သင့်မေမေနဲ့ ပိုရင်းနှီးမှု ရစေဖို့ အမေ့ကို မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေ

shutterstock/Zarubina Viktoriia
Sponsored

သင့်မေမေရဲ့ အကြောင်းကို သင်ဘယ်လောက်ထိသိထားလဲ။ သားသမီးတွေအနေနဲ့ ကိုယ်မိဖရဲ့ ဟိုးအရင် ငယ်စဉ်က ဘဝအတွေ့အကြုံလေးတွေကို ပြန်လည်မေးမြန်းကြည့်သင့်ပါတယ်။ ဒါက သားသမီးတွေနဲ့ မိဖတွေရဲ့ ဆက်ဆံရေးကို ပိုရင်းနှီးပွင့်လင်းစေသလို ကိုယ့်မိဖတွေရဲ့ အကြောင်းတွေကို ပိုသိလာစေလို့ပါ။ ဒီတော့ သင့်ရဲ့ မေမေကို ဒီလိုမေးခွန်းမျိုးလေးတွေ မေးကြည့်ပြီး ပိုရင်းနှီးပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးကို ဖြတ်သန်းလိုက်ပါ။

သမီးအရွယ်တုန်းက ဘဝမှာ ဘာတွေလုပ်ချင်ခဲ့လဲ

shutterstock/Mila Supinskaya Glashchenko

မိခင်တွေက သူတို့ရဲ့ အချိန်တွေကို သားသမီးတွေနဲ့ သူတို့ရဲ့ ခင်ပွန်းအတွက် စတေးလိုက်တတ်ကြပေမယ့် အမေတိုင်းမှာလည်း အိပ်မက်တွေဆိုတာ ရှိခဲ့ဖူးပါတယ်နော်။ ဒီတော့ အမေက ကိုယ့်အသက်အရွယ်လောက် ငယ်ရွယ်နုပျိုစဉ်တုန်းက ဘာတွေများ ဖြစ်ချင်ခဲ့တယ်၊ ဘယ်လို အိပ်မက်ပန်းတိုင်တွေ ရှိခဲ့ဖူးတယ်ဆိုတာကို မေးကြည့်ပါ။ ဒါက သင့်မေမေရဲ့ ဘယ်သူမှ မသိနိုင်သေးတဲ့ ဘဝဇာတ်လမ်းလေးကို နားထောင်ခွင့်ရမယ့် အခွင့်အရေးကြီးပါနော်။

READ
သားသားမီးမီးလေးတွေကို အပျင်းလည်းပြေ ဗဟုသုတလည်းရစေဖို့ ဖတ်ပြသင့်တဲ့ စာအုပ်များ

ဘယ်လိုအစားအသောက်မျိုးကို ကြိုက်လဲ

Sponsored

အမေတွေက သားသမီးတိုင်းရဲ့ အကြိုက်တွေကို သိပေမယ့် အမေ့ရဲ့ အကြိုက်ကိုတော့ သားသမီးတွေက ထင်သလောက် မသိကြပါဘူး။ သိမယ်လို့ ထင်ပေမယ့် တကယ်တမ်းမှာ ကောင်းကောင်းမသိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ သင့်မေမေကို မေမေဘာကြိုက်တတ်လဲုဆိုတာမျိုးကို မမေးဖူးဘူးမှလား။ ဒီတော့ တစ်ခါလောက် သင့်အမေရဲ့ အကြိုက်ဆုံး အစားအစာက ဘာလဲဆိုတာကို မေးကြည့်ပါ။ ရံဖန်ရံခါ လက်ထဲပိုက်ဆံရှိတဲ့အချိန် အမေ့ကို အမေအကြိုက်တတ်ဆုံး အစားအသောက်တွေ ဝယ်ကျွေးပါ။

ဖြစ်ခဲ့ဖူးတဲ့ ကိစ္စတွေထဲမှာ ဘယ်လိုကိစ္စမျိုးကို နောင်တအရဆုံးလဲ

shutterstock/ Pixel-Shot

ဒီမေးခွန်းကောင်းကလည်း မေးခွန်းကောင်းဖြစ်သလို သင့်မေမေဆီကနေတစ်ဆင့် သင်ခန်းစာတွေ ရနိုင်ပါတယ်နော်။ အမေ့ရဲ့ ဘဝတစ်ခုလုံးနဲ့ ရခဲ့တဲ့ အတွေ့အကြုံနဲ့ အမေအပြင်ချင်ဆုံး အမှားက ဘာဖြစ်မလဲဆိုတာကို မေးကြည့်လိုက်ပါ။ ဒါက ကိုယ့်အတွက်လည်း တစ်ချိန်မှာ ကောင်းကောင်း အသုံးဝင်လာမှာ ဖြစ်ပါတယ်။

READ
ငွေကြေးကြောင့် လမ်းမှားမရောက်စေဖို့ ကလေးတွေကို ငယ်စဉ်ကတည်းက ဒါတွေသင်ပေးပါ

အရင်ရည်းစားက ဘယ်လိုပုံစံလဲ

အယ် ဒါကတော့ ကိုယ့်အမေရဲ့ ငယ်ရွယ်တုန်းက ကြုံခဲ့ဖူးတဲ့ အချစ်ရေးအကြောင်းလေးပေါ့။ ဒါလေးတွေကိုလည်း သိထားသင့်တယ်နော်။ ကိုယ့်အဖေနဲ့ မတွေ့ခင်တုန်းက ဘယ်လိုလူမျိုးနဲ့ တွဲခဲ့တယ်၊ အဲဒီ့လူကို ဘာလို့ လမ်းခွဲခဲ့တယ် စသဖြင့်ပေါ့ ဒါတွေကတစ်ဆင့် ကိုယ့်ရဲ့ အချစ်ရေးမှာလည်း ဘယ်လိုလူမျိုးကို ရွေးချယ်သင့်တယ်၊ မရွေးချယ်သင့်ဘူး ဆိုတာမျိုးကို ကိုယ့်အမေဆီက သင်ယူနိုင်ပါတယ်။ ဒါဟာ ပွင့်လင်းတဲ့ ဆက်ဆံရေး တစ်ခုဖြစ်ပြီး တကယ့်ကို နွေးထွေးပျော်ရွှင်တဲ့ ဆက်ဆံရေးမျိုး ဖြစ်စေမှာပါ။

Khin

sponsored