ကိုယ့်ကိုပြုစုစောင့်ရှောက်ခဲ့တဲ့အမေကို လုံးဝ၊လုံးဝမပြောသင့်တဲ့ စကား (၇) ခွန်း

shutterstock/jefftakespics2
Sponsored

အမေဆိုတာ ကိုယ်နဲ့အနီးကပ်ဆုံး၊ တစ်လောကလုံးမှာ ကိုယ့်ကိုအချစ်ဆုံးပါ။ ကိုယ့်ကိုမွေးဖွားပေးခဲ့ပြီး အရွယ်ရောက်အောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ကိုယ့်အမေကို စိတ်ထိခိုက်အောင် ဒီလိုစကားတွေ မပြောသင့်ပါဘူး။

(၁) ဒါကိုပြောနေတာ အခါတစ်ရာလောက်ရှိပြီ

shutterstock/jefftakespics2

အမေတွေက ကိုယ့်သားသမီးကိုစိုးရိမ်လို့ ဂရုစိုက်ဖို့အထပ်ထပ်အခါခါမှာနေတဲ့အခါ ဒါကိုပြောနေတာ အခါတစ်ရာလောက်ရှိပြီ ဆိုတဲ့စကားလုံးနဲ့ မတုံ့ပြန်လိုက်ပါနဲ့။

(၂) ပြောလည်းနားလည်မှာမဟုတ်ပါဘူး

Sponsored

ကိုယ့်အမေကအသက်ကြီးလာလို့ အခုလက်ရှိခေတ်ပေါ်အကြောင်းအရာတွေကို နားမလည်လို့မေးမြန်းတဲ့အခါ သေချာရှင်းပြပေးပါ။ ဒါကိုပြောပြတော့ရော နားလည်မှာမို့လို့လားဆိုပြီး မပြောလိုက်ပါနဲ့။ သင်အခုလက်ရှိအချိန် ပညာတတ်တစ်ယောက်ဖြစ်လာအောင် အမေကပံ့ပိုးပေးခဲ့တာပါ။

(၃) ပိတ်ရက်ကျရင်အိမ်ပြန်မလာနိုင်ဘူး၊ သူငယ်ချင်းတွေနဲ့သွားဖို့ချိန်းပြီးပြီ

ဒါကတော့ အဝေးမှာနေတဲ့သားသမီးတွေနဲ့ပိုပြီးသက်ဆိုင်ပါတယ်။ မိဘတွေဆိုတာက သားသမီးနဲ့ဝေးနေပေမယ့် အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် အားလပ်ချိန်လေးမှာ သားသမီးတွေအိမ်ပြန်လာဖို့ မျှော်နေတတ်ကြပါတယ်။ ဒါကြောင့် ပိတ်ရက်တွေ၊ အားလပ်ရက်တွေမှာ တတ်နိုင်သလောက် အိမ်ပြန်နိုင်အောင်ကြိုးစားပါ။

READ
ကိုယ့်ရဲ့ မိသားစုတွေကို အချိန်ရှိတုန်းတန်ဖိုးထားချစ်ခင်သင့်တဲ့ အကြောင်းအရင်းများ

(၄) အလုပ်များနေတယ်၊ ဖုန်းမခေါ်ပါနဲ့

Freepik-freepik

ကိုယ့်အမေကဖုန်းခေါ်တဲ့အခါ အလုပ်များနေတယ်၊ ဖုန်းမခေါ်ပါနဲ့ ဆိုပြီး မပြောလိုက်ပါနဲ့။ အလုပ်များနေလို့ နောက်မှပြန်ဆက်လိုက်မယ်လို့ပဲပြောသင့်တာပါ။

(၅) အမေကအိုနေပါပြီ

မိသားစုခရီးအတူထွက်ဖို့တိုင်ပင်ကြတဲ့အခါမျိုးမှာ အမေကအိုနေပြီ၊ အသက်ကြီးနေပြီ လိုက်လို့ဖြစ်ပါ့မလားဆိုတဲ့ စကားမျိုးကိုမပြောပါနဲ့။ ကိုယ့်ဘက်က အမေ့အသက်အရွယ်နဲ့ပတ်သက်လို့ အမှန်တကယ်စိုးရိမ်တယ်ဆိုရင် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပိုလုပ်ပေးပါ။

(၆) သားသမီးတွေကိုရောဂရုစိုက်ခဲ့လို့လား

shutterstock/Krakenimages

ဒီစကားကတော့ အမေတွေကို စိတ်အထိခိုက်စေဆုံးစကားလို့ ပြောရမှာပါ။ အမေဆိုတာ သားသမီးတွေအပေါ်မှာ ကိုယ်ဝန်ရှိမှန်းသိတဲ့အချိန်ကနေစလို့ မွေးလာတဲ့အချိန်၊ လူလားမြောက်တဲ့အချိန်ထိ အမြဲတမ်းဂရုစိုက်ခဲ့တာပါ။ ဒါကြောင့် သားသမီးတွေကိုရော ဂရုစိုက်ခဲ့လို့လား ဆိုတဲ့စကားကို လုံးဝမပြောသင့်ပါဘူး။

(၇) တစ်ခါလာလည်းဒီစားစရာတွေပဲလား

အမေတွေက သူတို့ချက်ပြုတ်ထားတဲ့အထဲက ဘယ်အစားအစာကို သားသမီးတွေမြိန်ရည်ယှက်ရည်စားတတ်လဲဆိုတာ မှတ်ထားပြီး ဒါကို ခဏခဏချက်ကျွေးတတ်ပါတယ်။ ဒါကြောင့် ဟင်းတစ်မျိုးတည်းကို ခဏခဏချက်လို့ဆိုပြီး အမေကို မငြိုငြင်ပါနဲ့။ သူမက သင်ကြိုက်တယ်ထင်လို့ချက်တာမို့ပါ။

READ
သင့်မေမေကို စိတ်ချမ်းသာစေချင်တယ်ဆိုရင် ဒီ (၅) ချက်လေးနဲ့ စိတ်ချမ်းသာစေနိုင်ပါတယ်...

RAY

sponsored