ကောင်လေးတွေ သင့်ကိုကြိုက်ရုံပဲကြိုက်ပြီး ဆက်ချဉ်းကပ်ဖို့မကြိုးစားရတဲ့ အကြောင်းအရင်း

shutterstock/By Dragon Images
Sponsored

တစ်ခါတစ်လေသင့်ကိုကြိုက်တဲ့ကောင်လေးတွေ များပေမယ့် အဲ့ဒိကောင်လေးတွေက ရှေ့ဆက်မတိုးတာမျိုးကြုံဖူးလား၊
သင်ကတော့ သင့်ကြောင့်များလား ဆိုပြီး တွေးမိတာရှိနိုင်ပါတယ်။ တကယ်တော့ သူဆက်မလိုက်တာဟာသင့်ကြောင့်
လည်းဖြစ်ချင်ဖြစ်မယ်၊ သူ့ခံစားမှုကြောင့်လည်းဖြစ်ချင်ဖြစ်ပါမယ်။ အောက်မှာတော့ သူဆက်လိုက်တဲ့အကြောင်းအရင်း
များကိုဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ကိုသူကြောက်နေတယ်။

shutterstock By fizkes

တစ်ခါတစ်လေ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို နွေးထွေးဖော်ရွေတဲ့လူလို့မြင်ပေမယ့် သေချာပြန်စဉ်းစားကြည့်ပါအုံး။ သူ
သင်နဲ့မျက်လုံးချင်းဆိုင်ရဲရဲ့လား၊ သင့်ဘေးနားက ဖြတ်လျှောက်သွားတဲ့အခါ သင့်ကိုစကားပြောရဲလား၊ တကယ်တော့
သင်က သင့်ကိုယ်သင်ခင်ဖို့ကောင်းတဲ့သူအဖြစ်မြင်ပေမယ့် သူကသင့်ကိုကြောက်နေတတ်ပါတယ်။ သူစကားလာပြော
ရင် သင်မောင်းထုတ်မယ်ပဲထင်နေတတ်ပါတယ်။

(၂) သူ့မှာရည်းစားရှိတယ်

Sponsored

တစ်ခါတစ်လေ သင့်ကိုစိတ်ဝင်စားသလိုလုပ်ပြီးမှ သင့်ကိုဆက်မလိုက်တော့တာ သူ့မှာရည်းစားရှိနေလို့ဖြစ်နိုင်ပါတယ်။
သင့်ကြောင့်မဟုတ်ပါဘူး။

(၃) သင်ကအရမ်းဟော့နေလို့။

သင့်ကိုချဉ်းကပ်ဖို့ကြိုးစားပြီးကာမှ သင့်ကိုဆက်မကြိုးစားတော့ပဲ သူငယ်ချင်းတစ်ယောက်လိုနေနေတာ သင်ဟာသူ့
အတွက် အရမ်းကို ဟော့လွန်းနေလို့ပါ။ သူနဲ့မထိုက်တန်ဘူးထင်နေလို့ပါ။

(၄) သူကသူငယ်ချင်းသံယောဇဉ်ကိုပိုတန်ဖိုးထားလို့။

shutterstock By LightField Studios

တစ်ခါတစ်လေ အချို့ယောက်ျားလေးတွေက သင်နဲ့ရှိနေတဲ့ သူငယ်ချင်းသံယောဇဉ်ကိုမပျက်ချင်လို့ သင့်အချစ်ကိုရဖို့
မကြိုးစားတာမျိုးလည်းရှိတတ်ပါတယ်။

READ
တစ်စုံတစ်ယောက်က သင့်ကိုအရမ်းလွမ်းနေမှန်းသိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး

(၅) သင့်မှာရည်းစားရှိတယ်လို့သူထင်နေလို့။

သင့်ရဲ့ရုပ်ရည်ဟာ ချောနေရင်ပိုဆိုးပါတယ်။ ယောက်ျားလေးတွေအားလုံး သင့်မှာရည်းစားရှိတယ်ပဲ ထင်နေပါလိမ့်မယ်။
ဒါမှမဟုတ်သင့်သူငယ်ချင်းတွေက လျှောက်ပြောထားလို့လည်းဖြစ်နိုင်ပါတယ်။

(၆) သူကအရမ်းရှက်တတ်လို့။

တစ်ခါတစ်လေ အချို့ယောက်ျားလေးတွေဟာ အရမ်းရှက်တတ်ကြပါတယ်။ အမျိုးသမီးတွေနဲ့ စကားပြောရင် အထစ်ထစ်
အငေါ့ငေါ့ဖြစ်တတ်ပါတယ်။

(၇) သင့်ကိုအရမ်းလွယ်တယ်ထင်လို့။

shutterstock By Look Studio

တစ်ခါတစ်လေ သင်ကအရမ်းကြီးအထာပေးနေတာမျိုးလုပ်မိရင်လည်း သူက သင်ဟာ ယောက်ျားလေးတွေကို ဒီလိုပဲ
အထာပေးတတ်တဲ့သူဖြစ်ပြီး အရမ်းလွယ်သူလို့ထင်သွားတတ်ပါတယ်။

Myo Myo (auntymay)

Source:lovepanky

sponsored