဖြစ်မယ်လို့သူကပြောပြခဲ့ပါတယ်။

#AuntyMay

sponsored