ရှေးရိုးစွဲအမြင်တွေကိုဖောက်ထွက်ခဲ့တဲ့ ဘီလီလျံနာလုပ်ငန်းရှင် Sheikha Hanadi

YouTube-TEDxYouth
Sponsored

အရှေ့အလယ်ပိုင်းမှာရှိတဲ့ နိုင်ငံတိုင်းလိုလိုမှာ ရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးတွေဆိုရင် အဝတ်အစားပိုင်းဆိုင်ရာ၊ အသွားအလာ၊ အနေအထိုင်မှစလို့ စာသင်ကြားမှုမရှိတာတွေ၊ လုပ်ငန်းခွင်ဝင်ခွင့်မရှိတာမျိုးတွေအထိ အမျိုးသမီးအခွင့်အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့ ခေတ်တွေပြောင်းလဲလာပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်း လူ့အသိုင်းအဝိုင်းတွေရဲ့ ခံယူချက်တွေကလည်း ပြောင်းလဲလို့လာခဲ့ပါပြီ။ လက်ရှိ ၂၁ ရာစုထဲမှာတော့ အရှေ့အလယ်ပိုင်းမှ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ထဲ တော်တော်များများ ဝင်ရောက်လာခဲ့ကြပါပြီ။ အဲဒီအထဲကမှ တချို့သောအမျိုးသမီးတွေကတော့ စီးပွားရေးလောကမှာ အမျိုးသားတွေနဲ့ တကယ့်ကို ရင်ဘောင်တန်းကာ အရည်အချင်းရှိစွာနဲ့ ဦးဆောင်ဦးရွက်ပြုနေကြပါပြီ။ အဲဒီအထဲကမှ Sheikha Hanadi ဆိုတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် အမျိုးသမီးကတော့ စီးပွားရေးလောကမှာ တကယ့် ဒိတ်ဒိတ်ကြဲပါပဲ။

Sponsored

ကာတာနိုင်ငံမှ Sheikha Hanadi Bint Nasser Al Thani ဟာ အမေရိကန်ဒေါ်လာ(၁၅)ဘီလီယံပိုင်ဆိုင်မှုတွေနဲ့ ကာတာရဲ့ ရှားရှားပါးပါးအမျိုးသမီး ဘီလီလျှံနာလုပ်ငန်းရှင်သူဌေးမတစ်ယောက်ပါ။ သူမကို စွမ်းဆောင်ရည်အများ ကြီးရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ လူအများက လက်ခံထားကြပါတယ်။ ဒီလို ထိပ်ဆုံးတစ်နေရာကိုရောက်ဖို့လည်း များစွာလုပ်ခဲ့ရတာတွေရှိပါတယ်။ ယနေ့ဒီဒေသမှာ သူမဟာ အမျိုးသမီးတွေအတွက် စံနမူနာယူစရာအမျိုးသမီးတစ်ဦးပါ။ လုပ်ငန်းတွေအောင်မြင်အောင်လုပ်နိုင်ဖို့ သူမကို နမူနာယူရတာတွေရှိပါတယ်။ ဒါကြောင့် Sheikha Hanadi ဟာ ဘယ်လိုအမျိုးသမီးလည်းဆိုတာကို အများသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

ပညာအရည်အချင်း

ပထမဆုံး Sheikha Hanadi ဟာ ကာတာတက္ကသိုလ်က စီးပွားရေးဘွဲ့ကိုရရှိခဲ့ပါတယ်။ အဲဒီနောက် လန်ဒန်စီးပွားရေး  ကျောင်းမှာ MBA သင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်ကနေ စီးပွားရေးနဲ့ပတ်သက်တဲ့မာစတာဘွဲ့ ကိုထပ်မံရရှိခဲ့ပါတယ်။

@ CNA-Q – YouTube

လုပ်ငန်းခွင်ဆိုင်ရာအတွေ့အကြုံများ

READ
အဖြူရောင်ကိုမှ ကြိုက်ပါတယ်ဆိုတဲ့ ကောင်မလေးတွေမှာ ရှိနေတဲ့ စိတ်နေစိတ်ထားများ

သူမရဲ့ပထမဆုံးအလုပ်ကတော့ ကာတာတက္ကသိုလ်ရဲ့စီးပွားရေးမေဂျာမှလက်ထောက်ကထိကအဖြစ်တာဝန်ထမ်း  ဆောင်ခဲ့ပါတယ်။ (၁၉၉၈)ခုနှစ်မှာ Amwal ကိုတည်ထောင်ခဲ့ပြီး ကာတာဗဟိုဘဏ်ကနေလိုင်စင်ရရှိခဲ့တဲ့ ပထမဆုံး  စည်းမျဉ်းသတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ Amwal ကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံမှုဘဏ်  လုပ်ငန်း၊ ပိုင်ဆိုင်မှုနဲ့ စည်းစိမ်ဥစ္စာစီမံခန့်ခွဲမှု စတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်ပေးတဲ့ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။  အစောပိုင်းက ကုမ္ပဏီကို Qatar Ladies Investment Company (QLIC) လို့လူသိများခဲ့ပါတယ်။ (၂၀၀၅)ခုနှစ်မှာ တော့ ကမ္ဘာ့အဆင့်မီဇိမ်ခံအိမ်တွေနဲ့ ခေတ်ပြိုင်တိုက်ခန်းတွေကို အဓိကထားတဲ့ Al Waab City လို့လူသိများတဲ့ အိမ်ခြံမြေစီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။

