Kim Soo Hyun အနုပညာကြေး အများကြီးယူထားတဲ့ ဇာတ်ကားရဲ့ Teaser ထွက်ရှိ

Image:tvN
Sponsored

Kim Soo Hyun ကတော့ (၂၀၁၉) ဇူလိုင် (၁)ရက်နေ့ကမှ စစ်မှုထမ်း တာဝန်ပြီး ဆုံး ခဲ့တာပါ။ဒီဇာတ်ကား ကတော့ စစ်မှုထမ်း ပြန်လာပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်ရိုက်တဲ့ ဇာတ်ကားပါ။ကိုရီးယားရဲ့  ၀င်ငွေ အ  ကောင်းဆုံး မင်းသား ဖြစ်တဲ့  Kim Soo Hyun  ကတော့ ဒီဇာတ်ကားမှာ အနုပညာ ကြေးတွေ အများကြီး ယူထားတာပါ။ဒီ ကား  က တော့ သူရခဲ့ဖူးတဲ့ အနုပညာ ကြေး တွေ ထဲမှာ အမြင့်ဆုံးပါ။ ဇာတ်လမ်းတွဲ တစ်ပိုင်းစာ အတွက် ကိုရီးယားဝမ်ငွေ သန်း(၂၀၀)၊အမေရိ ကန် ဒေါ်လာ နဲ့ဆိုရင် (168,600) တောင် ယူခဲ့တာပါ။အဲ့ဒါ ကြောင့်ပဲ ဇာတ်ကားအ ပေါ် ပရိသတ် တွေရဲ့ စိတ်ဝင်စားမှုက ပိုများနေတာပါ။ဒီ အ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။

Image:Youtube/tvN

မေလ (၂၁)ရက်နေ့မှာတော့ tvN က နေ ‘Psycho But It’s Okay’  ဆိုတဲ့ ဇာတ်ကားရဲ့  Teaser ထွက် ရှိလာ ခဲ့ပါတယ်။ဒီကားမှာတော့ Kim Soohyun နဲ့ Seo Yeji တို့ က အဓိက ပါဝင်ထား ကြပါတယ်။အချစ် အတွက် အချိန် မပေးနိုင် တဲ့ စိတ်ရောဂါ ကုသ ဆောင်မှာ အလုပ်လုပ် နေတဲ့ ၀န်ထမ်း တစ် ယောက်နဲ့ မွေးရာပါ ချို့ယွင်းမှု ကြောင့် အချစ်ဆိုတာ ဘာမှန်း မသိတဲ့ ပုံပြင် ရေးစာရေး သူ တစ်ယောက်တို့ရဲ့ အကြောင်း ပါ။Kim Soo Hyun ကတော့ Moon Kang Tae ဆိုတဲ့ ငယ်ငယ်တည်းက မိဘ တွေ ကို ဆုံးရှုံး ခဲ့ရ သူ၊အစ်ကိုဖြစ်သူက Autism ဝေဒနာ ရှင်ကို တာဝန်ယူေ စာင့် ရှောက်ရင်းဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန် နေရသူ အဖြစ် သရုပ်ဆောင်မှာပါ။ Seo Yeji ကတော့ ပုံပြင်ဆရာမ အဖြစ်နဲ့ သရုပ်ဆောင်မှာပါ။

READ
အသက်(၅၀)ပြည့်တော့မယ်လို့ လုံးဝယုံနိုင်စရာမရှိတဲ့ Kim Hye-soo
Image:Youtube/tvN
Sponsored

Teaser ရဲ့ Caption နေရာမှာတော့ အချစ် အကြောင်းကို ဖော်ပြထားတဲ့ အနည်းငယ် ထူးဆန်းတဲ့ အချစ်ဟာသ လေး  ဆိုပြီး ဖော်ပြထားပါတယ်။’Psycho but It’s Okay’  ကိုတော့ ဇွန် (၂၀)ရက်နေ့မှာ ပြသမှာပါ။ ကြားထဲမှာေ တာ့ ဧည့်သည် သရုပ်ဆောင် အ နေနဲ့ ပါဝင် ပေးတာမျိုး တွေ တော့ ရှိ ပေမယ့် (၂၀၁၅) ခုနှစ်တုန်းက ‘Producer’ ဆိုတဲ့ ဇာတ်ကားရိုက်ပြီးတည်းက Kim Soo Hyun တစ်ယောက် ဇာတ်ကား သစ် မရိုက်ဖြစ် တော့ တာ ကြာ ပါပြီ။ဒီကား ကတော့ Kim Soo Hyun ရဲ့ ပရိသတ်တွေ သေချာ ပေါက် အကြိုက် တွေ့ မယ့် ကားလေး ဖြစ်လာမှာပါ။

READ
ဒိတ်ဒိတ်ကြဲမင်းသားနှစ်လက်ကို ခြံရံပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တဲ့ PSY

#AUNTYMAY

sponsored