စင်းလုံးချော မိတ်ကပ်ပြင်ဆင်မှုကိုရဖို့အတွက် မိတ်ကပ်ပညာရှင်တွေ သုံးတဲ့နည်းလမ်း(၆)ခု

Sponsored

ကိုယ်တိုင်မိတ်ကပ်လိမ်းတဲ့အခါ မိတ်ကပ်ပညာရှင်တွေ လိမ်းပေးသလောက်တော့ စိတ်တိုင်းမကျကြတာအမှန်ပါ။ ပျိုမေတို့ ပွဲတက်ဖို့ပဲဖြစ်ဖြစ်၊ထသွားထလာအတွက်ပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းတဲ့အခါတိုင်း စိတ်တိုင်းကျတဲ့ perfect makeup look ကိုရဖို့ မိတ်ကပ်ပညာရှင်တွေသုံးတဲ့ နည်းလမ်းလေးတွေကို အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

(၁) မိတ်ကပ်မလိမ်းခင်တိုင်းမှာ sponge လေးတွေကို ရေဆေးပါတယ်

shutterstock

မိတ်ကပ်မလိမ်းခင်မှာ sponge လေးတွေကို ရေဆေးပြီး tower လေးနဲ့ရေတွေကိုပြန်စုပ်ထုတ်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက sponge မှာ ပေနေတဲ့မိတ်ကပ်နဲ့အညစ်အကြေးတွေကို သန့်ရှင်းပြီးသားလည်းဖြစ်စေတဲ့အပြင်၊ နောက်ထပ်လိမ်းမယ့် ဖောင်ဒေးရှင်းကို အရောင်မှန်မှန်ထွက်အောင်လည်း ကူညီပေးပါလိမ့်မယ်။ မဟုတ်ရင် sponge မှာပေနေတဲ့ မိတ်ကပ်တွေကြောင့် ထပ်လိမ်းမယ့် မိတ်ကပ်အရောင်ထွက် မမှန်တာမျိုးဖြစ်တတ်တာကြောင့် လိုချင်တဲ့ makeup look ကိုမရတာမျိုးဖြစ်စေနိုင်ပါတယ်။

(၂) မျက်ခုံးမွေးလေးတွေကို သဘာဝကျအောင် ဆွဲတယ်

shutterstock
Sponsored

မျက်ခုံးမွေးက မျက်နှာအလှအတွက် အသက်ပါ။ makeup artist တွေက မျက်ခုံးမွေးကို အပြားလိုက်ထူထူခဲခဲပုံစံမျိုး မဆွဲပါဘူး။ သဘာဝကျတဲ့ ခပ်ပါးပါးပုံစံမျိုး၊ မျက်ခုံး မွေးပေါက်တဲ့ပုံစံအတိုင်းအလိုက်သင့်ဆွဲတာမျိုးပဲ တွေ့ရတာပါ။

READ
ဖက်ရှင်ဘုရင်မလို့ တင်စားခံရတဲ့ Yoon Eun Hye ရဲ့ ဖက်ရှင်ဒီဇိုင်းများ

(၃) အရေးအကြောင်းနဲ့အပြစ်အနာအဆာတွေကိုသေချာဖုံးတယ်

shutterstock

perfect makeup look ကိုရချင်တယ်ဆိုရင် မျက်နှာပေါ်မှာ ရှိနေတဲ့ အရေးအကြောင်းနဲ့ အပြစ်အနာအဆာတွေကို သေချာဖုံးအုပ်မှရမှာပါ။ အရေးအကြောင်း၊ ၀က်ခြံနဲ့ အမာရွတ်တွေကိုကောင်းကောင်းဖုံးအုပ်ဖို့ဆိုရင်တော့ ကွန်ဆီလာကို မှန်မှန်ကန်ကန်ရွေးချယ်အသုံးပြုတတ်ဖို့လိုပါတယ်။ ကွန်ဆီလာမှာ အနီ၊အစိမ်း၊ပန်းရောင်၊ခရမ်းရောင် စသဖြင့်ရွေးချယ်စရာအရောင်တွေအများကြီးရှိတာကြောင့် ဆိုင်မှာသေချာရွေးချယ်ဝယ်ယူပါ။

