ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ အကြောင်းကို ရင်ဖွင့်ပြောပြလာတဲ့ Park Jimin

koreaboo
Sponsored

အဆိုတော်၊ တေးရေးဆရာ၊ television host တစ်ယောက်ဖြစ်တဲ့ Park Jimin က သူမရဲ့ ကျောင်းတက်တုန်းက bullying အလုပ်ခံခဲ့ရတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။ Cheer’s To What’s Next ဆိုတဲ့ variety talk show အစီအစဉ်မှာ သူမငယ်ရွယ်တုန်းက bullying လုပ်ခဲ့ရတဲ့အပေါ် ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့ရလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။

koreaboo

သူမ ထိုင်းမှာနေပြီး ကျောင်းတက်ခဲ့စဉ်က အရမ်းကို ပျော်ရွှင်ပြီး လွတ်လပ်ခဲ့ရပါတယ် နောက်ပြီး စိတ်ဖိစီးမှုတွေလည်း မရှိခဲ့ဘူးဆိုပြီး ပြောပြခဲ့ပါတယ်။ နောက်တော့ ကိုးရီးယားကို ပြောင်းလာခဲ့ပြီး ကျောင်းပြန်တက်ခဲ့တဲ့အချိန်မှာ “ပျော်ရွှင်ရမယ်လို့ တွေးမိပါတယ် ဒါပေမယ့် ကျွန်မနဲ့ မသိတဲ့ ကလေးတွေက ကျွန်မဆံပင်တွေကို လာဆွဲကြတယ် နောက်ပြီး ကျွန်မကို အနိုင်ကျင့်ဗိုလ်ကျကြတယ် သူတို့က ဒီလိုလုပ်ရတာကို အရသာတွေ့နေသလိုပါပဲ” ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
သူရိယရဲ့ လမ်းခွဲသတင်းအပေါ် ဆုအိမ့်စံရဲ့ ဖြေရှင်းချက်
koreaboo
Sponsored

ဒါကတော့ အသေးအဖွဲ့ အနှောင့်အယှက်ဖြစ်ရုံလောက်သာ ဆိုပေမယ့် အဲလောက်နဲ့ သူတို့က မရပ်တန့်လိုက်ကြပါဘူး။ “ဆောင်းတွင်းမှာ ကျွန်မဝတ်ထားတဲ့ သိုးမွှေးအကျီ င်္ကို ဆုတ်ဖြဲလိုက်ကြပါတယ်။ နောက်ပိုင်း လူကိုထိခိုက်အောင် လုပ်တာမျိုးတွေ ရှိပါတယ်။ အဲဒီ့အချိန်တွေက တကယ့်ကို ကျွန်မအတွက် နေထိုင်ရတာ ခက်ခဲတဲ့ အချိန်တွေ ဖြစ်ခဲ့ပါတယ် အဲဒီ့အချိန်မှာ တစ်စုံတစ်ယောက်က ကျွန်မကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျွန်မအဆင်ပြေခဲ့ပါတယ် ကျေးဇူးလည်း တင်ပါတယ်” ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။

koreaboo

နောက်တော့ ထိုင်းကိုပြန်ချင်တဲ့ဆိုတဲ့ အကြောင်းကို ကျောင်းရဲ့နေ့စဉ်မှတ်တမ်းမှာ ရေးခဲ့ပါတယ်။ နောက်ပြီး ဆရာမကို ကျောင်းမှာ မပျော်ဘူးဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ပြီးတော့ အဆိုတော်ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါကိုဆရာမက သတိထားမိခဲ့ပြီး ကျောင်းရဲ့ talent show မှာပါဝင်ဖြစ်ခဲ့ပြီးနောက်မှာ music ကြောင့်နဲ့ သူငယ်ချင်းတွေနဲ့ နီးစပ်ခွင့်ပိုရလာခဲ့ပါတယ် ဆိုပြီး ပြောပြခဲ့ပါတယ်။

READ
Mt. Baekdu ဇာတ်ကားပွဲသို့ တက်ရောက်လာတဲ့ နတ်မိမယ်လေး Suzy

source: koreaboo

sponsored