စိတ်ပင်ပန်းတဲ့ အချိန်တွေကို ဘယ်လိုကျော်လွှားလဲ ဆိုတာကို ပြောပြခဲ့တဲ့ Park Seo Joon

ig/@park_seojoon19
Sponsored

လက်ရှိမှာ အရမ်းကို နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ မင်းသားချော Park Seo Joon ကတော့ သူ့ရဲ့အောင်မြင်မှုတွေနဲ့အတူ စိတ်ဖိစီးပင်ပန်းမှုတွေကလည်း များပြားလွန်းပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် သူ့ရဲ့ဘဝမှာလည်း ခက်ခဲတဲ့အချိန်တွေဆိုတာ ရှိစမြဲပါပဲနော်။

မင်းသား Park Seo Joon က မင်းသားတစ်ယောက်အဖြစ် ဖြတ်သန်းရတဲ့ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအကြောင်းကို T Singapore အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ Park Seo Joon က သူ့စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာဖြစ်ပြီးတော့ စိတ်ပင်ပန်းနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ဆီမှာ ပြသနာကို ရင်ဖွင့်ပြောပြတိုင်ပင်ခြင်းက စိတ်ဖိစီးမှုကို ပြေပျောက်ဖို့ အကောင်းဆုံးသောနည်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

Park Seo Joon Cute ❤️😍 #박서준 #seojoon #parkseojun #parkseojoon #朴敘俊 #seojun cr. Owner

A post shared by Park Seo Joon (@park_seojoon19) on

Sponsored

တစ်စုံတစ်ယောက်ဆီမှာ ရင်ဖွင့်ပြောပြလိုက်ခြင်းက ပြသနာကို ဖြေရှင်းရာမရောက်ပေမယ့် ခက်ခဲတဲ့ အချိန်ကို ဖြတ်သန်းနိုင်ဖို့ အားအင်သစ်တွေ ပြန်လည်ရရှိစေတယ်လို့ ဆိုပါတယ်။ နောက်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ရတဲ့ သူ့အတွက်လည်း အခက်အခဲရှိပြီးတော့ သူ့ရဲ့အပြင်ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ ပုံစံကွဲပြားမှုတွေကြောင့်လည်း ခက်ခဲမှုတွေရှိတာတွေကြောင့်ပါ။ ဒါက သရုပ်ဆောင်တော်တော်များများ ကြုံတွေ့ရတဲ့ အခက်အခဲဖြစ်ပြီးတော့ ခုချိန်မှာတော့ သူဟာ ကင်မရာရိုက်ကူးမှုနဲ့ အတော်လေး အသားကျနေပြီဖြစ်ပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်သစ်တစ်ခုမှာ ရင်းနှီးအောင် ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ပြောပြခဲ့ပါတယ်။

Khin

sponsored