(၄) makeup palette လေးတွေသုံးတယ်

pinterest

စတီးလ်ပြား၊ ဒါမှမဟုတ် မှန်လေးတွေကို သန့်စင်အောင်ဆေးကြောသုတ်သင်ပြီး မိတ်ကပ်စပ်တဲ့ palette လေးတွေအဖြစ်သုံးပါ။ အသားပေါ်မှာမလိမ်းခြယ်ခင်မှာ ဖောင်ဒေးရှင်း၊ ပေါင်ဒါ၊ နှုတ်ခမ်းနီ စတာတွေကို ကိုယ်လိုချင်တဲ့အရောင်ရအောင် palette ပေါ်မှာ စိတ်ကြိုက်စပ်ပြီးမှ လိမ်းပေးမယ်ဆိုရင် ထင်ထားတာထက်ပိုလှတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးရရှိမှာပါ။

(၅) ပါးနီကိုနေရာမှန်၊ အရောင်မှန်ရွေးချယ်ပြီးလိမ်းတယ်

pinterest

မျက်နှာပုံစံကိုလိုက်ပြီး ပါးနီခြယ်ရမယ့်နေရာကမတူညီပါဘူး။ မျက်နှာဝိုင်းတဲ့သူနဲ့လေးထောင့်ဆန်တဲ့မျက်နှာဆိုရင် မျက်လုံးအောက်ပါးပြင်အလယ်နားကနေ နားရွက်နားကိုဆွဲပြီးလိမ်းရတာဖြစ်ပြီး ဘဲဥပုံမျက်နှာပိုင်ရှင်တွေက ပါးမို့ပေါ်ကနေ နားထင်နားကိုဆွဲလိမ်းရတာပါ။ အသားဖြူသူတွေက အရောင်ဖျော့ဖျော့လင်းလင်းလေးတွေကိုရွေးချယ်နိုင်ပြီး အသားလတ်သူနဲ့အသားညိုသူတွေက အရောင်ငြိမ်ငြိမ်လေးတွေကို ဦးစားပေးရွေးချယ်ရမှာပါ။

READ
စားနေကျ အစာတွေကို ဒီလိုပြောင်းပြီးစားလိုက်ရုံနဲ့ အချိန်တိုအတွင်း ၀ိတ်ကျသွားစေနိုင်ပါတယ်

(၆) မျက်လုံးအတွင်းထောင့်လေးတွေကိုမမေ့ထားပါဘူး

fabiosa

eye liner ၊ ရှဲဒိုးနဲ့ မျက်တောင်ကော့ဆေးတွေ ခြယ်ပြီးသွားရင် မျက်လုံးအတွင်းထောင့်လေးတွေကို ခြယ်ဖို့မေ့ပြီး ဒီအတိုင်းပဲထားလိုက်ကြပါတယ်။ မျက်လုံးအတွင်းထောင့်လေးတွေကို အရောင်ဖျော့ပြီးလင်းတဲ့ အိုင်းရှဲဒိုးနဲ့ ခြယ်ပေးရမှာဖြစ်ပြီး အဲ့ဒီနေရာမှာ ဘာမှမခြယ်ဘဲထားထားရင် မျက်ထောင့်နေရာမှာနီရဲနေတဲ့ပုံစံမျိုးဖြစ်တတ်တာကြောင့် မသပ်မရပ်ပုံစံမျိုး၊ ကြောက်စရာပုံစံမျိုးဖြစ်သွားစေနိုင်တာကြောင့် သတိထားရမှာပါ။

MAY THAZINHTOO

sponsored