အသက်အရွယ်ကိုလိုက်ပြီး လူတွေရဲ့ ကိုယ်သင်းရနံ့ ပြောင်းလဲလာရခြင်း အကြောင်းအရင်းများ

shutterstock/  Roman Samborskyi
Sponsored

လူတွေရဲ့ အသက်အရွယ်ကိုလိုက်ပြီး ခန္ဓာကိုယ်ရဲ့ အနံ့ကလည်း ပြောင်းလဲမှု ရှိပါတယ်နော်။ ခန္ဓာကိုယ်ကနေထွက်တဲ့ ကိုယ်သင်းရနံ့ဟာ အသက်အရွယ်ပေါ်မူတည်ပြီး အမြဲတမ်း ပြောင်းလဲနေတတ်တာဟာ ကျန်းမာရေး၊ ဆေးဝါးတွေ၊ ဝိတ်ချတဲ့ နည်းလမ်းတွေ၊ ဟော်မုန်းအပြောင်းအတွေအပြင် တစ်ခြားသော အကြောင်းအရာများစွာနဲ့ သက်ဆိုင်နေပါတယ်။ ဒီတော့ ကိုယ်သင်းရနံ့ပြောင်းလဲလာရခြင်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်။

နေထိုင်မကောင်းဖြစ်မှုတွေ

shutterstock/New Africa

အသက်အရွယ်ကြီးလာတာနဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကလည်း ပိုပိုများလာတတ်ပါတယ်။ တစ်ချို့သော ဆီးချိုတို့လို ရောဂါမျိုးတွေက ခန္ဓာကိုယ်အနံ့ကို ပြောင်းလဲစေပါတယ်။ ဆီးချိုဖြစ်နေတဲ့ သူတွေရဲ့ ခန္ဓာကိုယ်မှာ ketone ဓာတ်မြောက်မြားစွာ ဖွဲ့စည်းလာတဲ့အတွက် သစ်သီးနံ့လို ချိုမြတဲ့ အနံ့မျိုးကို ထုတ်ပေးပါတယ်။

အိုမင်းရင့်ရော်လာတဲ့ အသားအရေ

shutterstock/ goodluz
Sponsored

အသက်ကြီးလာတဲ့အချိန်မှာ အသားအရေဟာ fatty acids များလာတတ်ပြီး ဒါကို တော်တော်များများက လူအိုနံ့ဆိုပြီး ခေါ်လေ့ရှိတဲ့ အနံ့မျိုးကို ရရှိလာတတ်ပါတယ်။ ဒီ fatty acids ဟာ လေနဲ့ထိတွေ့တဲ့အချိန်မှာ ပိုပြင်းစေပြီး ချဉ်နံ့လို၊ ဓတ်ငွေ့နံ့လိုမျိုးနဲ့ ကျိချွဲတဲ့ အနံ့လိုမျိုးကို ရရှိပြီး ဒါကို လူအိုနံ့လို ခေါ်ကြတာ ဖြစ်ပါတယ်။

READ
အချစ်အရမ်းကြီးတဲ့အပြင် အချစ်ကိုမထိန်းချုပ်တတ်သေးတဲ့ မိန်းကလေးတွေရဲ့ ခံစားချက်

ဝိတ်ထိန်းတဲ့ ပုံစံ ပြောင်းလဲလာမှု

shutterstock/ Nina Buday

အသား၊ ငါးတွေ၊ အစပ်တွေက ခန္ဓာကိုယ်က ထွက်တဲ့ ချွေးတွေအဖြစ် ပြိုကွဲသွားတဲ့အခါ အနံ့ပြင်းတဲ့ ချွေးနံ့တွေဖြစ်သွားတတ်ပါတယ်။ နောက်တစ်ချက်က ရေသောက်တဲ့ ပမာဏကိုလိုက်ပြီး ခန္ဓာကိုယ်ရဲ့ အနံ့ဟာ ပြောင်းလဲတတ်ပါတယ်။ ရေဓာတ်နည်းတဲ့အချိန်မှာ ခြောက်သွေ့တဲ့ ခံတွင်းက ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာဖြစ်လာပြီး ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပေါ်လာစေပါတယ်။

ဟော်မုန်း အပြောင်းအလဲ

shutterstock/pathdoc

ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေဟာ မကြာခဏ ပြောင်းလဲနေတတ်ပါတယ်။ ဥပမာ – အမျိုးသမီးတွေမှာ ရာသီစက်ဝန်းအချိန်နဲ့ သွေးဆုံးတဲ့အချိန်တွေမှာ ဟော်မုန်းပြောင်းလဲခြင်း ဖြစ်ပေါ်ကြပါတယ်။ နောက်ပြီး လူတွေမှာ အရွယ်ရောက်ချိန်နဲ့ စိတ်ဖိစီးမှုတွေ များတဲ့အချိန်ကိုလိုက်ပြီးလည်း ကိုယ်သင်းရနံ့ဟာ ပြောင်းလဲတတ်ပါတယ်။

Khin

sponsored