တော်ဝင်မင်္ဂလာပွဲကို ဘုရင်မကြီးမှ ခွင့်ပြုကြောင်း လက်ရေးမူအမိန့်ဖြင့် အတည်ပြု

Metro
Sponsored

ဗြိတိန်တော်ဝင်ဘုရင်မကြီး အယ်လီဇဘတ်ဟာ မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့ရဲ့လက်ထပ်ပွဲကို တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ အဆိုပါ အတည်ပြုသည့်စာကို သူမကိုယ်တိုင် ရေးသားကာ လက်မှတ်ထိုးလိုက်ကြောင်း စာထဲမှာ ဖော်ပြထားပါတယ်။ အဆိုပါစာကို ယခုမှ Buckingham Palace တရားဝင်တွစ်တာကနေ ထုတ်ပြန်ခဲ့တာပါ။

AFP

စာကို တော်ဝင်တံဆိပ်တော်ဖြစ်တဲ့ Great Seal of the Realm နဲ့ ချိတ်ပိတ်ပေးထားပါတယ်။ (၂၀၁၁)ခုနှစ်တုန်းက မြေးတော်အကြီးဖြစ်တဲ့ မင်းသားဝီလျံနဲ့ Kate တို့ရဲ့ မင်္ဂလာပွဲကိုလည်း ဘုရင်မကြီးက အခုလို ခွင့်ပြုကြောင်း စာရေးသားထုတ်ပြန်ခဲ့သေးပြီး ထိုစဉ်က Duchess of Cambridge မင်းသမီးဖြစ်လာမယ့် ကိတ်မင်ဒယ်တန်ကိုတော့ စာထဲမှာ အထူးညွှန်းဆိုခဲ့ဖူးပါတယ်။

Sponsored

ကိတ်တုန်းကတော့ Our Trusty and Well-beloved Catherine Elizabeth Middleton ဆိုပြီး ညွှန်းဆိုခဲ့ပေမယ့် အခုစာထဲမှာ မီဂန်မာကယ်ကိုတော့ သာမန်အားဖြင့် Rachel Meghan Markle လို့သာ သာမန် ဖော်ပြထားပြီး မြေးဖြစ်သူ ဟယ်ရီကိုတော့ Our most dearly beloved grandson Prince Henry Charles Albert David of Wales KCVO ဆိုပြီး ဂုဏ်ပုဒ်အပြည့်အစုံ ဖော်ကျူးထားတာကို တွေ့ရပါတယ်။

READ
၂နှစ်လုံးလုံး ပိုက်ဆံစုပြီး ရေမြေခြားကချစ်သူကို ရအောင်လက်ထပ်ခဲ့တဲ့ အချစ်ကြီးသူအမျိုးသမီး..
AP

သို့ပေမယ့် တော်ဝင်အသိုင်းအဝန်းနဲ့ အကျွမ်းတစ်ဝင်ဖြစ်တဲ့ Emily Nash ကတော့ ဒီလိုသုံးတဲ့အသုံးဟာ တစ်ခြားလူမျိုးရေးနဲ့မဆိုင်ဘဲ ဗြိတိန်တော်ဝင်အသိုင်းအဝိုင်းကကိုက ခေတ်အဆက်ဆက် ဗြိတိန်နိုင်ငံသား သာမန်အရပ်သူများကို သီးခြားနာမဝိသေသနနဲ့ သင့်တော်သလို သုံးစွဲလေ့ရှိကြောင်း တွစ်တာပေါ်မှာ ရှင်းပြထားပါတယ်။ အခု လက်ထပ်မယ့် မီဂန်ဟာ ဗြိတိန်နိုင်ငံသားဖြင့်ခွင့် လျှောက်ထားပေမယ့် Approve မဖြစ် သေးပါဘူး။ သို့သော် ဒီပြဿနာမှာလည်း အလွန်အခက်အခဲကြီးမဟုတ်ဘဲ ဗြိတိန်ဘုရင်မကြီးရဲ့ အထူးအာဏာနဲ့ဆိုရင် ချက်ချင်းနိုင်ငံသားဖြစ်ခွင့် ရှိပါတယ်။

Buckingham Palace

(၂၀၁၃)ခုနှစ်မှာ အသစ်ပြဋ္ဌာန်းခဲ့တဲ့ Succession of the Crown Act ဥပဒေအရ ဗြိတိန်တော်ဝင်မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေဟာ အရေးကြီးတဲ့အရာတွေလုပ်ဆောင်တဲ့အခါမှာ ဗြိတိန်ဘုရင်မကြီးရဲ့အထူးအာဏာဖြင့် ခွင့်ပြူချက်ရယူရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် မင်းသားဟယ်ရီကိုယ်တိုင်ကလည်း သူတို့ မင်္ဂလာပွဲအတွက် ဘုရင်မကြီးထံကနေ အထူးခွင့်ပြုချက် ရရယူခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

READ
လာဘ်ထိုးမှုတွေရှိနေတယ်လို့ သတင်းထွက်နေတဲ့ Produce 101 Show

source : metro.co.uk

sponsored