ငွေကြေးခက်ခဲတဲ့ အမျိုးသမီးတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်သွားမယ့် Rain

rain_oppa/IG
Sponsored

Rain ကတော့ သူ့ရဲ့ မော်ဒယ်လုပ်ပြီး ရတဲ့ ဝင်ငွေတွေကို ကောင်းတဲ့ ကိစ္စတွေ လုပ်မယ်လို့ ကြေညာထားပါတယ်။

ဇွန်လ ၅ ရက်နေ့မှာတော့ Rain ရဲ့ အေဂျင်စီဖြစ်တဲ့ Sublime Artist Agency ကနေ Rain ရဲ့ ဝင်ငွေတွေကို ထည့်ဝင်လှူဒါန်းမယ့်အကြောင်းအရာတွေကို ကြေညာခဲ့ပါတယ်လို့ allkpop ကနေ ရေးသား ဖော်ပြခဲ့ပါတယ်။

Sponsored

Rain က ဒီနှစ်မှာတော့ Levi’s ရဲ့ brand Ambassador အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ Brand Ambassador အဖြစ်ကနေ ရရှိတဲ့ ဝင်ငွေတွေကိုတော့ ရဲတွေရဲ့ လူမျိုးရေးခွဲခြားပြီး အရေးယူအကြမ်းဖက်မှုတွေအပေါ် ဆန့်ကျင်တဲ့ တိုက်ပွဲတွေအတွက် ကူညီထောက်ပံ့မှာ ဖြစ်ပြီး နောက်ထပ် ငွေကြေးခက်ခဲတဲ့ အမျိုးသမီးတွေအတွက် အမျိုးသမီးကျန်းမာရေးအတွက် လိုအပ်တဲ့ ထုတ်ကုန်တွေ လှူဒါန်းနိုင်ဖို့လည်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ အနုပညာရှင်တော်တော်များများက အမေရိကန်နိုင်ငံက လှုပ်ရှားမှုတွေကို ထောက်ခံပြီး လှူဒါန်းမှုတွေ ပြုလုပ်နေကြပါတယ်။ Rain လည်း ဒီအတွက် ထောက်ခံမှုကို လှူဒါန်းပြီး ဖော်ပြလိုက်ပုံပါပဲ။ လက်ရှိမှာတော့ Rain က ပရိသတ်တွေရဲ့ အားပေးမှုတွေကို ပြန်လည်ရရှိထားပါတယ်။ သူ့ရဲ့ နာမည်ကျော်ခဲ့တဲ့ သီချင်းကို ပြန်လည်ပြီး သူနဲ့အတူ Jay Park နဲ့ တစ်ခြားသော Rapper တွေနဲ့ ပေါင်းပြီး Remix ပြုလုပ်ရာကနေ ပရိသတ်တွေရဲ့ ထပ်အကြိုက်တွေ့ခြင်းကို ရရှိနေကြတာပဲ ဖြစ်ပါတယ်။

https://www.instagram.com/p/CBAy3YRn8Bw/

Kham

sponsored