မိန်းကလေး ပရိသတ်တွေကို အရည်ပျော်သွားအောင် ပြုလုပ်လိုက်တဲ့ Park Bogum

Instagram by PARKBOGUM.OFFICIAL
Sponsored

မကြာသေးခင်ကတော့ Park Bogum ရဲ့ အပြုအမူလေးတစ်ခု ပါဝင်နေတဲ့ ဗီဒီယိုလေးက ပရိသတ်တွေကြားကို ပြန့်နှံ့နေလျက် ရှိပါတယ်။ ဒီအကြောင်းကို allkpop ကနေ ရေးသားထားပါတယ်။

Park Bogum နဲ့ ကလေးငယ်တစ်ဦး ပါဝင်နေတဲ့ အဲ့ဒီ ဗီဒီယိုလေးက ပရိသတ်တွေကို အရမ်း အချစ်ပိုစေခဲ့ပါတယ်။ Park Bogum ရဲ့ ပရိသတ်တွေကို လုံးဝကို အရည်ပျော်စေလောက်တာမို့ သင်လည်း သဘောကျမိမှာပါပဲ။

Sponsored

 

 

View this post on Instagram

 

A post shared by Park Bo GumⓂ️ (@parkbogum.official) on

ဒီဗီဒီယိုကတော့ ကလေးသရုပ်ဆောင်တစ်ယောက်နဲ့ Park Bogum အတူ ရိုက်ကူးထားတာ ဖြစ်ပြီး ကလေးသရုပ်ဆောင်ရဲ့ မန်နေဂျာကနေ ဒီဗီဒီယိုလေးကို စက်တင်ဘာ ၁၈ ရက်နေ့မှာ သူ့ရဲ့ IG ကနေ တင်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေ တွေ့ပြီး အရမ်းကို သဘောကျနေခဲ့ကြတာပါ။

READ
သူမရဲ့ Instagram အကောင့်ကို hack ဖို့ကြိုးစားနေတဲ့သူတွေကို ပြန်လည်ချေပခဲ့တဲ့ IU

 

 

View this post on Instagram

 

🎬 촬영현장에서 우리 관우를 따뜻하게 챙겨주시는 배우 박보검씨 감사합니다❤️

A post shared by 🎬 (@joo_ent) on

ဗီဒီယိုထဲမှာတော့ ကလေးသရုပ်ဆောင်ကို Park Bogum ကဖက်ထားတဲ့အချိန်မှာ ကလေးသရုပ်ဆောင်က Park Bogum ကို နမ်းခဲ့တာ ဖြစ်ပါတယ်။ Park Gogum ကလည်း ကလေးလေးကို ချစ်ဖို့ကောင်းတဲ့ အနမ်းလေးတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။ ဒီပုံရိပ်တွေက သူ့ရဲ့ ကလေးချစ်တဲ့စိတ်ကို သိမြင်နိုင်ပါတယ်။

READ
IU နဲ့ Park Seo Joon တို့ရဲ့ 'Dream' ဇာတ်ကားရိုက်ကူးရေး တွေ စ တင်

 

 

View this post on Instagram

 

오늘 무슨 촬영이였을까용~~~😊

A post shared by 🎬 (@joo_ent) on

ပရိသတ်တွေကတော့ “ကလေးလေးရဲ့ ပါးလေးက ဖက်ထုပ်လေးကျနေတာပဲ” “Park Bogum လေးက ချစ်ဖို့ ကောင်းလိုက်တာ” “ကလေးလေးလိုပဲ အနမ်းခံချင်လိုက်တာ” “ငါးနှစ်ကလေးပဲ ပြန်ဖြစ်ချင်တော့တယ်” “ဘယ်လောက် ချစ်ဖို့ကောင်းတဲ့ ပုံစံလေးလဲ” “ကလေးကိုတောင် မနာလိုဖြစ်မိတယ်” စသဖြင့် ရေးသားထားခဲ့ကြပါတယ်။

Kham

sponsored