Sheikha Hanadi ဟာ Standard Chartered ဘဏ်ရဲ့အထူးအကြံပေးတစ်ယောက်လည်းဖြစ်သလို ကုန်သွယ်ရေးနဲ့  ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုလည်းဖြစ်တဲ့ Nasser Bin Khaled Al Thani & Sons Group ရဲ့ CEO လည်းဖြစ်ပါ တယ်။ (၂၀၁၂)ခုနှစ်ဇူလိုင်လတုန်းက Volkswagen နဲ့ Audi ကားတွေကိုအရောင်းအ၀ယ်လုပ်တဲ့ Q-Auto  မော်တော်ကားရောင်းဝယ်ရေးကုမ္ပဏီကိုလည်းတည်ထောင်ခဲ့ပါတယ်။ UAE အခြေစိုက် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဖြစ်တဲ့ Dana Gas ကုမ္ပဏီရဲ့ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုတွေလုပ်နိုင်တာ သူမရဲ့ခိုင်မာတဲ့ပညာရေး  နောက်ခံကြောင့်ဖြစ်ပါတယ်။ Massachusetts နည်းပညာတက္ကသိုလ်ရှိ Legatum ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးစွမ်း ဆောင်ရှင်စင်တာလိုမျိုး ကျော်ကြားတဲ့တက္ကသိုလ်တွေရဲ့အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပရဟိတအလှူငွေတွေနဲ့ပတ်သက်ပြီးလည်း နာမည်ကြီးပါတယ်။

Sheikha Hanadi ဟာ သူမရဲ့ဘ၀ကို ဇိမ်ခံပစ္စည်းတွေနဲ့နေထိုင်နိုင်ပေမယ့်လည်း ရပ်ရွာဝန်ဆောင်မှုနဲ့ လူမှုရေး လုပ်ငန်းတွေအတွက် အလှူငွေတွေကိုရက်ရောစွာပေးကမ်းလှူဒါန်းသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ  ကာတာတက္က သိုလ်စီပွားရေးမေဂျာရဲ့ဘုတ်အဖွဲ့မှာ ဂေါပကတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ပြီး ကာတာနိုင်ငံရဲ့ပညာရေး ဆိုင်ရာ အထူးအတိုင်ပင်ခံတစ်ဦးလည်းဖြစ်ကာ အမြတ်အစွန်းအတွက်မရည်ရွယ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Injaz Al Arab အဖွဲ့မှာ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

Sheikha Hanadi Bint Nasser Al Thani Recognized at Global Influential Leaders’ Awards. AACSB International—The…

Posted by Qatar Mirror on Saturday, March 10, 2018

 

READ
မိန်းကလေးချင်းတောင် ပြန်ကြွေရတဲ့ ကောင်မလေးတေမှာ ဒီလို အရည်အချင်း ရှိပါတယ်

သူမဟာ Harvard Business Review Arabia မှာ ကာတာကိုယ်စားပြုတဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။  အရေးကြီးဆုံးကတော့ 30% Club’s GCC chapter ရဲ့တွဲဖက်တည်ထောင်သူတစ်ဦးလည်းဖြစ်ကာ အမျိုးသမီးတွေ ကိုယ်စားပြုအနေနဲ့  ဒေသဆိုင်ရာစေတနာ့ဝန်ထမ်းအဖွဲ့နဲ့အတူပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

ရရှိခဲ့သော ဘွဲ့များနဲ့ ဆုထူးများ

 (၂၀၀၅)ခုနှစ်တုန်းက Sheikha Hanadi ကို ကမ္ဘာ့စီးပွားရေးဖိုရမ်က ကမ္ဘာ့လူငယ်ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ ပါတယ်။ ကာတာရဲ့အကျော်ကြားဆုံးသတင်းစာဖြစ်တဲ့ Al Raya သတင်းစာမှာ ကိုယ်ရည်ကိုယ်သွေး အဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။ (၂၀၀၆)ခုနှစ်မှာ CEO Middle East Awards ဆုပေးပွဲမှာ တစ်နှစ်တာ အမျိုးသမီး CEO ခေါင်းစဉ်နဲ့ဆုလက်ခံရရှိခဲ့ပါတယ်။

(၂၀၀၈)ခုနှစ်မှာ The Financial Times သတင်းစာမှာဖော်ပြခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးရဲ့ ထိပ်တန်းစားရင်းမှာပါတဲ့ အမျိုးသမီးအယောက်(၂၀)ထဲမှာလည်း Sheikha Hanadi ပါဝင်ခြ့ပါတယ်။ (၂၀၁၀)ခုနှစ်မှာ UAE အခြေစိုက်အာရေဗျစီးပွားရေးမဂ္ဂဇင်းမှာ Businesswoman of the Year ဆိုပြီး Sheikha Hanadi ရဲ့နာမည်ကို  ဖော်ပြခြင်းခံခဲ့ရပါတယ်။ Arabs ဒေသမှာရှိတဲ့ သြဇာအရှိဆုံး အာရပ်လူမျိုးအယောက်(၁၀၀)ထဲမှာလည်း ပါဝင်ပါတယ်။

Source: Business Insider

Thae Su

sponsored