gugudan အဖွဲ့ဝင် SEJEONG ဆီကို snack track ကြီးပို့ပေးခဲ့တဲ့ မင်းသမီး Park Min Young

ig/@clean_0828,@rachel_mypark
Sponsored

မင်းသမီးချော Park Min Young ကတော့ Kpop girl group gugudan ရဲ့အဖွဲ့ဝင် SEJEONG ပျော်ရွှင်သွားအောင် special gift လေးကို ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ November 29 ရက်နေ့မှာတော့ SEJEONG က သူမရဲ့ instagram ပေါ်မှာ ဓာတ်ပုံတစ်ချို့ကို ဝေမျှထားတဲ့ အကြောင်းလေးကို sbs က ခုလို ဖော်ပြထားပါတယ်။

 

Sponsored

အဲဒီ့ဓာတ်ပုံတွေထဲမှာတော့ SEJEONG ဟာ Park Min Young ပို့ပေးလိုက်တဲ့ snack track ကြီးရှေ့မှာ ဓာတ်ပုံရိုက်ကူးထားခဲ့တာပါ။ ပို့ပေးလိုက်တဲ့ snack track မှာတော့ ခုလိုမျိုး စာလေးကို ရေးသားထားပါတယ် “ချစ်လှစွာသော ညီမလေး SEJEONG နဲ့ The Uncanny Counter အဖွဲ့သားတွေအတွက် ကျွန်မရဲ့ အပြည့်အဝ အားပေးထောက်ခံမှုလေးကို ပေးပါတယ် From Park Min Young”ဆိုပြီး ရေးသားထားပါတယ်နော်။

READ
ဘေးအပြောထက် ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချသင့်တဲ့ အခြေအနေများ

 

နောက်ပြီး SEJEONG ဟာ သူမအတွက် သီးသန့်ပို့ပေးလိုက်တဲ့ ဓာတ်ပုံကဒ်သေးသေးလေးကို ကိုင်ထားတဲ့ ပုံလေးလည်း ပါဝင်ပါတယ်။ အဲဒီ့ဓာတ်ပုံလေးရဲ့အောက်မှာတော့ SEJEONG က “အစ်မက ကျွန်မအတွက် တကယ့်ကို surprise ကြီးကို ယူလာပေးတယ် အစ်မက အကောင်းဆုံးပဲ ကျေးဇူးတင်ပါတယ် အရမ်းချစ်တယ်” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

 

Park Min Young ဟာ SEJEONG ရဲ့ လက်ရှိမှာ ရိုက်ကူးနေတဲ့ ‘The Uncanny Counter’ ဇာတ်ကားသစ်အတွက် အားပေးထောက်ခံမှုလေးကို ဖော်ပြပေးခဲ့တာပဲ ဖြစ်ပါတယ်။ SEJEONG နဲ့ Park Min Youn တို့ဟာ Netflix original show ‘BUSTED!’ ရိုက်ကူးမှုမှာ တွေ့ဆုံရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ခင်မင်မှုလေးက ပရိတ်သတ်တွေကိုပါ နွေးထွေးခံစားရစေပါတယ်နော်။

READ
မကြာခင်မှာ သင့်ဘဝ တိုးတက်ပြောင်းလဲသွားတော့မယ်ဆိုတာ ဖော်ပြနေတဲ့ အချက်(၆)ချက်

Khin

sponsored