Sponsored
( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)
Sponsored
(၃)ဖျားနာခြင်း
READ
လည်ချောင်းနာခြင်းကို အမြန်ဆုံးသက်သာစေမယ့် ပန်းသီးဗင်နီဂါ
(၄)သွေးထိန်ခြင်း
[Unicode version]
အိုဂျီနဲ့ပြသသင့်တဲ့ ဓမ္မတာလာစဉ်ခံစားရသည့်ပြဿနာများ
အမျိုးသမီးတွေအနေနဲ့ လစဉ်ဓမ္မတာပုံမှန်လာခြင်းကြောင့် ကျန်းမာခြင်းသုခကို ခံစားရတယ်လို့ဆိုရင်မမှားနိုင်ပါဘူး။ဒါပေ မယ့် ဒီလိုအချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့်နာကျင်ကိုက်ခဲမှုတွေနဲ့ ကိုယ်လက်မအီမသာဖြစ်မှုတွေကြောင့် ဒီရက် တွေရောက်လာမှာကို လတိုင်းစိုးရိမ်ရပြန်ပါတယ်။ဒါပေမယ့် သဘာဝတရားအရမလွဲမသွေကြုံကြရပြန်တော့ ဒီအချိန် တွေမှာခံစားရတဲ့ ဝေဒနာတွေကိုလျော့နည်းသက်သာအောင်နေထိုင်ဖို့ကအဓိကဖြစ်လာပါတယ်။ဒီလို ဓမ္မတာ လာစဉ်ဟော်မုန်းအပြောင်းအလဲတွေကြောင့် ပုံမှန်မဟုတ်တဲ့ဝေဒနာတွေခံစားလာရပြီဆိုရင် မီးယပ်အထူးကုဆရာဝန်တွေ ဆီသွားရောက်ပြသသင့်ပါတယ်။ဘယ်လိုအခြေအနေတွေဆိုရင် အဲဒီလို ကုသမှုခံယူရမလဲဆိုတာ Aunty May ရဲ့ပရိသတ် ကြီးကို မျှဝေပေးလိုက်ပါတယ်။
(၁)သွေးအလွန်အကျွံဆင်းခြင်း
အမျိုးသမီးတစ်ဦးအနေနဲ့ ကျန်းမာရေးအတွက် ဓမ္မတာပုံမှန်လာဖို့လိုပေမယ့် အလွန်အကျွံဆင်းရင်တော့ ပြဿနာရှိပါတယ်။ တချို့ကျန်းမာရေးဗဟုသုတနည်းပါးတဲ့ သူတွေအနေနဲ့ ခန္ဓာကိုယ်တွင်းက သွေးအညစ်ကြေးတွေဆင်းတာကောင်းတယ်၊ ကျန်မနေစေရအောင် များများဆင်းပါစေဆိုပြီးယူဆတတ်ကြပါတယ်။တကယ်တော့ ပုံမှန်ထက်ပိုပြီး သွေးဆင်းမှုများတာ ဟာ သားအိမ်အတွင်းနံရံမှာပုံမှန်မဟုတ်တဲ့အခြေအနေရှိနေလို့ပါ။အမျိုးသမီးတစ်ဦးဟာ တစ်နေ့ကို မိနစ်ခြောက်ဆယ် ကြားတစ်ခါ သွေးဆင်းနေရင် အိုဂျီနဲ့ပြသသင့်ပါတယ်။ဒီလို သွေးတွေအများအပြား ဆုံးရှုံးတာကြောင့် မော ပန်းနွမ်းနယ်ခြင်း၊မူးဝေခြင်း၊ အားအင်ချိနဲ့ခြင်းတို့ခံစားရနိုင်ပါတယ်။သံဓာတ်ဆုံးရှုံးမှုလည်း ဖြစ်တဲ့အတွက် လိုအပ်ရင် complete blood count (CBC) test လည်းပြုလုပ်သင့်တယ်လို့ Yale University School of Medicineရဲ့ ဒါရိုက်တာနှင့် ဆေးဝါးကုသရေး ဆိုင်ရာ ပါမောက္ခ Mary Jane Minkin ကဆိုပါတယ်။
READ
မကြာခဏ အိပ်ငိုက်နေတတ်သူတွေ သတိထားဆင်ခြင်သင့်တဲ့ ရောဂါတစ်မျိုးအကြောင်း
(၂)အလွန်အမင်းနာကျင်ကိုက်ခဲခြင်း
