မိဖတွေ သားသမီးတွေအပေါ် ဘယ်တော့မှ မလုပ်သင့်တဲ့ အရာလေးတွေ

shutterstock/VGstockstudio
Sponsored

မိဖဆိုတိုင်းလည်း မှန်ကန်တဲ့ လုပ်ရပ်တွေချည်းပဲ လုပ်နေမယ်လို့တော့ တပ်အပ်ပြောလို့ မရပါဘူး။ တစ်ခါတစ်လေမှာ မိဖဆိုတာလည်း သားသမီးအပေါ် မလုပ်သင့်တဲ့ လုပ်ရပ်တွေ လုပ်မိတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီအချက်တွေက သားသမီးတွေကို ထိခိုက်စေတဲ့အတွက် မိဖတွေအနေနဲ့ ဒါလေးတွေကို ဆင်ခြင်သင့်ပါတယ်။

ဆဲရေးတိုင်းထွာတာ

shutterstock/Olena Yakobchuk

သားသမီးတွေရဲ့ လက်ဦးဆရာက မိဖတွေပါ ဒီတော့ မိဖတွေဟာ သားသမီးတွေရဲ့ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီတော့ ကိုယ်က မိဖတစ်ယောက်အနေနဲ့ မဆင်ခြင်ပဲ ဆဲရေးတိုင်းထွာနေမယ်၊ နားမခံသာတဲ့ စကားလုံးတွေနဲ့ ဆဲဆိုရိုင်းစိုင်းနေမယ်ဆိုရင် ဒီကလေးဟာ သေချာပေါက် ဆဲဆိုရိုင်းစိုင်းတတ်တဲ့ ကလေးတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်ခြင်သင့်ပါတယ်နော်။

နှိုင်းယှဉ်တာ

shutterstock/ Yuganov Konstantin
Sponsored

သားသမီးအချင်းချင်းပဲဖြစ်ဖြစ်၊ ကိုယ့်သားသမီးကို တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်တာပဲ ဖြစ်ဖြစ် မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သားသမီးတွေကို ပိုသိမ်ငယ်ခံစားရစေပါတယ်။ ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် သွန်သင်ဆုံးမပေးသင့်ပါတယ်။ မင်းကတော့ ဘာမှသုံးစားမရဘူး ဟိုတစ်ယောက်ဆို ဘယ်လိုတော်တာ စသဖြင့် ပြောဆိုတာတွေ တွေ့ဖူးပါတယ်။ ဒါဟာ မှားယွင်းတဲ့ ဆုံးမနည်းတစ်ခုပါ။

READ
ဘဝမှာ တစ်ခါလောက်တော့ အမေနဲ့အတူ လုပ်ကြည့်သင့်တဲ့ အမှတ်တရလေးတွေ

အိမ်တွင်းရန်ပွဲတွေ

shutterstock/ Party people studio

သားသမီးတွေ စိတ်ညစ်ရဆုံးက မိဖတွေ ဒါမှမဟုတ် အိမ်တွင်းတိုက်ပွဲတွေကိုပါ။ ကိုယ်လေးစားချစ်ခင်ရတဲ့ မိဖတွေက ဆဲဆိုအော်ဟစ် သောင်းကျန်းတာတွေ လုပ်နေခဲ့ရင် သားသမီးတွေက တကယ့်ကို စိတ်ဆင်းရဲရသလို စိတ်ဒဏ်ရာလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် သားသမီးတွေရှေ့မှာ စကားများ ရန်ဖြစ်တာမျိုး မလုပ်ပါနဲ့။

လိုက်လျူရှုမှုတွေ

shutterstock/ Ilya Andriyanov

ကလေးတွေဆိုတာ မိဖတွေရဲ့ နွေးထွေးမှုကို လိုချင်တတ်ကြဆုံး လူတွေပါ။ ဒါကိုမှ သားသမီးတွေကို လိုက်လျူရှုပြီး နေတတ်တဲ့ မိဖတွေလည်း တွေ့ဖူးကြမှာပါ။ ဒါက ကလေးတွေကို မေတ္တာငတ်တဲ့သူအဖြစ် ကြီးပြင်းလာစေပြီး စစ်မှန်တဲ့ မေတ္တာဆိုတာ ဘာမှန်းခွဲခြားမတတ်အောင် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ်မွေးထားတဲ့ ကိုယ့်သားသမီးကို အစွမ်းကုန်ချစ်ပေးပါ။

Khin

sponsored