အချစ်စစ်နဲ့ချစ်မိသွားတဲ့ စုံတွဲတိုင်းမှာ ဖြစ်ပေါ်တတ်တဲ့ ခံစားချက်များ

Sponsored

လောကမှာ ချစ်သူတွေ အများကြီးရှိကြပေမယ့် အချစ်စစ်ကို တကယ်ခံစားဖူးတဲ့သူတွေကတော့ ရှားပါးလှပါတယ်။ အချစ်စစ်ဆိုတာ ဘယ်လိုမှ လုပ်ယူလို့ ရတဲ့ အရာ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ ဒီလိုခံစားချက်မျိုးနဲ့ သင့်ချစ်သူကို ချစ်နေမိရင်တော့ အချစ်စစ်ကို ခံစားဖူးတဲ့ ကံအကောင်းဆုံး လူသားတစ်ယောက်ဖြစ်ပါတယ်။

(၁) အပေးအယူမရှိဘူး

သင့်ရဲ့ နှလုံးသားတစ်ခုလုံးကို သင့်ချစ်သူကိုပေးထားပြီးတဲ့နောက် သူ့ဆီက တူညီတဲ့ တန်ပြန်အချစ်မျိုး ရဖို့ သင်မျှော်လင့်မနေတော့ပါဘူး။ သင့်ဘက်က ချစ်နိုင်သလောက် အစွမ်းကုန် ချစ်နေရရင်ကို ကျေနပ်နေမှာပါ။

(၂) ဖြူစင်တဲ့ပျော်ရွှင်မှု

Sponsored

သူ့ရဲ့ပျော်ရွှင်ကြည်နူးနေတဲ့ မျက်နှာလေးနဲ့ အပြုံးလေးတွေက သင့်ဘဝရဲ့ အခက်ခဲဆုံး အချိန်တွေမှာတောင် ပျော်ရွှင်မှုတွေ ပေးနေမှာပါ။ တဏှာစိတ်ကင်းစင်ပြီး ပကတိဖြူစင်တဲ့ အချစ်တွေ သင့်ရင်ထဲကနေ လျှံထွက်လာတာကို သင်ကိုယ်တိုင် ခံစားနေရမှာပါ။

READ
အချစ်တွေပိုတိုးလာဖို့ ကိုယ်ချစ်သူနဲ့ ချိန်းတွေ့သင့်တဲ့ date ပုံစံများ

(၃) နာကျင်မှုနဲ့ဒေါသ

တစ်ခါတလေ စိတ်အခန့်မသင့်တဲ့ အခါမျိုးတွေမှာ သင့်ချစ်သူက သင့်ကိုနာကျင်အောင်လုပ်မိတဲ့ အခါတွေရှိမှာပါ။ သူ့ကိုသင်စိတ်ပျက်သွားလောက်အောင် ခဏခဏ သူလုပ်နေမိမှာပါ။ ဒါပေမယ့် အံသြဖွယ်ကောင်းစွာ သူ့ကိုသင် ဆက်လက်ဆုပ်ကိုင်ထားမိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ့အရာတွေ အားလုံးထက် သူ့ကိုစွန့်လွှတ်ရတာ ပိုနာကျင်ရလို့ပါ။

(၄) ကိုယ့်ကိုယ်ကိုစတေးတယ်

သင့်ရဲ့ပျော်ရွှင်မှုတွေ၊ အခွင့်အလမ်းတွေ နဲ့ လွတ်လပ်မှုတွေကို သူ့အတွက်စတေးနေမိမယ်။ သူနားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ သင်ကတော့ ဆက်ပြီး စတေးနေဦးမှာပါပဲ။

(၅) သူ့ကိုနာကျင်အောင်မလုပ်ရက်ဘူး

သူ့ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင် သင်လုပ်ရက်မှာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ သူနာကျင်ရင် သင်လည်းနာကျင်ရသလို အချစ်စစ်က ဘယ်တော့မှ တစ်ကိုယ်ကောင်းမဆန်တတ်လို့ပါ။

(၆) အခက်အခဲတွေကိုမျှဝေခံစားပေးတယ်

သင့်ချစ်သူရဲ့ အခက်အခဲတွေကို သင်ကူညီစရာမလိုရင်တောင် တတ်နိုင်သမျှကူညီတတ်တယ် မဟုတ်လား။ ဘာဖြစ်လို့လဲဆိုရင် သင့်ဘဝရဲ့ အရေးကြီးဆုံးသူ ခံစားနေရတာကို သင်မကြည့်ရက်လို့ပါ။ သင့်ဘက်မှာလဲ ဘယ်လောက်ပဲခက်ခဲနေပါစေ သင့်ချစ်သူရဲ့ အခက်အခဲတွေကို သင်တတ်နိုင်သလောက် အမြဲတမ်းကူညီပေးနေမိမယ်။

READ
အူကြောင်ကြောင်နဲ့ သိပ်ချစ်တတ်တဲ့ စုံတွဲတွေရဲ့ လက္ခဏာ (၄) မျိုး

Em Em(Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored