နေ့တိုင်း ချစ်ဇနီးလေးနဲ့ အနမ်းလေးတွေ ဖလှယ်ဖြစ်တဲ့အကြောင်း ပြောပြခဲ့တဲ့ RAIN

ig/@rain_taehee
Sponsored

အဆိုတော်၊ မင်းသားချော RAIN ကတော့ ချစ်ဇနီးချောလေး Kim Tae-hee နဲ့ နေ့တိုင်း အနမ်းလေးတွေ ဖလှယ်ဖြစ်ကြတဲ့ အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ October 15 ရက်နေ့က RAIN ရဲ့ Youtube channel မှာ ဗီဒီယိုအသစ်လေးတစ်ခုကို တင်ပေးခဲ့တာပါ။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

Sponsored

ဒီဗီဒီယိုမှာ RAIN နဲ့အတူ သူ့ရဲ့ အခင်ဆုံး သူငယ်ချင်း မင်းသားချော Kwon Sang-woo က အတူရှိနေခဲ့တာပါ။ သူတို့နှစ်ယောက် ကားမောင်းရင်း စကားတွေ ပြောနေခဲ့ကြတာဖြစ်ပါတယ်။ Kwon Sang-woo က အိမ်ထောင်သက် 12 နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ဇနီး မင်းသမီးချော Son Tae-young နဲ့ လက်ထပ်ခဲ့တဲ့အကြောင်းကို ခုလို ပြောပြလာခဲ့ပါတယ်။

READ
ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်လို့ သတိပြုသင့်တဲ့ ဆံပင်စတိုလ် ၄ မျိုး

 

“မင်းသိလား ငါတို့ဒိတ်လုပ်တဲ့ အချိန်တိုင်း အခုအချိန်ထိ ငါတို့နှစ်ယောက်က လက်မထပ်ရသေးသလို ခံစားနေရတုန်းပဲ ငါ့ရှေ့မှာရှိနေတတ်တဲ့ သူမက ဘယ်တော့မှ ငါ့အတွက် ရိုးမသွားဘူး” ဆိုပြီး ဇနီးလေးကို ဘယ်လောက်ချစ်ကြောင်း သူ့ရဲ့ အပြောတွေက ဖော်ပြနေပါတယ်။ ဒီ့နောက်မှာတော့ Kwon Sang-woo က “ မင်းရော မင်းရဲ့ အိမ်ထောင်ရေးက ဘယ်လိုလဲ” လို့ RAIN ကိုမေးမြန်းခဲ့ပါတယ်။

READ
ယောက်ျားလေးတွေပြောတဲ့ ချစ်သူမိန်းကလေးမှာ ရှိစေချင်တဲ့ အချက် (၇) ချက်

 

RAIN က “ကောင်းပြီ ဒါကတော့ ငါတို့ရဲ့ အကြောင်းပေါ့ ငါအပြင်ကို မသွားခင်နဲ့ ပြန်လာတဲ့အချိန်မှာ ငါတို့တွေ အနမ်းပေးလေ့ရှိတယ် ဆိုတော့ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်နဲ့ ညဖက်တွေပေါ့” ဆိုပြီး ပြောပြခဲ့တာပါ။

အဲဒီ့အဖြေကို ကြားတဲ့ Kwon Sang-woo က “ဘယ်လို မနက်နဲ့ ညဆိုတော့ မင်းတို့ တစ်ချိန်လုံး အနမ်းပေးနေကြတာတော့ မဟုတ်ပါဘူးနော်” ဆိုပြီး စနောက်လိုက်ပါတယ်။ ဒီစကားကိုကြားတော့ RAIN က ရှက်ရှက်နဲ့ ရယ်မောနေခဲ့ပါတယ်နော်။

Khin

sponsored