ပိုနီတေးစည်းရတာမှ ကြိုက်တဲ့ပျိုမေတို့အတွက် အလှဆုံးပိုနီတေးဆံပင်စည်းနည်းများ

Sponsored

ပျိုမေတို့အတွက် အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ကျောင်းတွေ၊ အလုပ်တွေသွားတဲ့အခါပဲဖြစ်ဖြစ် အ၀တ်အစားဖက်ရှင်သာမက ဆံပင်ပုံစံလေးလှဖို့ကလည်း အရေးကြီးပါတယ်။ ဆံပင်တိုတဲ့သူ၊ ရှည်တဲ့သူ အားလုံးအတွက် အမိုက်စား ပိုနီတေးစည်းနျှောင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆံပင်တိုတွေအတွက် ပိုနီတေး

ဆံပင်တိုလေးတွေလည်း ပိုနီတေးလှလှလေး စည်းလို့ရပါတယ်။ ချစ်စရာကောင်းပြီး သွက်လက်တဲ့ပုံစံလေးမို့ ပိုနီတေး တိုတိုလေး စည်းမယ်ဆို ဒီပုံစံလေးလုပ်ကြည့်ပါနော်။

pinterest
pinterest
pinterest

(၂) ဆံပင်ရှည်တွေအတွက် ပိုနီတေး

Sponsored

ဆံပင်အရှည်တွေကို ပိုနီတေးစည်းတဲ့အခါ၊ ဆံပင်အရှည်ဝိတ်ကြောင့် စည်းထားတာက ခဏလေးနဲ့ လျော့ရဲလာပြီး ပိုနီတေးက ကြည့်မကောင်းဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆံပင်တွေကို အပေါ်ဘက်ကို သိမ်းယူပြီး ခပ်တင်းတင်းလေး စည်းပေးရမှာပါ။ ဆံပင်အရှည်တွေအတွက် ပိုနီတေးလေးတွေက ဒီမှာပါ။

pinterest
pinterest
pinterest

(၃) ကျစ်ဆံမြီး ပိုနီတေး

pinterest
pinterest
pinterest

ဆံပင်တွေကို စုစည်းပြီး ကျစ်ဆံမြီးလေးတွေနဲ့ အလှဆင်ထားတဲ့ပုံစံပါ။ ချစ်စရာပိုကောင်းသွားတာ အသေအချာပါပဲ။

READ
အရွယ်နဲ့မလိုက်အောင် နုပျိုပြီး အချိုးအစားကျလွန်းနေတဲ့ Cher ရဲ့ နုပျိုခြင်းလျှို့ဝှက်ချက်

(၄) ဆံပင်အကောက်ပိုနီတေး

pinterest

ပျိုမေတို့ ဆံပင်ကောက်ထားတဲ့အခါ ဆံပင်ကို ဖြန့်ချထားတာများပြီး စည်းထားတယ်ဆိုတာ ရှားပါတယ်။ ဆံပင်အကောက်တွေကို စည်းလိုက်ရင် ပုံမကျတော့ဘဲ လှလည်းမလှဘူးလို့ ထင်နေကြတာပါ။ တကယ်တော့ ဆံပင်အကောက်ကို ဒီလိုလေးတွေ စည်းလိုက်မယ်ဆို လှလည်းလှ ပုံစံအဟောင်းတွေကနေလည်း ကွဲထွက်သွားပြီပေါ့။

pinterest
pinterest

MAY THAZINHTOO

sponsored