တစ်ဖက်သတ်အချစ်နဲ့ ချစ်မိတဲ့အခါ ထိခိုက်ခံစားရစေမယ့် အချက်တွေ

shutterstock/ tongtamamakero
Sponsored

တစ်ဖက်သတ်အချစ်ဆိုတာ ပူလောင်စေတဲ့ အရာပါ။ ကိုယ်ချစ်နေမှန်းကို တစ်စုံတစ်ယောက်က မသိပဲ ချစ်နေရတာဟာ အရမ်းကို ပင်ပန်းမွမ်းကျပ်စေပါတယ်။ တစ်ဖက်သတ်အချစ်နဲ့ ချစ်မိတာကြောင့် ကိုယ့်ကိုယ် ဒီလိုအချက်တွေ ခံစားလာရစေပါတယ်နော်။

ကိုယ့်ကိုယ်ကို နှိပ်စက်နေသလို ဖြစ်စေတယ်

shutterstock/Artem Ermilov

ကိုယ်ချစ်နေတာကို တစ်စုံတစ်ယောက်က မသိတဲ့ ခံစားမှုမျိုးက တကယ့်ကို ပင်ပန်းရစေပါတယ်။ တစ်စုံတစ်ယောက်ကို တစ်ဖက်သတ်အချစ်နဲ့ ချစ်မိတဲ့အခါ အဲဒီ့လူရဲ့ အပြုအမူတစ်ချို့ကြောင့် ကိုယ်နာကျင်ကောင်း နာကျင်ရမယ်၊ တစ်ခြားတစ်ယောက်ယောက်နဲ့များ ချစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ကြီးက တစ်ချိန်လုံး ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို နှိပ်စက်နည်းတစ်မျိုးပါပဲ အရမ်းကို စိတ်ပင်ပန်းလူပင်ပန်း ဖြစ်စေတဲ့ အချစ်မျိုး ဖြစ်ပါတယ်။

အချိန်မရွေး အသည်းကွဲနိုင်တယ်

Sponsored

တစ်ဖက်သတ်အချစ်နဲ့ ချစ်မိရင်တော့ အသည်းကွဲဖို့ဆိုတာ ရာခိုင်နှုန်းအတော်များပါတယ်။ ကိုယ်ချစ်နေတဲ့ တစ်စုံတစ်ယောက်က အချိန်မရွေး သူချစ်တဲ့နောက်တစ်ယောက် တွေ့သွားနိုင်လို့ပါပဲ။ ကိုယ်တိတ်တိတ်လေး ချစ်နေမိတဲ့သူ တစ်ခြားတစ်ယောက်နဲ့ ကြိုက်သွားရင်တော့ အသည်းကွဲခြင်းကိုပဲ ပိုင်ဆိုင်ခွင့်ရမှာပါ။ ဒါက အရမ်းကို ခံရခက်ပြီး ကိုယ့်ရဲ့အချစ်ကိုတောင် မထုတ်ပြလိုက်နိုင်ခင်မှာ နာကျင်မှုကိုပဲ ခံစားရတတ်ပါတယ်နော်။

READ
ဥာဏ်ပညာရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ ဒီအချက်(၅)ချက်ကို သင်ယူသင့်ပါတယ်

ကိုယ့်ယုံကြည်မှုကို တဖြည်းဖြည်း ဖျက်စီးပစ်တတ်တယ်

shutterstock/Photographee.eu

တစ်စုံတစ်ယောက်ကို တစ်ဖက်သတ်ချစ်မိရာကနေ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးလာတတ်ပါတယ်။ ငါ့ကိုဘာလို့ သူစိတ်မဝင်စားတာလဲ၊ ငါရုပ်ဆိုးနေလို့လား၊ ငါ့မှာလိုအပ်ချက်တွေ များနေလို့လား စသဖြင့် မေးခွန်းတွေက သင့်ကို တဖြည်းဖြည်း တိုက်စားလာတတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်းကို ရောက်လာတတ်တာပါပဲ။

အသွားရှိပြီး အပြန်မရှိတဲ့အရာ

ကိုယ်ချစ်နေမိတဲ့အကြောင်းကို ထုတ်ဖော်မပြတတ်ရင်တော့ ဒီတစ်သက် သူ့အချစ်ကို ရနိုင်ဖို့ မသေချာတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ပေးဆပ်ဆပ်၊ ကိုယ်က ဘယ်လောက်ပဲ ချစ်ချစ် သူ့ဆီက တူညီတဲ့ ချစ်ခြင်းမျိုး လာလိမ့်မယ်လို့ တွေးထင်မနေပါနဲ့။ ကိုယ်ပေးသလောက် ပြန်မရနိုင်တဲ့ အချစ်မျိုးဖြစ်ပြီး အသွားသာရှိပြီး အပြန်မရှိတဲ့ အရာဖြစ်ပါတယ်။ ဒီလို အခြေအနေက အရမ်းကို စိတ်ပင်ပန်း မွမ်းကျပ်ရဆုံး အချိန်ပါပဲ။ ဒါကြောင့် တစ်ဖက်သတ်အချစ်နဲ့ ချစ်မိတဲ့အခါ ကိုယ့်ရဲ့အချစ်ကို သူရိပ်မိအောင်လောက်တော့ ထုတ်ဖော်ပြတတ်ဖို့ လိုအပ်ပါတယ်။

READ
သူ့မှာ ချစ်သူရှိနေတယ်ဆိုတာ ရိပ်မိသိရှိနိုင်စေမယ့် အချက်များ

Khin

sponsored