Photobook ရောင်းမယ်ကြေညာလို့ ဝေဖန်ခံနေရတဲ့ Park Yoochun

Image:IG/Park Yoochun
Sponsored

Park Yoochun က တော့  TVXQ  အဖွဲ့ရဲ့ အဖွဲ့ဝင် ဟောင်းပါ။ Park Yoochun  ကတော့ သူရဲ့ ဓါတ်ပုံ စာအုပ် Photobook ရောင်းမယ်လို့ ကြေညာလိုက်ပါတယ်။ နာမည်ကိုတော့ “SOMEDAY” ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီစာအုပ်ထဲမှာတော့ သူ့ရဲ့ photoshoot တွေ နဲ့ အာရှတစ်လွှားမှာရှိတဲ့ သူ့ရဲ့ ပုံတွေ ကို စုစည်းထည့်သွင်းပေးထားမှာပါ ။ဈေးနှုန်း အနေနဲ့ က တော့ $75 နဲ့ ရောင်းချ ပေးသွားမှာပါ။ စာမျက်နှာ (၁၆၀) ပါရှိမှာပါ။

Image:IG/Park Yoochun
Image:IG/Park Yoochun

ဒါ့အပြင် သူ့ရဲ့ လက် ရေးမူစာတစ်စောင်လည်း ပါဝင်သွားမှာပါ။ မတ် (၂၆- မေ ၁၄) တို့မှာPre-sales ကြိုတင်ရောင်းချ ပေးမှာပါ။ တရားဝင် ရောင်းတာကိုတော့ ဇွန်လ လောက်မှာစတင်မှာပါ။ ကာဗာမှာတော့ နေကြာပန်းကို ကိုင်ထားတဲ့ Park Yoochun ရဲ့ အနီးကပ်ပုံကို တွေ့ ရ မှာပါ။ စာအုပ်ထဲမှာတော့ စောင့်ဆိုင်းမှု နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖော်ပြ သွားမှာပါ ။နေကြာ ပန်း ကတော့ စောင့်ဆိုင်းခြင်းရဲ့ သင်္ကေတ ပါ။

READ
Body Shaming ၀ိုင်းလုပ်လို့ ၀ိတ်ချဖို့ ဆုံးဖြတ်လိုက်တဲ့  Shindong
Image:IG/Park Yoochun
Image:IG/Park Yoochun
Sponsored

Park Yoochun ကတော့ အနုပညာ လောက နေ အနားယူတော့မယ်လို့ ကြေညာပြီး သိပ်မကြာခင်မှာ ပဲ ဓါတ်ပုံစာအုပ်ထုတ်မယ်လို့ ကြေညာ ခဲ့တာပါ။ မူးယစ်ဆေးဝါးသုံးမှု၊လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၊လိမ်ညာမှု ဆိုတဲ့ ပြစ်မှုတွေ ကို ကျူးလွန်ခဲ့ တာ ပါ။ ပြစ်မှုထင်ရှားပြီး တရားစွဲ ခံရတဲ့ အထိ ကို တောက်လျောက်ငြင်းလာခဲ့တာပါ။ ပြစ်မှု တွေ ကျူး လွန်ထားပြီး အနုပညာလောက နေ ထွက်မသွားပဲ အခုလိုတွေ လုပ် နေတဲ့ အပေါ်  ကိုရီးယား ပရိသတ်တွေ ကတော့ ဒေါ သ ထွက်နေကြပါတယ်။

 

View this post on Instagram

 

촬영 비하인드 영상 공개 #박유천 #parkyuchun #yuchun #ユチョン #behind

A post shared by pyc_official_ (@pyc_official_) on


Source:Koreaboo

sponsored