သူများထက် ဉာဏ်ကောင်းလေ့ရှိတဲ့သူတွေ ဖြစ်မှန်းမသိ ဖြစ်နေတတ်တဲ့ ရာသီခွင်(၃)ခု

Photo by mentatdgt from Pexels
Sponsored

ရာသီခွင်တွေကို ကြည့်ပြီး ကိုယ်က ဘယ်လို လူမျိုးလဲဆိုတာ သိနိုင်ပါတယ်။ ရာသီခွင်အလိုက် ကိုယ်ရည်ကိုယ်သွေးတွေလည်း ကွဲပြားသွားတတ်ပါသေးတယ်။ ရာသီခွင်တွေထဲမှာမှ အခုဖော်ပြမယ့် ရာသီခွင် ပိုင်ရှင်တွေက ဉာဏ်ကောင်းတဲ့သူတွေ ဖြစ်နေပါတယ်။

(၁) Sagittarius

Sponsored

ဒီရာသီခွင်သမားတွေကတော့ အသစ်အသစ်သော အရာတွေကို စူးစမ်း သိလိုစိတ် ပြင်းပြကြသူတွေ ဖြစ်ပါတယ်။ သူတို့တွေက မတူတဲ့အရာတွေကို ကြိုးစားတာတွေ၊ လူသစ်တွေကို တွေ့ဆုံသိကျွမ်းရတာမျိုးကို သဘောကျကြပါတယ်။ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေနဲ့ သူတို့က အချိန်တွေ ဖြုန်းလေ့ ရှိပြီး ဒီအချိန်ဖြုန်းခြင်းကနေ သူမသိနိုင်တဲ့ အရာတွေကို သိလာလို့လည်း ပျော်ရွှင်တတ်ကြပါသေးတယ်။ သူတို့က စိတ်လှုပ်ရှားဖွယ် စူးစမ်းမှု လုပ်ချင်စိတ်တွေလည်း ရှိနေပါတယ်။

Photo by Ketut Subiyanto from Pexels

(၂) Scorpio

သူတို့ကို စိတ်လှုပ်ရှားစေတဲ့အရာတွေကို သူတို့က နှစ်သက်ကြပါတယ်။ အော်မြင်မှုတွေအကြောင်းကိုလည်း ဝမ်းပမ်းတသာ ပြောတတ်ကြပါသေးတယ်။ သူတို့ပြောတာကို နားထောင်ပေးမယ့် သူတွေတောင် သူတို့က လိုက်ရှာတတ်ပါသေးတယ်။ သူတို့နဲ့ တရင်းတနှီး စကားပြောသူတွေကို သူတို့က အခင်ဆုံးလည်း ဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့ဉာဏ်ရည်ကလည်း တော်ရုံတန်ရုံ လုံးဝ မဟုတ်ပါဘူး။ အသစ်တွေကို လေ့လာခိုင်းရင် သူတို့က အဲ့ထက်ပိုပြီး သိသွားကြလေ့ ရှိပါတယ်။ ဒီရာသီခွင်လေးကို ချစ်သူတော်ထားရင်တော့ သင်က သိပ်ကို ကံကောင်းတာပါနော်။

READ
ကုံရာသီဖွားတွေရဲ့ ဇူလိုင်လ ဟောစတမ်း
Photo by fauxels from Pexels

(၃) Gamini

အနုပညာကိုလည်း စိတ်ဝင်စား အမြင်ရှိတဲ့ Gamini တွေက ကွဲပြားတဲ့ အရာတွေကို ရှာဖွေဖော်ထုတ်ရတာမျိုးကို ကြိုက်ပါတယ်။ ဒီလို အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး အာရုံစိုက်မှုတွေ ရှိသလို စာပေတွေမှာလည်း ရှာဖတ်တတ်ကြပါတယ်။ သူတို့အတွက် လေ့လာစရာ တစ်ခုခု ရှိနေတဲ့သူတွေနဲ့ စကားပြောရတာမျိုးလည်း ကြိုက်ကြပြီး သူတို့ သဘောကျတဲ့သူနဲ့ဆိုရင် စကားအကြာကြီး ပြောတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ အရာတွေကို ပြောတိုင်း သူတို့က အာရုံတစိုက် နားထောင်တတ်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ လူထူထပ်တဲ့ နေရာကို နှစ်သက်တာကြောင့် ပွဲလမ်းသဘင်တွေကို ဖိတ်ရင် မငြင်းတတ်ကြပါဘူး။

Photo by Athena from Pexels

Kham

sponsored