ပုံမှန် ဓမ္မတာလာတဲ့အခါ ခန္ဓ္ဓာကိုယ်ကြွက်သားတွေကို နှိုးဆွခြင်းဖြစ်စေတဲ့အတွက် နာကျင်ကိုက်ခဲမှုတွေခံစားရတတ်ပါ တယ်။ဒါပေမယ့် အလွန်အမင်းနာကျင်ကိုက်ခဲလာပြီဆိုရင်တော့ အိုဂျီနဲ့ပြသသင့်ပါတယ်။ဒီလိုအချိန်တွေမှာနာကျင် ကိုက်ခဲ မှု ဝေဒနာခံစားရခြငး်ကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်း ကြောင့် အရာရာကိုစိတ်အလိုမကျဖြစ်နေတတ်ပါတယ်။ ဒါကြောင့်နာကျင်တဲ့ ဝေဒနာကို ကုသပျောက်ကင်းနိုင်တဲ့ဆေးဝါးကုသမှုခံယူနိုင်ပါတယ်။
(၃)ဖျားနာခြင်း
ဒါ့အပြင် ဓမ္မတာလာစဉ် အဖျားရောဂါများလည်းခံစားရနိုင်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး စနစ်တ ကျဆေးကုသမှုခံယူသင့်တယ်လို့ ပါမောက္ခ Minkin ကပြောပါတယ်။ရာသီလာစဉ် သွေးထိန်းပစ္စည်းတွေကို အချိန် ကြာမြင့် စွာဝတ်ဆင်ခြင်းကြောင့် ဘက်တီးရီးယားပိုးတွေဝင်ရောက်ခြင်းရှိနိုင်ပေမယ့် ဓာတုအဆိပ်သင့်တာမျိုးအထိ မဖြစ်လာ တာတော်သေးတယ်ပြောရမယ်။ဒါ့အပြင် ဓမ္မတာလာစဉ်တင်ပါးရဲ့ အရိုးဖွဲ့စည်းမှုတွေကို နှိုးဆွတက်ကြွမှုဖြစ်တဲ့လက္ခ ဏာတွေကြောင့် တင်ပါးနာကျင်မှုဝေဒနာတွေခံစားရတတ်ပါတယ်။ဒီလို ဝေဒနာတွေအတွက် ပဋိဇီဝဆေးဝါးတွေမှီဝဲနိုင် တယ်လို့လည်း ပါမောက္ခMinkin က အကြံပြုထားပါတယ်။
(၄)သွေးထိန်ခြင်း
သန္ဓေတားဆေးသောက်သုံးခြင်းကြောင့် ရာသီသွေးထိန်ခြင်းဖြစ်တတ်ပါတယ်။သင့်အနေနဲ့ အဲဒီလို သန္ဓေတားဆေး မသောက်တော့ဘူးဆိုရင် အိုဂျီနဲ့ပြသပြီး ရာသီသွေးဆင်းအောင်စနစ်တကျကုသသင့်ပါတယ်။ဖြစ်နိုင်ခြေ အများဆုံး ကတော့ သားအိမ်နံရံအတွင်းရှိဆဲလ်တွေမှာ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့ ဒြပ်တွေအဆမတန်ကြီး ထွား လာခြင်းကြောင့် သွေးထိန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင် လိင်ဆက်ဆံပြီးတဲ့အခါ စိုးရိမ်ကြောင့်ကြ မှုတွေကြောင့်သွေးဆင်းလေ့ရှိပြီး သားအိမ်အတွင်းရှိဆဲလ်ေ်တွ ပုံမှန်အခြေအနေမရှိတာကြောင့် စနစ်တကျဆေးကု သမှုမခံယူရင်သားအိမ်ခေါင်းကင်ဆာကိုတောင်ဖြစ်စေနိုင်ပါတယ်။
(၅)စိတ်ဖိစီးမှုခံစားရခြင်း
ပုံမှန်ရာသီလာခြင်းမရှိတဲ့အတွက် ကိုယ်ဝန်ရှိကြောင်းသံသယဖြစ်ခြင်းနဲ့ စိတ်ဖိစီးမှုကိုအပြင်းအထန်ခံစားရခြင်းတို့ဖြစ် တတ်ပါတယ်။ဒါက ဟော်မုန်းအပြောင်းအလဲပြဿနာဖြစ်တဲ့အတွက် အိုဂျီနဲ့ ပြသစစ်ဆေးနိုင်ပါတယ်။ ရင်သားထိပ်မှ နို့ရည် ကဲ့သို့ အဖြူရောင်အရည်များထွက်ခြင်း၊ဆံပင်ပုံစံအနေအထားပြောငး်လဲခြင်းတို့ကိုကြည့်ပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးနိုင်ပါ တယ်။
sponsored