အပြာရောင်ကြိုက်တဲ့သူတွေမှာပဲ ရှိနေတတ်တဲ့ အကျင့်စရိုက်လေးများ

shutterstock/Santorines
Sponsored

လူတိုင်းရဲ့ အကြိုက်တွေကို ကြည့်ပြီး သူတို့ ဘယ်လို လူမျိုးလဲဆိုတာကို အကဲခတ်လို့ ရပါတယ်။ ကိုယ်ကြိုက်တဲ့ အရောင်တွေကလည်း လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနေတာပါပဲ။ အပြာရောင်က အကြိုက်ဆုံးအရောင် ဖြစ်နေတဲ့ သူတွေဆီမှာတော့ အခုလို လက္ခဏာရပ်လေးတွေကို ပိုင်ဆိုင်ထားတတ်ကြပါတယ်။

(၁) ဉာဏ်ကောင်းတယ်

Sponsored

အပြာရောင်ဆိုတာ တီထွင်ဖန်တီးမှုကိုလည်း ကိုယ်စားပြုထားပါတယ်။ အပြာရောင်က အာရုံစူးစိုက်မှု ကောင်းစေတယ်၊ ဆက်တိုက် တွေးတောနိုင်တယ်၊ စိတ်စွမ်းရည်ကို မြင့်တက်စေပါတယ်။ အလုပ်တွေမှာ စိတ်ကြည်လင်စေဖို့ဆိုရင် အပြာရောင်ကလည်း အကောင်းဆုံး အရောင်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အပြာရောင် ကြိုက်သူတွေက ဉာဏ်ကောင်းပြီး တွေးတောနိုင်စွမ်း ရှိကြပါတယ်။

Photo by Giftpundits.com from Pexels

(၂) အေးဆေးတယ်

အပြာရောင်က တည်ငြိမ်တယ်၊ ငြိမ်းချမ်းတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ပြာပြာ၊ ကောင်းကင်ပြာပြာတွေကလည်း စိတ်ကို အေးချမ်းစေပါသေးတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အပြာရောင် ကြိုက်သူတွေက သွေးအေးပြီး စိတ်တည်ငြိမ်တာကို မြင်သာစေပါတယ်။

READ
ဒီ (၅) ချက်ကို ကြုံတွေ့လေ့ရှိသူတွေဟာ သူမတူအောင် ဉာဏ်ရည်ထက်မြက်သူတွေပါ....
pixabay/pexels

(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်

အပြာရောင်ကို ကြိုက်တဲ့သူတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိာကပါတယ်။ အနီရောင်ကို ကြိုက်သူတွေကို ကြည့်ရင် ရန်လိုတာ၊ သို့မဟုတ် ရဲရင့်ထက်မြက်တာကို ပြသနေတတ်ကြသလို အပြာရောင်ကို ကြိုက်သူတွေကတော့ စိတ် တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်မှု ရှိနေတာကို ပြနေပါတယ်။

Photo by Limuel Gonzales from Pexels

(၄) သီးခြားဆန်တယ်

အပြာရောင် ကြိုက်သူတွေက ဉာဏ်ကောင်းကြသလို အေးဆေးနေရတာကို သဘောကျတတ်ပါတယ်။ ရှုပ်ရှုပ်ထွေးထွေး အရာတွေကို မနှစ်သက်ဘဲ တစ်ယောက်တည်း တစ်သီးတစ်သန့်နေရတာကို ပိုပြီး သဘောကျတတ်ပါတယ်။ ဒါကြောင့် သူတို့က သူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ထက် တစ်ယောက်တည်း နေတဲ့ အချိန် ပိုများပါတယ်။

Photo by Anastasia Shuraeva from Pexels

(၅) ခံစားချက်တွေ ထုတ်မပြတတ်ဘူး

သူတို့တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသလို ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ တကယ့်အရည်အချင်းတေတွကို လူတွေက မြင်ရင်တောင် သေချာ မသိကြပါဘူး။ သူတို့တွေက သူငယ်ချင်းတွေကို ဂရုစိုက်တတ်ကြပေမယ့်လည်း သူတို့ရဲ့ အခြေအနေနဲ့ ခံစားချက်တွေကိုတော့ ထုတ်မပြောတတ်တဲ့သူတွေ ဖြစ်ပါတယ်။

READ
သူငယ်ချင်းတွေနဲ့ တစ်အိမ်တည်း အတူနေတဲ့အခါရလာမယ့် ကောင်းကျိုးလေးများ

Kham

sponsored