အမြဲလိုလို ဆံပင်အတိုနဲ့ မြင်ရတတ်တဲ့ မိန်းကလေးတွေရဲ့ အကြောင်းပြချက်များ

Photo by Christian Diokno from Pexels
Sponsored

မိန်းကလေးတွေအတော်များများက ဆံပင်ရှည်ထားကြပါတယ်။ ဆံပင်ရှည်ကို မိန်းကလေးနဲ့ တွဲမြင်ကြတဲ့အထိ မိန်းကလေးတွေနဲ့ ဆံပင်ရှည်က လိုက်ဖက်တာမို့ ချစ်သူကောင်လေးတွေကလည်း ကိုယ့်ချစ်သူမိန်းကလေးရဲ့ ဆံပင်တွေကိုပါ တန်ဖိုးထားတတ်ပါတယ်။ ဒါပေမယ့်လည်း ဆံပင်တိုညှပ်ထားတဲ့ မိန်းကလေးတွေလည်း ရှိနေပါတယ်။ ဆံပင်တိုညှပ်တဲ့ မိန်းကလေးတိုင်းမှာ အကြောင်းပြချက် တစ်ခုမဟုတ် တစ်ခု အခုလို ရှိနေတတ်ပါတယ်။

(၁) ဆံပင်အတိုကို ကြိုက်လို့

Sponsored

ဆံပင်အရှည်ကို နှစ်သက်တဲ့ မိန်းကလေးတွေလိုပါပဲ။ ဆံပင်အတိုကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေ ရှိနေပါသေးတယ်။ ဆံပင်အရှည်ပုံစံတွေထက် အတိုနဲ့ လိုက်တဲ့ မိန်းကလေးတွေကတော့ ဆံပင်အတိုကို နှစ်သက်လေ့ ရှိပြီး ဆံပင်အတိုနဲ့သာ အမြဲ နေလေ့ ရှိပါတယ်။

Photo by cottonbro from Pexels

(၂) အလုပ်ရှုပ်သက်သာလို့

ဆံပင်ကို မပြင်တတ်တဲ့သူတွေလည်း ရှိသလို စိတ်မရှည်တဲ့သူတွေလည်း ရှိနေပါတယ်။ သူတို့ကတော့ ဆံပင်အရှည် လေထဲ လွင့်လို့ လိုက်သိမ်းရတာတွေ၊ ဆံပင်ကို စည်းနှောင်ရတာတွေ စတဲ့ ဆံပင်ရှည်တဲ့ဆိုင်တဲ့အရာတွေကို အလုပ်တစ်ခုလို မြင်ကြပါတယ်။ ဒါကြောင့် ဆံပင်အတိုက အလုပ်အရှုပ်သက်သာတယ်တွေးပြီး အတိုညှပ်ကြတာ ဖြစ်ပါတယ်။

READ
ဆံပင်အရှည်ထားတဲ့ ပျိုမေတိုင်း သိထားသင့်တဲ့ ဆံပင်ရှည်ကို မပျက်စီးအောင် ထိန်းသိမ်းနည်း
Photo by Samantha Garrote from Pexels

(၃) ဆံပင်ရှည်ကို မထိန်းသိမ်းနိုင်လို့

တစ်ချို့တွေက ဆံပင်ရှည်ကိုတော့ ကြိုက်ပါရဲ့၊ ထိန်းသိမ်းဖို့ကိုတော့ မလုပ်တတ်ကြပါဘူး။ ဆံသားကောင်းအောင်၊ နှစ်ခွ မဖြစ်အောင် ရှုပ်နေရင် ရှင်းတာ၊ ဆံသားကောင်းမွန်အောင် စသဖြင့် ထိန်းသိမ်းရတဲ့ အလုပ်တွေကို လုံးဝ မလုပ်တတ်ကြပါဘူး။ သူတို့က ခေါင်းပေါ်မှာ မထိန်းမသိမ်းလှတာမျိုးကိုသာ လိုချင်တတ်ကြတာပါ။ ဒီလိုသူမျိုးတွေကလည်း ဆံပင်အတိုညှပ်ထားတတ်ကြပါတယ်။

Photo by Nayleth from Pexels

(၄) စိတ်တွေ ပေါ့ပါးသွားစေဖို့

မိန်းကလေးတွေနဲ့ ဆံပင်ဆိုတာ မိတ်ဆွေတွေလို ကိုယ်နဲ့ တသားတည်း ဖြစ်တဲ့အရာ တစ်ခုလို ဖြစ်တည်နေတဲ့အရာပါ။ ဒါကြောင့် စိတ်ညစ်တဲ့အခါမှာ အသွင်သဏ္ဍာန်ကို ပြောင်းလဲလိုက်တာက သူတို့ စိတ်ကို အနားပေးလိုက်တာနဲ့ ဆင်ပါတယ်။ ဆံပင်တွေကို ညှပ်ထုတ်လိုက်တာက စိတ်ပင်ပန်းတာတွေကိုပါ လျော့သွားစေတာမို့ မိန်းကလေးတွေက အရမ်း စိတ်ပင်ပန်းတာကနေ စိတ်ပြန်ကြည်ဖို့အတွက် ဆံပင်အတိုညှပ်တတ်ကြပါတယ်။

READ
ခေါင်းချွေးထွက်များရင် ဆံပင်ကျွတ်တတ်လား ....
Photo by Engin Akyurt from Pexels

(၅) ဖက်ရှင်ပြောင်းဖို့

မိန်းကလေးတွေထဲမှာ ဖက်ရှင်ကို စိတ်ဝင်စားသူတွေ ရှိပါတယ်။ သူတို့တွေကတော့ ကိုယ့်ရဲ့ ဖက်ရှင်ပုံစံကို ပြောင်းချင်တဲ့အခါ လိုက်ဖက်အောင် ဆံပင်ပုံစံကိုပါ ပြောင်းတတ်ကြပါတယ်။ ဆံပင်တိုနဲ့ ချစ်စရာအသွင်ဖြစ်ဖြစ် ခပ်မိုက်မိုက်ပုံစံအဖြစ် ပြောင်းတတ်ကြပါတယ်။

Kham

sponsored