အလွန်အကျွံစားရင် ကျန်းမာရေးကို ထိခိုက်နေနိုင်လို့ သတိထားသင့်တဲ့ အစားအသောက်များ

doucefleur/Freepik
Sponsored

အစားအသောက်က လူနဲ့တည့်တယ် ဆိုကြပေမယ့် အစားအသောက်တိုင်းတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တွေ ရှိသလို ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအသောက်တွေလည်း ရှိပါတယ်။ လက်ရှိမှာ လူကြိုက်များနေတဲ့ အစားအသောက်တွေထဲမှာမှ အလွန်အကျွံစားရင် ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အစားအသောက်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Spicy Ramen

Sponsored

Spicy လို့ ခေါ်ဝေါ်ပြီး လူငယ်တွေ အကြိုက်များနေတာကတော့ ကိုရီးယားခေါက်ဆွဲအစပ်ထုပ်တွေပဲ ဖြစ်ပါတယ်။ အစပ်ပမာဏများတာကြောင့် ပုံမှန် မကြာခဏ စားဖြစ်နေမယ်ဆိုရင် အစာအိမ်ကို ထိခိုက်စေနိုင်ပါတယ်။

topntp26/Freepik

(၂) BBQ

အကင်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ တော်တော်များများ သိကြပါတယ်။ အကင်တွေကို နေ့စဉ် ရက်ဆက်လိုလို မကြာခဏသာ စားနေမယ်ဆိုရင်တော့ သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေမှာပါ။

READ
မနက်စာအတွက် အလွယ်တကူ ပြုလုပ်ပြီး စားနိုင်တဲ့ sandwich လုပ်နည်းများ

(၃) ခေါက်ဆွဲခြောက်

ခေါက်ဆွဲခြောက်ဆိုတာကလည်း လူတိုင်းရဲ့ မရှိမဖြစ်လိုကို အရမ်းကြိုက်နေကြပါတယ်။ ခေါက်ဆွဲခြောက်ကို ရေရှည်အမြဲ စားသုံးတာက ဆံပင်ကျွတ်စေတတ်သလို စိတ်တိုစိတ်ဆတ်လာတာတွေ ဖြစ်လာတတ်တယ်လို့ လေ့လာမှုတွေလည်း ရှိထားပါတယ်။

user6740038/Freepik

(၄) မီးမလို အသင့်စားဟော့ပေါ့

အင်တာနက်ပေါ်ကနေ ရောင်းချနေကြတာများပြီးလူစိတ်ဝင်စားပြီး ဝယ်ယူစားသောက်နေကြတာ ရှိပါတယ်။ အများစုကတော့ တရုတ်နိုင်ငံက ဝင်ရောက်တာ ဖြစ်ပြီး ဒီပစ္စည်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ပိတ်ပင်ထားပါတယ်။

(၅) Energy Drink

မသောက်ရမနေနိုင်အောင်ကို energy drink တွေကို အချိုရည်ကဲ့သို့ နေ့တိုင်း သောက်သုံးသူတွေ ရှိပါတယ်။ တကယ်က ပင်ပန်းနွမ်းနွယ်လွန်းတဲ့အချိန်မှာ ယာယီအားအင်ပြန်ဖြည့်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားကြတာ ဖြစ်ပါတယ်။ နေ့တိုင်းလိုလို သောက်တာက ကဖင်းဓာတ် လွန်ကဲတာအပြင် ရေရှည်မှာ ဆီးချိုသွေးချို ဖြစ်နိုင်တဲ့ အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။

READ
ပိတ်ရက်မှာ လွယ်လွယ်ကူကူ လုပ်စားလို့ရတဲ့ ကိုးရီးယားစတိုင်လ် ကြက်အစပ်ကြော်

Kham

sponsored