မီးခိုးရောင် ကြိုက်တတ်သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုယ်ဗီဇ စရိုက်လက္ခဏာများ

Photo by Icons8 Team on Unsplash
Sponsored

လူတွေရဲ့ စိတ်နေသဘောထား ပင်ကိုယ်ဗီဇလေးတွေကို သူတို့ ကြိုက်နှစ်သက်တဲ့ အရာတွေကတစ်ဆင့် စိတ်ပညာသဘောတရားအရ ယေဘုယျသတ်မှတ်နိုင်တဲ့ အချက်လေးတွေ ရှိပါတယ်။ အရောင်တွေမှာလည်း ထိုနည်းတူပါပဲ။ သင်ကြိုက်တဲ့ အရောင်က မီးခိုးရောင်ဆိုရင် အောက်က အချက် တော်တော်များများနဲ့ တိုက်ဆိုင်နေနိုင်ပါတယ်။ ဖတ်ကြည့်လိုက်ဦးနော်။

(၁) မီးခိုးရောင် နှစ်သက်တဲ့သူတွေဟာ ဘဝကြီးနဲ့ ပတ်သက်လို့ အစွန်းရောက်တဲ့ အမြင်တွေ မရှိတတ်ကြပါဘူး။ အေးဆေးတည်ငြိမ်ကြပါတယ်။
(၂) တစ်ယောက်တည်း နေရတာ သဘောကျတတ်ကြပြီး သူတို့နဲ့ ကိုက်ညီတဲ့ လူ/နေရာ ရှားပါးတယ်လို့ သတ်မှတ်ထားတတ်ကြပါတယ်။
Pixabay/freestocks-photos
(၃) မီးခိုးရောင် ကြိုက်တဲ့သူတွေဟာ လက်တွေ့ဆန်ကြပြီး တည်ငြိမ်တယ်လို့  အဆိုရှိပါတယ်။ သူတို့ဟာ တခြားသူတွေရဲ့ အာရုံစိုက်မှုကိုလည်း ဘယ်တော့မှ မလိုချင်တတ်ကြပါဘူး။
(၄) အလုပ်နဲ့ ပတ်သက်ပြီး အရမ်းကို စေ့စပ်တိကျစွာ လုပ်နိုင်ကြသူတွေဖြစ်ပါသတဲ့။ စနစ်တကျလည်း အလုပ်လုပ်တတ်ပြီး အလုပ်ပေါ်လည်း သစ္စာရှိကြပါတယ်။
(၅) ခံစားချက်တွေကို ထိန်းချုပ်ထားလေ့ရှိကြပြီး စိတ်ဒဏ်ရာရမှာ ကြောက်ကြတာကြောင့် မိမိရဲ့ စိတ်ရင်းကို အလွယ်တကူ မပြသတတ်ကြသူတွေ ဖြစ်ပါတယ်။
(၆) တစ်ယူသန် အယူအဆ မရှိတဲ့ ပင်ကိုယ်စရိုက်ကြောင့် အခြေအနေမှန်သမျှကို မျှမျှတတ ဝေဖန်သုံးသပ်နိုင်သူတွေလည်း ဖြစ်ကြပါသတဲ့။
(၇) မိတ်ဆွေအပေါင်းအသင်း အသစ်တွေကို ဘဝထဲ အလွယ်တကူ အဝင်မခံတတ်ကြသူတွေ ဖြစ်ပါတယ်။
Unsplash/Jared Brashier
(၈) မီးခိုးရောင်ချစ်သူတွေဟာ ဘယ်ကိစ္စမှာမဆို စိတ်လှုပ်ရှားပုံ ပြလေ့မရှိကြပါဘူးတဲ့။ သူတို့ အရမ်းကြိုက်တဲ့ အဖြစ်အပျက်တွေနဲ့ ကြုံနေရချိန်တွေမှာတောင် တည်ငြိမ်တဲ့ပုံပဲ ဖြစ်နေတတ်ကြပါတယ်။
(၉) သူတို့ရဲ့ အားနည်းချက်လို့ ဆိုနိုင်မယ့်အရာကတော့ ဆုံးဖြတ်ချက် မပြတ်သားတာမျိုးတွေ ဖြစ်တတ်ကြတာပါ။ ဒါက သူတို့ဘဝကို တစ်ခါတစ်ရံ အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေပါတယ်။ 
(၁၀) အမြဲတမ်း အန္တရာယ်တွေကို ကြိုတွက်တတ်ကြပြီး ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကြိုတင်ကာကွယ်တတ်ကြပါတယ်။ 

ကဲ.. မီးခိုးရောင်ချစ်သူတို့ရေ.. သင်တို့နဲ့ အချက်တော်တော်များများ တူနေတယ်လို့ မခံစားရပေဘူးလား..။

READ
အ၀တ်သားနဲ့လုပ်ထားတဲ့ အိတ်တွေကို အရောင်မမှိန်သွားဘဲ လျှော်လို့ရနိုင်မယ့် နည်းလမ်း

Nell (Aunty May)

sponsored