ကိုယ့်ကိုယ်ကို ချစ်တတ်လာဖို့ အကောင်းဆုံး ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်လေးတွေ

shutterstock/  MediaGroup_BestForYou
Sponsored

ကိုယ့်ကိုယ်ကို ချစ်တတ်အောင်နေဖို့ ပြောလိုက်ရင် လူတော်တော်များများက ဘယ်သူက ကိုယ့်ကိုယ်ကို မချစ်ပဲ နေမလဲဆိုပြီး တွေးတတ်ကြတယ်။ တကယ်တော့ လူတိုင်းက ကိုယ့်ကိုယ်ကို မချစ်တတ်ကြပါဘူး။ သူတို့ကိုယ်တိုင် လုပ်နေမိတဲ့အမှားတစ်ချို့က ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဥပမာ – ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တဲ့ စိတ်တွေ ဒါဟာ ကိုယ့်ကို မချစ်လို့ လုပ်မိနေတတ်တာ မဟုတ်လား နောက်ပြီး ကိုယ့်ကိုယ်ကို လျစ်လျူရှုမိတာတွေ စသဖြင့် အများကြီးပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ချစ်တတ်တဲ့သူ တစ်ယောက်ဖြစ်လာဖို့ ဒါလေးတွေကို ဖြည်းဖြည်းချင်း လုပ်ဆောင်ကြည့်ပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ခံစားချက်တွေက ပိုလတ်ဆတ် အသက်ဝင်လာမှာ ဖြစ်ပါတယ်။

နေ့တိုင်း ကိုယ့်အတွက် အချိန်လေး ပေးတာ

shutterstock/SunKids

လူတွေအရင်ဆုံး ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့ မသင်ယူခင်မှာ ကိုယ့်ကိုယ်ကို နားလည်ဖို့ သင်ယူတတ်ရပါမယ်။ ဒီလို ကိုယ့်ကိုယ်ကို နားလည်လာဖို့ဆိုရင်တော့ တစ်ယောက်တည်း သီးသန့်အချိန်လေး လိုအပ်ပါတယ်။ တစ်ခါတစ်လေ အလုပ်တွေ အရမ်းပင်ပန်းတဲ့ နေ့တွေမှာ တစ်ယောက်တည်း အနားယူတာ၊ စိတ်တွေ မွမ်းကျပ်နေတဲ့အချိန်မှာ ခဏလောက် ကိုယ့်အတွက် သီးသန့်အချိန်လေးပေးတာ၊ စိတ်ကြည်လင်နေတဲ့ နေ့တွေမှာ အတွေးကောင်းလေးတွေအတွက် ကိုယ့်တစ်ယောက်တည်း အချိန်ယူတာ စသဖြင့် နေ့ရက်တိုင်းမှာ ကိုယ့်အတွက် သီးသန့်အချိန်လေး ရှိနေသင့်ပါတယ်။

READ
Okinawa နိုင်ငံတကာရုပ်ရှင်ပွဲတော် အမှတ်တရတွေကို ကိုရန်လေး ဝေမျှ

ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံပါ

shutterstock/ Branislav Nenin
Sponsored

လူတစ်ယောက်ရဲ့ ခံစားချက်တွေဟာ ထိန်းချုပ်နိုင်ဖို့ အရမ်းကို ခက်ခဲလွန်းပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ဆိုတဲ့ ကုသမှုတော့ လိုအပ်တတ်ပါတယ်။ ဒီတော့ လက်ရှိမှာ ကိုယ်ဖြစ်နေတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံလိုက်တာ အကောင်းဆုံးပါပဲ။ ဥပမာ- တစ်စုံတစ်ယောက်ကို ချစ်နေတဲ့ စိတ် အဲဒီ့လူက ကိုယ့်ကိုယ်ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ ကိုယ်က သူ့ကိုချစ်နေတဲ့ စိတ်ကိုတော့ လက်ခံတတ်ရမှာပါပဲ။ ဒီလိုပဲ အသည်းကွဲတဲ့ စိတ်၊ ပျော်ရွှင်တဲ့ စိတ်၊ ဝမ်းနည်းစိတ် စသဖြင့်ပေါ့ ကိုယ့်ရဲ့ ခံစားချက်တွေကို အတင်းငြင်းဆန်မနေပဲ အရှိအတိုင်းလေးပဲ လက်ခံပါ။ နောက်မှ မဖြစ်နိုင်တဲ့ အရာတွေအတွက် အချိန်နဲ့ ဖြည်းဖြည်းချင်း ကုစားကြရအောင်။

ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ပါ

shutterstock/ New Africa

ဝတဲ့သူပဲ ဖြစ်ဖြစ်၊ ပိန်တဲ့ သူပဲ ဖြစ်ဖြစ်၊ ရုပ်ချောတဲ့ သူပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့ သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့  ခန္ဓာကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါ။ ကိုယ့်ရဲ့ ဖြစ်တည်မှုလေးကို ချစ်တတ်အောင် ကြိုးစားကြည့်ပါ။ လူတိုင်းမှာ အလှကိုယ်ဆီနဲ့ အားသာချက်တွေ ကိုယ်စီရှိနေတယ်ဆိုတာကို မမေ့ပါနဲ့နော်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ပြီး ကိုယ့်ကိုယ်ကို လက်ခံတတ်လာတဲ့အခါ သင်ဟာ ကြည့်ကောင်းတဲ့သူ တစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲ။ ဒီတော့ တစ်နေ့တစ်နေ့ မှန်ရှေ့ရပ်ပြီး သိမ်ငယ်တဲ့ အတွေးတွေကို ဖျောက်သင့်ပါပြီ။

READ
'Hi Bye, Mama!' ရိုက်ကွင်းနောက်ကွယ်က  Kim Taehee ရဲ့ ပုံရိပ်များ

အဆိပ်အတောက်ဖြစ်စေတဲ့ relationship တွေကို ဖြတ်ပါ

shutterstock/ epixproductions

ကိုယ့်ရဲ့ ဘဝမှာ အဆိပ်အတောက်တွေ များနေရတဲ့၊ ဘဝမှာ ပျော်ရွှင်စရာတွေ နည်းပါးရတဲ့ အကြောင်းအရင်းက အဆိပ်အတောက်များတဲ့ သူတွေနဲ့ ဆက်ဆံနေမိလို့ပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အနေနဲ့ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်နေတဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေ စသဖြင့်ပေါ့ သူတို့နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါ။ ဒါက သင့်ကို ပိုပျော်ရွှင်လာစေမှာ ဖြစ်ပါတယ်။ အရင်ဆုံး ကိုယ့်ကိုယ်ကိုပဲ ချစ်တတ်ဖို့ကို အာရုံစိုက် လုပ်ဆောင်ပါ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ သင့်အပေါ် မှန်ကန်တဲ့သူတွေကို သင်ရွေးချယ်တတ်လာမှာ ဖြစ်ပါတယ်။

Khin

sponsored