မြို့ပြက မပေးစွမ်းနိုင်တဲ့ လောကကြီးရဲ့ အဖိုးတန် စိတ်ခံစားချက်လေးများ

Photo by Artem Beliaikin from Pexels
Sponsored

မြို့ပြဆိုတာ ခေတ်မီပစ္စည်းတွေနဲ့ ပြည့်နေလို့ နေရ ထိုင်ရ သက်သာသလို ရှိတယ် ထင်ရပေမယ့်လည်း နေ့တိုင်း ဖြတ်သန်းနေတာကို ပြန်စဉ်းစားကြည့်ရင်း မွန်းကြပ်စရာ သိပ်ကောင်းပါတယ်။ လူဦးရေ သိပ်သည်းတာ၊ အနံ့တွေ ပေါင်းစုံနေတဲ့ ဈေးတန်းတွေ၊ ငွေအတွက် ပူပင်နေရတဲ့ မျက်နှာတွေ၊ အလုပ်တွေကို စက်ရုပ်လို လုပ်နေရတာတွေနဲ့ပဲ ပြည့်နှက်နေတဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ ဒီလို မြို့ပြမှာ မရတဲ့ အဖိုးတန် ခံစားချက်တွေက လောကမှာ ရှိနေပါသေးတယ်။

စိမ်းစိုတဲ့ မြင်ကွင်းနဲ့ နှစ်လိုတဲ့ စိတ်

Sponsored

ဥယျာဉ်တွေ၊ ပန်းခြံတွေမှာ စိမ်းစိုတဲ့ သစ်ပင် ပန်းမန်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲ့ထက် ဆယ်ဆ မက ပိုလှတဲ့ သဘာဝကြီးကတော့ မြို့ပြနဲ့ ဝေးရာ အရပ်မှာပဲ ရှိပါတယ်။ စိမ်းစိုတဲ့ လယ်ကွင်းတွေ၊ သစ်ပင်တွေ၊ တောင်ကုန်းတွေ စတဲ့ မြင်ကွင်းတွေကို ကြည့်လိုက်တာနဲ့ စိတ်ထဲ နှစ်လိုမှုတွေ အပြည့် ဖြစ်သွားစေပါတယ်။ ဒီလို ခံစားမှုတွေကို ဘဝမှာ အနည်းဆုံး တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တာမို့ မြို့ပြမှာပဲ မနေသင့်ပါဘူးနော်။

READ
အမြဲ ပျော်ရွှင်ရတဲ့ သူတစ်ယောက် ဖြစ်ဖို့ သင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အရာများ
Photo by Archie Binamira from Pexels

တိမ်တွေနဲ့ မြင်ကွင်းကျယ်နဲ့ ကြည်လင် လန်းဆန်းသွားတဲ့ စိတ်

မြို့ပြမှာ အလုပ်တွေ လုပ်ရင်းနဲ့ အနားယူခဲ့ရင်တောင်မှာ ကောင်းကင် ကြည်လင်နေတာကို သတိထားကြည့်ဖို့ မေ့နေတတ်ကြပါတယ်။ မြို့ပြမှာတော့ တိမ်တွေ အထပ်လိုက်နဲ့ အတူ ပတ်ဝန်းကျင် သဘာဝအလှတွေကို ငေးမော ကြည့်လို့ မရပါဘူး။ မြို့ပြကနေ ထွက်ခဲ့ပြီး တောင်တန်းတွေ ရှိတဲ့ အရပ်ကို ခရီးထွက်ကြည့်ရင်တော့ ဒီလို ခံစားမှုတွေကို ရမှာပါ။

pixabay/pexels

မတူညီတဲ့ ဓလေ့တွေနဲ့ အံ့သြစူးစမ်းစရာ စိတ်

တစ်ယောက်နဲ့ တစ်ယောက် မေးထူးခေါ်ပြောတွေ၊ ရိုးနေပြီ ဖြစ်တဲ့ ပုံစံတွေကို မြို့ပြမှာ အမြဲ တွေ့နေရမှာပါ။ မြို့ပြကနေ တခြားသော ဒေသတွေကိုသာ ခရီးထွက်မယ်ဆိုရင်တော့ ဈေးရောင်းချတဲ့ ပုံစံတွေ၊ စားသောက် နေထိုင်ပုံတွေကို အမြင်တစ်မျိုးဆန်းပြီး တွေ့ကြရမှာပါ။ ဒီလိုမျိုး ပတ်ဝန်းကျင်က သင့်ကို ပိုပြီး သိလိုစိတ်တွေတောင် ဖြစ်စေပြီး အံ့သြစေမှာပါနော်။

READ
လှချင်တဲ့ မိန်းမသားတို့ ကြုံတွေ့ရတဲ့ ရယ်စရာအလွဲလေးများ
Photo by Baihaki Hine from Pexels

စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်တွေ

တောင်တွေကို ကွေ့ပတ်ပြီး ခရီးသွားရတာ၊ တောင်အဆင့်ဆင့်ကို ကျော်ဖြတ်သွားရတာနဲ့ တိမ်တွေ နဲ့ ရင်ဘောင်တန်းနေတဲ့ အရပ်ကနေ အောက်ခြေကို ပြန်ငုံကြည့်ရတာမျိုးတွေ ချောက်တွေကို ဖြတ်ပြီး ဆောက်ထားတဲ့ တံတားတွေပေါ်က ဖြတ်သွားတာမျိုးတွေကို ခံစားရဖို့က မြို့ပြရဲ့ အဝေးမှာပဲ ခံစားလို့ ရတာပါ။

Snapwire/Freepik

သဘာဝဆန်တဲ့ အငွေ့အသက်တွေ

တိမ်ပြာပြာတွေ၊ ကွေ့ကောက်တဲ့ လမ်းတွေ၊ တောင်တွေ ကြားကို ဖြတ်သွားရတာတွေနဲ့ သစ်ပင်တွေ ရေတွေကို ဖြတ်ပြီး လာတဲ့ လေတွေကို ရှူရှိုက်ရင်း စိမ်းစိုနေတဲ့ မြင်ကွင်းတွေကို မြင်ရတာမျိုးကို မြို့ပြမှာ လုံးဝ ခံစားလို့ မရနိုင်ပါဘူး။ မြို့ပြကနေ ထွက်လာပြီး ဒီလို အရသာတွေကို တဝကြီး ခံစားလို့ ရနိုင်တာကတော့ လုံးဝ အနှစ်ပါပဲ။

Kham

 

sponsored