ဇနီးဖြစ်သူ အလိုကျ ကြော်ငြာ အတူတူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဏကြီး

Image:Fb/Paing Phyoe Thu
Sponsored

သရုပ်ဆောင်မင်းသမီးချောလေး ပိုင်ဖြိုးသု နဲ့ သူမရဲ့ ခင်ပွန်း ဒါရိုက်တာ ဏကြီး တို့ ကတော့ ပရိသတ် အရမ်းအားကျ ရတဲ့ ဆယ်လီ  စုံတွဲလေးပါ။ အချစ်တွေ၊ အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက် ထားတဲ့ အိမ် ထောင်ရေး ဆိုတာကိုတော့ ကြည့်လိုက်တာနဲ့ အရမ်းကို သိသာပါတယ်။ ပိုင်ဖြိုးသုရဲ့ ဆိုးချင်တိုင်းဆိုး သမျှ တွေ ကို ဒါရိုက်တာ ဏကြီး က သည်းခံခွင့်လွှတ်ပြီး ချစ်ပေးတာကိုလည်း တွေ့ရပါတယ်။

Image:Fb/Paing Phyoe Thu
Image:Fb/Paing Phyoe Thu

မင်းသမီးကို ဇနီးတော်ထားတဲ့ ဒါရိုက်တာဏကြီးကတော့ အခုဆိုရင် ဇနီးအလိုကျ ကြော်ငြာ အတူတူ ရိုက်ကူး ပေးခဲ့ပါတယ်။ ဒါရိုက်တာ အနေနဲ့ မဟုတ်ပဲ  ဇနီးဖြစ်သူနဲ့ အတူ တွဲပြီး သရုပ်ဆောင် အနေနဲ့ ကြော်ငြာ အတူရိုက်ပေးခဲ့တာပါ။  ကြော်ငြာ အတူရိုက်ဖို့ အတွက် ခင်ပွန်း ဖြစ်သူကို  အရမ်းတွေ ချော့ ခဲ့ရတယ်လို့ လည်း ပိုင်ဖြိုးသုက သူမရဲ့ Fb မှာ ပြောထားပါတယ်။

READ
ရေကျော်ပွဲဈေးမှာ လျှောက်လည်ခဲ့တဲ့ အေးမြတ်သူ
Image:Fb/Paing Phyoe Thu
Image:Fb/Paing Phyoe Thu
Sponsored

“ဦးရေခဲကြီးနှင့် ကြော်ငြာရိုက်ကွင်းလေးတစ်ခု ကြော်ငြာလေးထွက်လာရင်အားပေးနော်
အောင်မလေး….ဦးရေခဲကြီးကိုကြော်ငြာတစ်ခုရိုက်ဖို့အရေးမနည်းချော့ယူရတယ် သိပ်ဈေးကိုင်တဲ့မင်းသား MUA – Jessica Han Photo – Ria Bo Vich…” ဆိုၿပီး ပိုင်ဖြိုးသုက သူမရဲ့ Fb မှာ ဖော်ပြထားပါတယ်။

Image:Fb/Paing Phyoe Thu
Image:Fb/Paing Phyoe Thu

ပိုင်ဖြိုးသုနဲ့ ဒါရိုက်တာ ဏကြီးတို့ ကတော့ ချစ်သူသက်တမ်း(၄)နှစ်ကျော် မှာ လက်တွဲခဲ့တာပါ။ သူတို့နှစ်ဦးရေဲ့ စေ့စပ်ပွဲကိုတော့ (၂၀၁၈)ဇွန်လ (၂၁ )ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟို တယ် မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ (2019)ခုနှစ်ရဲ့ နှစ်စ ဇန်န၀ါရီ(၁)ရက်နေ့က ရန်ကုန်မြို့ ၊ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာဦးအလှူ အနေနဲ့ကတော့ စက်အဖွဲ့သားတွေ ကိုဆန်နဲ့ဆီတွေ လှူဒါန်း ခဲ့ပါတယ်။ သူတို့နှစ်ယောက်အတူတူ မီ ရုပ်ရှင်ဇာတ်ကားကိုလည်း ဖန်တီးခဲ့ကြပြီး၊ မီ ကလည်း ပြည်ပအထိပါ  အောင်မြင်မှု ရခဲ့တဲ့ ဇာတ်ကား ကောင်းလေး ဖြစ်ခဲ့ပါတယ်။

Image:Fb/Paing Phyoe Thu

Source:Fb/Paing Phyoe Thu

sponsored