ရည်းစားမရှိဘဲ Feel နေတာပါလို့ ပရိသတ်တွေကို အသိပေးလိုက်တဲ့ ပိုင်တံခွန်

Sponsored

မော်ဒယ်တစ်ယောက်အဖြစ်သာမက သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားဆောင်ရွက်ေနတဲ့သူတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသဲကျော်မင်းသား တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ အချစ်အကြောင်းနဲ့ ပတ်သတ်တဲ့ စာသားတွေကို အမြဲတင်လေ့ရှိတဲ့ ပိုင်တံခွန်ကတော့ ဒီကနေ့မှာ ရည်းစားမရှိဘဲ Feel နေတဲ့အကြောင်းကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပါတယ်။

Sponsored

ပိုင်တံခွန်က “ရည်းစားမရှိလည်း feel နေရတာ ကိုယ့်မှာ အလုပ်တခု” ဆိုတဲ့ စာသားလေးရေးပြီး ဓါတ်ပုံတင်ထားတာဖြစ်ပါတယ်။  “ချစ်ပါတယ် ကျနော်လည်း ပရိတ်သတ်ထက် ပိုပြီး ချစ်စရာလည်း မတွေ့သေးပါဘူး တွေ့ရင်လည်းတဝက် တဝက်ချစ်မှာပါ” လို့လည်း သူ့ရဲ့ ပရိသတ်တွေကို ပြောထားပါသေးတယ်။

ပိုင်တံခွန်ကတော့ သူ့ရဲ့ ချစ်ပရိသတ်တွေကို စကားချိုချိုလေးတွေနဲ့ ချုပ်လိုက်ပြန်ပါပြီနော်။

Source: Paing Takhon

sponsored