Music Charts ရဲ့ ထိပ်ဆုံးကို ရောက်ရှိသွားတဲ့ Rain ရဲ့ Remix အသစ်

IG/rain_oppa
Sponsored

လက်ရှိမှာ Music Charts အချို့ရဲ့ ထပ်ဆုံးနေရာကို Rain ရဲ့ သီချင်းက နေရာယူထားပါတယ်လို့ koreaboo က ဖော်ပြထားပါတယ်။ ဒီသီချင်းကတော့ ၂၀၁၇ တုန်းက သူ ထွက်ရှိခဲ့တဲ့ Gang သီချင်းကို Remix Version ပုံစံ ပြန်ပြောင်းပြီး ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။

တစ်ခေတ်တစ်ခါမှာ Rain မှ Rain ဖြစ်အောင် လွှမ်းမိုးထားနိုင်ခဲ့တဲ့သူကတော့ အခုဆိုရင် ပရိသတ်တွေကြား ပြန်ပြီး စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ၂၀၁၇ မှာ သူ သီဆိုထားခဲ့တဲ့ Gang သီချင်းက စာသားတွေနဲ့ ကကွက်ဖန်တီးမှုတွေကြောင့်အရမ်းကို နာမည်ကြီးခဲ့တာပါ။

Sponsored

အခုတစ်ခါမှာလည်း Jay Park, pH-1,HAON, Sik-K တို့နဲ့အတူ Remix version ပြန်ရိုက်ကူးတဲ့ အခါမှာလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြပါတယ်။

READ
ဇနီးဖြစ်သူ အလိုကျ ကြော်ငြာ အတူတူရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ဏကြီး

ဒီလိုမျိုး Melon, Bugs နဲ့ Genie စတဲ့ Music Charts တွေရဲ့ ထပ်ဆုံးကို ရောက်ရှိနေတာကို Rain တစ်ယောက် ထင်မှတ် မထားခဲ့ပုံပါပဲ။ ဒီအတွက် အရမ်းပျော်ကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ တင်ထားခဲ့ပါတယ်။

Kham

sponsored