ပခုံးနဲ့နောက်ကျောမှာ ပေါက်တတ်တဲ့ဝက်ခြံတွေကို သက်သာစေမယ့်နည်းလမ်းများ

Freepic-artcherich
Sponsored

ဝက်ခြံဆိုတဲ့ အမျိုးက မျက်နှာအသားအရေတခုတည်းမှာတင် ပေါက်တာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ နေရာအနှံမှာ ပေါက်တတ်ပြီး အထူးသဖြင့် ပခုံးနဲ့ နောက်ကျောဘက် ကျောကုန်းနေရာတွေမှာပါ အများအားဖြင့် ပေါက်တတ်ပါတယ်။ ပခုံးနဲ့ကျောကုန်းမှာ ရှိတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် အခုပြောပြပေးမယ့် နည်းလမ်းလေးတွေက အသုံးတည့်မှာ အသေအချာပါ။

(၁) Tea Tree Oil

Freepik-jcomp
Sponsored

Tea Tree Oil ဟာ ဝက်ခြံတွေ ကုသရာမှာ အစွမ်းထက်တဲ့ သဘာာဝအဆီတမျိုးဖြစ်ပြီး ဘက်တီးရီးယားတွေ၊ ချွေးနဲ့ ဖုန်မှုန့်တွေကြောင့် ဖြစ်တဲ့ ဝက်ခြံတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ပခုံးနဲ့ ကျောကုန်းက ဝက်ခြံတွေကို အိပ်ရာဝင်ကာနီးတိုင်း Tea Tree Oil အနည်းငယ်လိမ်းပေးခြင်းအားဖြင့် သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

(၂) သံပုရာရည်

READ
သခွားသီးကြိုက်သူများအတွက် တစ်နေ့၂ပေါင်ကျစေမယ့် သခွားသီး diet လုပ်နည်း
Freepik- khumthong

မျက်နှာအသားအရေမှာ ဖြစ်တဲ့ ဝက်ခြံတွေအတွက် သံပုရာရည်ကို အသုံးမပြုစေချင်ပေမယ့် ပခုံးနဲ့ နောက်ကျောဘက် ကျောကုန်းမှာ ဖြစ်တဲ့ ဝက်ခြံတွေအတွက်တော့ သံပုရာရည်ကို အသုံးပြုနိုင်ပါတယ်။ သံပုရာရည်ကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံရှိတဲ့နေရာတဝိုက် လိမ်းကျံကာ နာရီဝက်လောက်အကြာမှ ရေနဲ့ပြန်လည်ဆေးကြောပေးရမှာပါ။

(၃) ရှားစောင်းလက်ပပ်

Freepik-Racool_studio

ရှားစောင်းလက်ပပ်ပင်ကရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို ဝက်ခြံရှိတဲ့ အသားအရေနေရာပေါ် သုတ်လိမ်းပြီး နာရီဝက်လောက်ထားပေးပြီးရင် ရေနဲ့ပြန်လည်ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

(၄) အုန်းဆီ

Freepik-khumthong

အုန်းဆီဟာဆိုရင်လည်း ဘက်တီးရီးယားနဲ့ ချွေးကြောင့် ပေါက်တဲ့ ဝက်ခြံတွေကို ကုသပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ကာနီးတိုင်း အုန်းဆီကို ပခုံးနဲ့နောက်ကျောဘက်မှာ လိမ်းကျံပေးပြီး မနက်အိပ်ရာနိုးတဲ့အခါ ရေချိုးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းတွေဟာ သဘာဝနည်းလမ်းဖြစ်တာကြောင့် ဝက်ခြံတွေ သက်သာချင်ရင် စွဲစွဲမြဲမြဲ လုပ်ပေးဖို့တော့ လိုအပ်ပါတယ် ပျိုမေတို့ရေ။

Calcifer

sponsored