မိုးတွင်းကာလမှာ Fashionable ဖြစ်နေသေဖို့ ရွေးဝတ်သင့်တဲ့အရောင်နဲ့အဆင်များ

Unsplash- @shirishsuwal
Sponsored

မိုးတွင်းကာလမှာ ကောင်းကင်ကြီးက အုံ့မှိုင်းမှိုင်းကြီးဖြစ်နေရတဲ့ကြားထဲ ပျိုမေကရော အဝတ်အစားမှိုင်းမှိုင်းနက်နက်ကြီးတွေပဲ ဝတ်နေဦးမှာလား။ ဖက်ရှင်ရွေးချယ်မှုဆိုတာ ဥတုရာသီပေါ်လိုက်ပြီး တစ်ချိန်နဲ့တစ်ချိန် ပြောင်းလဲရွေးချယ်သင့်တာပဲမဟုတ်လား။ ဒါကြောင့် ဒီနှစ်ရဲ့မိုးတွင်းမှာ ဘယ်လိုအရောင်မျိုးလေးတွေနဲ့ ဘယ်လိုအဆင်မျိုးလေးတွေကို ရွေးချယ်သင့်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

အနီရောင်တောက်တောက်

Sponsored

အနီရောင်ဟာ မိုးတွင်းကာလနဲ့ အကိုက်ညီဆုံးနဲ့အလိုက်ဖက်ဆုံး အရောင်ပါပဲ။ အုံ့မှိုင်းမှိုင်းရာသီဥတုထဲ တကယ့်ကို ထင်းနေစေမှာပါ။

Unsplash- @shirishsuwal

မိုးပြာရောင်

ပတ်ဝန်းကျင်နဲ့ ပနံသင့်လိုက်ဖက်စေဖို့ မိုးပြာရောင်လေးကိုလည်း မေ့မထားသင့်ပါဘူးနော်။ နောက်ပြီး သူက ၂၀၂၀ မှာ ခေတ်အစားဆုံးအရောင်လည်းဖြစ်နေပါသေးတယ်။

Unsplash- @shirishsuwal

အဝွရောင်

Pastel Yellow လို့ခေါ်တဲ့ အဝွရောင်နုနုလေးဟာ မိုးတွင်းဖြစ်တတ်တဲ့ ကောင်းကကင်ကြီးနဲ့ လုံးဝလိုက်ဖက်ပေါ်လွင်နေမှာပါ။

Unsplash- @shirishsuwal

Poka Dots

Poka Dots ကတော့ ဥတုရာသီမရွေးလိုက်တယ်ဆိုပေမယ့်လို့ မိုးတွင်းမှာ ပိုပြီးလိုက်ဖက်နေတယ်လို့ ခံစားရပါတယ်။ အဖြူနဲ့အမည်း အလုံးလေးတွေတင်မဟုတ်ဘဲ အရောင်လေးတွေနဲ့စပ်ထားတဲ့ poka dots အဆင်လေးတွေကို ဝတ်ကြည့်လိုက်ပါ။

READ
စမတ်ကျကျဒီဇိုင်းမှဆိုတဲ့မိန်းမလှလေးတွေဖို့ ၂၀၂၀ အတွက် ဖက်ရှင်အကြံပေးချက်
Unsplash- @shirishsuwal

Floral 

အကွင့်လေးတွေကို နွေရာသီမှာပဲ ဝတ်လို့ရတယ်လို့ ထင်နေတယ်ဆိုရင်တော့ မှားမှာပါနော်။ အခုလို မိုးတွင်းမှာ သသစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုဖြစ်နေတုန်း အပွင့်အခက်လေးတွေပါတဲ့ ဂါဝန်လေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ကြည့်ပါ။

Unsplash- @shirishsuwal

Tye Dye

အခုနောက်ပိုင်းခေတ်စားလာတဲ့ ရေစိုဒီဇိုင်းကလည်း မိုးတွင်းနဲ့မှ ပိုလိုက်ဖက်နေသယောင်ပါပဲ။ ရေစိုဆိုမှတော့..

Unsplash- @shirishsuwal

Penny

sponsored