အများအားဖြင့် ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အစားမရွေးပဲ အကုန်စားတတ်တာမျိုးကို လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့အစားအစာတွေက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးအတွက် ထိခိုက်စေတဲ့အတွက် ရှောင်သင့်တဲ့ အစားအစာတွေ ရှိလို့နေပါတယ်နော်။ ဒီအစားအစာတွေက ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ မစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
ကဖိန်း

တော်တော်များများ စွဲလန်းစွာ သောက်တတ်ကြတဲ့ ကော်ဖီလိုမျိုး ကဖိန်းဓာတ်ပါတဲ့ အရာတွေက ကိုယ်ဝန်ဆောင်မိခင်အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ကဖိန်းဓာတ်နဲ့ ကိုယ်ဝန်ဆောင်မှုလွဲချော်စေမှုဟာ ဆက်စပ်နေပြီး လေ့လာချက်တွေအရ တစ်နေ့ကို ကဖိန်းဓာတ် 74% စားသုံးခြင်းက ကိုယ်ဝန်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စ သုံးလမှာ တစ်နေ့ကို ကဖိန်းဓာတ် 200 mg လောက်သာ သောက်သုံးသင့်ပါတယ်။
Deli meat

အလွယ်တကူပဲ စူပါမားကတ်တွေမှာ ဝယ်ယူလို့ရတဲ့ sandwich တွေထဲမှာ ထည့်စားတဲ့ အသားတွေဟာ ကိုယ်ဝန်ဆောင်သည်တွေအတွက်တော့ အန္တရာယ်ဖြစ်စေပါတယ်။ အဲဒီ့အသားပြားတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကြောင့် ကိုယ်ဝန်ဆုံးရှုံးတာတွေ၊ ကလေးကို ထိခိုက်စေတာ၊ ပိုးဝင်တာမျိုး ဖြစ်တတ်တာကြောင့် စားသုံးဖို့ မသင့်ပါဘူး။
သေချာမကျက်တဲ့ ကြက်ဥ

ကိုယ်ဝန်ဆောင်မိခင်တွေက သေချာမကျက်တဲ့ ကြက်ဥတွေကို စားမိတဲ့အခါ အစာအဆိပ်သင့်တာမျိုး ဖြစ်စေနိုင်ပြီး သန္ဓေသားလေးအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒီလို အစာအဆိပ်သင့်မှုမျိုးက ကလေးမွေးလာတဲ့အခါ ကလေးဖျားတာ၊ ဝမ်းလျောတာနဲ့ ဦးနှောက်အမြှေးပါးရောင်ရောဂါမျိုးတွေပါ ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ သေချာကျက်တဲ့ ကြက်ဥကိုသာ စားသင့်ပါတယ်။
သေချာမကျက်တဲ့ အသားတွေ

သေချာကျက်အောင် မချက်ထားတဲ့ အသားတွေ၊ သေချာမကျက်တဲ့ အသားကင်တွေ၊ steak တွေကို ကိုယ်ဝန်ဆောင်တွေ စားသုံးဖို့ မသင့်ပါဘူးနော်။ ဒါတွေကို စားလိုက်မိတဲ့အခါ ဘက်တီးရီးယားဝင်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ပိုးဝင်ရောက်တာ၊ အစာအဆိပ်သင့်တာနဲ့ တစ်ခြားသော ပိုးကူးစက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ပြီး ကလေးအတွက် အာရုံကြောရောဂါတွေ၊ အမြင်အာရုံချို့တဲ့တာ၊ ဥာဏ်ရည်နိမ့်တာ စသဖြင့် ဖြစ်နိုင်လို့ လုံးဝမစားသင့်ပါဘူးနော်။
Khin