ချစ်သူတွေ ပထမဆုံး ဒိတ်လုပ်ဖို့အတွက် အကောင်းဆုံး နေရာများ

marymarkevich/Freepik
Sponsored

တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားပြီး ချစ်သူ ဖြစ်ပြီးကြတဲ့နောက်မှာတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပိုပြီး သိလာဖို့ ဒိတ်လုပ်တာမျိုး၊ အမှတ်တရတွေ ဖန်တီးချင်လို့ ဒိတ်လုပ်တာမျိုး၊ ဒီအတိုင်း ကိုယ့်ကောင်လေး၊ ကောင်မလေးလေးနဲ့ ဒိတ်လုပ်ချင်တာမျိုး စတာတွေအတွက် နေရာ ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ ချစ်သူတွေနဲ့ အလိုက်ဖက်ဆုံး ဒိတ်လုပ်လို့ ကောင်းတဲ့ နေရာလေးတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။

၁။ ကော်ဖီဆိုင်

Sponsored

စုံတွဲတွေ အရွေးအများဆုံး နေရာတစ်ခုက ကော်ဖီဆိုင် ဖြစ်ပါတယ်။ ကော်ဖီပူပူလေး တစ်ခွက်ရယ်၊ ချစ်သူလေးနဲ့ စကားစမြည် ပြောရတာလေးတွေက တကယ့်ကို စုံတွဲတွေအတွက် အမှတ်တရကောင်းတွေ ဖြစ်လာစေပါတယ်။ ကော်ဖီဆိုင်လေးတွေကို မြင်တိုင်း အချစ်ရဲ့ အမှတ်တရလေးတွေကို ပြန်သတိရစေတာမျိုးမို့ ကော်ဖီဆိုင်က ဒိတ်လုပ်သင့်တဲ့ နေရာ တစ်ခုပါပဲ။

READ
အစ်မဖြစ်သူ မီးမဖွားခင်ရက်ပိုင်းအလိုက ပုံလေးကို ဝေမျှလိုက်တဲ့ ယွန်းနန္ဒီလွင်မိုး
Photo by Victor Freitas from Pexels

၂။ ဆိုင်လှလှလေးတွေ

နှစ်ယောက် ဒိတ်လည်း လုပ်ရင်း ဓာတ်ပုံလှလှတွေလည်း ရိုက်ကူးချင်တယ်ဆိုရင်တော့ အခုခေတ်မှာ အသစ်ဖွင့်တဲ့ ဆိုင်လှလှလေးတွေကို ရွေးချယ်သင့်ပါတယ်။ ကော်ဖီ၊ ဖျော်ရည်အမျိုးမျိုးနဲ့ ကိတ်မုန့်အမျိုးမျိုး ရောင်းချတဲ့ တစ်ချို့ဆိုင်တွေက ရိုမန့်တစ်ဆန်ဆန် အလှဆင်ထားတတ်ကြပါတယ်။ ဒီလိုဆိုင်လေးတွေက ချစ်သူတွေ ဒိတ်လုပ်ဖို့ သိပ်ကောင်းတဲ့ နေရာလေးတွေပါ။ အမှတ်တရ ပုံလှလှလေးတွေကို ရိုက်ကူးရင်း အမှတ်တရတွေ ဖြစ်စေမယ့် နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။

Photo by Khoa Võ from Pexels

၃။ ပန်းခြံ

ချစ်ရတဲ့သူနဲ့ လမ်းလျှောက်ရင်း ဒိတ်တဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့ မရပါဘူး။ အတူတူ လမ်းလျှောက်ရင်း လမ်းဘေးက ဆိုင်လေးမှာ ရေခဲမုန့် အတူဝယ်စားတာမျိုးက တကယ့်ကို ဘယ်တော့မှ မမေ့သွားစေမယ့် အမှတ်တရ ဖြစ်သွားစေမှာပါ။ ဒါ့အပြင် ကောင်လေးက လမ်းလျှောက်နေတဲ့ ကိုယ့်ကို ဓာတ်ပုံရိုက်ပေးမယ်ဆိုရင်တော့ လုံးဝ ပြီးပြည့်စုံတဲ့ ဒိတ်ကလေး ဖြစ်စေမှာပါနော်။

READ
ပရိသတ်တွေ ကြွေနေရတဲ့ မိုရီဆာကီဝင်းရဲ့ ပွဲတက် ပုံရိပ်များ
Freepik.com

၎။ Public Area

တစ်ချို့သော Public Area တွေက ဒိတ်လုပ်ဖို့ သိပ်ကောင်းပါတယ်။ ရန်ကုန်မှာဆိုရင် ကန်ဘောင်မှာ အတူထိုင်ပြီး လူတွေကို ထိုင်ကြည့်တာမျိုး၊ တခြားမြို့တွေမှာဆိုရင်လည်း တံတားပေါ်ကနေ နေဝင်ချိန် အတူကြည့်တာမျိုး၊ ဘာသာရေးတူတဲ့ ချစ်သူဆိုရင် အတူတူ ကောင်းမှု လုပ်ရင်း ဆုံကြတာမျိုးက သင်တို့ရဲ့ အချိန်တွေကို သဘာဝကျကျ ရင်းနှီးမှု ဖြစ်သွားစေပါလိမ့်မယ်။

Kham

sponsored