မှန်ရှေ့ရောက်ရင် လူတွေ ပြုလုပ်တတ်တဲ့ ထူးထူးဆန်းဆန်း အကျင့်များ

pressfoto/Freepik
Sponsored

မှန်ကို မကြည့်တဲ့သူဆိုတာ မရှိသလောက်ကို ရှားပါတယ်။ မှန်ကြည့်တဲ့ သူတွေကတော့ အကြောင်းပြချက် ကိုယ်စီနဲ့ မှန်ကြည့်လေ့ ရှိပါတယ်။ တစ်ချို့တော့ အကြောင်းပြချက် မရှိဘဲ မှန်ကြည့်တတ်ကြပါတယ်။ မှန်ကြည့်တဲ့သူတွေမှာ ထူးခြားတဲ့ အကျင့်ကိုယ်စီ ရှိကြပြီး မှန်ရှေ့ရောက်မှ ပြုလုပ်ကြတာ ဖြစ်ပါတယ်။

(၁) ရယ်တယ်

Sponsored

မှန်ကြည့်ပြီး ရယ်ကြတဲ့သူတွေလည်း တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် ရယ်ရတဲ့ အကြောင်းပြချက်တွေ မတူပါဘူး။ ဘယ်လို ရယ်ရင် လှလဲဆိုပြီး တစ်ချို့က အမျိုးမျိုး ရယ်ကြည့်ကြပြီး တစ်ချို့ကတော့ မှန်ထဲက ကိုယ့်ရုပ်ကိုယ် မြင်ရတာကိုက ရယ်ချင်စရာ ဖြစ်နေလို့ ရယ်ကြတာပါ။

Photo by Andrea Piacquadio from Pexels

(၂) ငိုတယ်

မိန်းကလေးတွေကတော့ အလှအပ ကြိုက်သူတွေ ပီပီ ငိုရင်တောင်မှ လှနေတတ်ချင်ကြပါသေးတယ်။ သူတို့ကတော့ ငိုမိတဲ့အခါတွေမှာ မှန်ပြေးကြည့်ပြီး မှန်ကြည့်ပြီး ငိုတဲ့ပုံစံလည်း လုပ်တတ်ကြပါသေးတယ်။

READ
သင့်မျက်ခုံးပုံစံက ပြောပြနေတဲ့ သင့်အကြောင်း...

(၃) အစိတ်အပိုင်းတွေကို ကြည့်တယ်

တစ်ချို့တွေကတော့ မှန်ကြည့်ပြီး ကိုယ့်ရုပ်ကိုယ် သေချာကြည့်ရတာကို သဘောကျကြပါတယ်။ ကိုယ့်ရဲ့ မျက်လုံး၊ မျက်တောင် ပုံစံတွေအပြင် နှုတ်ခမ်းပုံစံ၊ သွား စသဖြင့် စုံနေအောင် မှန်ရှေ့ အကြာကြီး ထိုင်ကြည့်နေတတ်သူလည်း ရှိပါသေးတယ်။

Photo by Andrea Piacquadio from Pexels

(၄) ပျင်းလို့ ကြည့်တယ်

တစ်ချို့တွေက အရမ်း အရမ်းပျင်းလာတဲ့အခါ မှန်တစ်ချပ်ကိုင်ပြီး ကိုယ့်ကိုယ်ကို ကြည့်နေတတ်ပါတယ်။ ပျင်းပျင်းနဲ့ မှန်ကြည့်ပြီး မှန်သန့်ရှင်းရေးပါ လုပ်တတ်ကြပါတယ်။

Photo by Polina Zimmerman from Pexels

(၅) သရုပ်ဆောင်တယ်

ကိုယ့်ကိုယ်ကို လူတွေက ဘယ်လို မြင်ကြလဲဆိုတာကို သိချင်ကြတဲ့သူတွေကတော့ မှန်ရှေ့မှာ ပုံစံအမျိုးမျိုး လုပ်တတ်ကြပါတယ်။ ရယ်လိုက်၊ မဲ့လိုက်နဲ့ စကားတွေ ပြောတတ်သလို မှိုင်နေရင် ဘယ်လိုပုံ ဖြစ်နေလဲဆိုတာကိုပါ ကြည့်တတ်ကြပါသေးတယ်။

READ
ပျိုမေတို့ မဖြစ်မနေ သိထားသင့်တဲ့ ပုရိသတို့ရဲ့ ဖွန်ကြောင်ခြင်း အနုပညာ
Photo by Min An from Pexels

(၆) ဆံပင် ပြင်ဖို့

မိန်းကလေးတွေကတော့ မှန်ကြည့်ပြီး ကိုယ့်ဆံပင်ကို မျိုးစုံ ပြုပြင်ကြည့်တတ်ကြပါတယ်။ တစ်ချို့တော့ အလှတွေ ပြင်ကြည့်တတ်ကြပါတယ်။

(၇) စတိုင်ပုံစံတွေ

ကိုယ်က ဘယ်လို အဝတ်အစားပုံစံနဲ့ လိုက်ဖက်တယ်ဆိုတာကို အဝတ်တွေ ဝတ်ပြီး မှန်ရှေ့မှာ ကြည့်တတ်ကြပါသေးတယ်။ သူတို့တော့ ပိုစ့်ပေးနည်းတွေကိုပါ မှန်ရှေ့မှာ လေ့ကျင့်တတ်ကြပါတယ်။

Kham

sponsored