ဒီကနေ့မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးမယ့် Park Hyungsik

Image:IG/Park Hyungsik
Sponsored

Park Hyungsik က တော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော် မင်းသား Dancer တစ်ယောက်ပါ။ ZE:A အဖွဲ့ ရဲ့ အဖွဲ့ ၀င် တစ်ယောက်ပါ။အဆိုဘက်ရော သရုပ်ဆောင်ဘက်မှာပါ ထူးချွန်သူ ဖြစ်ပြီး သူ သရု ပ်ဆောင် ထားတဲ့ The Heirs, High Society, Hwarang: The Poet Warrior Youth, Strong Girl Bong-soon, Suits ဆိုတဲ့ ဇာတ်ကား တွေ က တော့ ပရိသတ်တွေ ကြားမှာေ တ်ာတော် လေး ရေပန်းစားခဲ့ ပါတယ်။အသက် ၂၉ နှစ်အရွယ် ရှိနေတဲ့  Park Hyungsik က တော့ ဒီက နေ့ (နိုဝင်ဘာ ၂၆ )မှာ စစ်မှုထမ်း တာဝန်ပြီးဆုံး သွားပါပြီ။ဒီအကြောင်းကိုတော့ kstarlive မှာ ဖော်ပြထား တာပါ။

 

View this post on Instagram

 

A post shared by 박형식 / Park Hyungsik (@phs1116)

Sponsored

နိုဝင်ဘာ ၂၆ ရက်နေ့က ထွက်ပေါ်လာတဲ့ သတင်းမှာတော့ Park Hyungsik တစ်ယောက် ဒီကနေ့ နှောင်းပိုင်းမှာ သူ့ရဲ့ စစ်မှုထမ်းကာလ နောက်ဆုံး အားလပ်ရက် ရရှိမှာပါ။ကိုဗစ် ကပ်ရောဂါ ဖြစ်နေတဲ့ အချိန် မို့ ဒီတစ်ခါ အားလပ် ရက် အပြင် ထွက် ပြီးရင် စခန်းကို ပြန်သွားဖို့ မလို တော့ပါဘူး။ကိုဗစ် ကြောင့် စစ်မှုထမ်းတဲ့ သူတွေ ဟာ ကြားထဲက အားလပ်ရက် တွေ မှာ အိမ်ပြန် ခွင့်မရ ကြတာ ကြောင့် နောက်ဆုံး တာဝန်ထမ်းဆောင်တဲ့ အချိန်မှာ သူတို့ ကို အားလပ်ရက် ထည့်ပေါင်း ပေး ခဲ့ပါတယ်။ Minho ကတော့ ဒီအားလပ်ရက်ကို မယူတော့ပဲ တာဝန်ကို အပြည့် ထမ်းဆောင်ခဲ့ပါတယ်။

Park Hyungsik က တော့ တကယ့်စစ်မှုထမ်း တာဝန်ပြီးဆုံးမယ့် ရက်က ၂၀၂၁ ဇန်န၀ါရီ ၄ ပေမယ့် အခုက တော့ တာ သတ်မှတ် ရက် ထက် စောပြီး ပြန် လာခွင့်ရခဲ့တာပါ။၂၀၁၉ ဇွန် တည်းက စစ်မှုထမ်း တာဝန် ထမ်းဆောင် ခဲ့တာ ဖြစ်ပြီး  လူမှု ၀န်ထမ်း မဟုတ်ပဲ တကယ့်တပ်သား active-duty soldier အဖြစ် နဲ့ တာဝန် ထမ်းဆောင်ခဲ့တာပါ။

 

View this post on Instagram

 

A post shared by 박형식 / Park Hyungsik (@phs1116)

#AUNTYMAY

sponsored