သင် သတိမထားမိလိုက်ခင်မှာ ကျောက်ကပ်ကို ပျက်စီးသွားစေနိုင်မယ့် အကြောင်းအရင်းများ

Shutterstock/Emily frost
Sponsored

နေ့စဉ် အမှုမဲ့ အမှတ်မဲ့ ပြုလုပ်တတ်တဲ့ အကျင့်တွေကနေ ကိုယ့်အတွက် ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ်က တစ်ခုကို ကုသဖို့ လုပ်ရာကနေ နောက်တစ်ခုကို သွားထိခိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုချင်းက သိပ်ကို အရေးကြီးပါတယ်။ သင် မသိလိုက်ခင်မှာပဲ သင့်ရဲ့ ကျောက်ကပ် ပျက်စီး သွားစေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။

အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း

Sponsored

အကိုက်အခဲပျောက်ဆေးတွေက နေမကောင်းဖြစ်တဲ့အခါနဲ့ ကိုက်ခဲနာကျင်မှုတွေ သက်သာစေဖို့ အသုံးပြုကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏဆိုသလို မိမိ သဘောနဲ့ သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကို ပျက်စီးမှုတွေ ဖြစ်လာနိုင်ပါတယ်။

yanalya/Freepik

အငန်စားခြင်း

ဟင်းချက်တဲ့အခါနဲ့ ဘာပဲ စားစား အရသာ ခပ်လေးလေးမှ စားတတ်တယ်ဆိုတဲ့သူတွေ ရှိနေပါတယ်။ အစားအစာမှာ လိုအပ်တာထက် ပိုပြီး အငန်ဓာတ်ကို စားသုံးတဲ့အခါ သွေးတိုးတာ၊ သွေးပေါင်တက်တာတွေ ဖြစ်သွားတတ်ပါတယ်။ ဒါ့အပြင် အမြဲတမ်းလိုလို အငန်လွန်ကဲစွာ စားနေရင်တော့ ကျောက်ကပ်ကို ဒုက္ခဖြစ်လာနိုင်ပါသေးတယ်။

READ
အပျိုကြီးဖြစ်မယ့်သူတွေမှာ တွေ့ရတဲ့ ဇီဇာကြောင်တဲ့ အကျင့်(၅)မျိုး
Photo by Ketut Subiyanto from Pexels

ရေသောက်နည်းခြင်း

လူတိုင်း တစ်နေ့တာ လိုအပ်တဲ့ ရေပမာဏ အတိုင်း သောက်ပေးဖို့  လိုအပ်ပါတယ်။ ရေသောက်ခြင်းက အသားအရေအတွက်တွင်မက တခြားသော ကျန်းမာရေးအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ရေသောက်တာက ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်နဲ့ ဆိုဒီယမ်တွေကို သန့်စင်အောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ရေသောက်နည်းရင်တော့ သန့်စင်နိုင်မှု အားနည်းသွားပြီး ကျောက်ကပ်မှာ ကျောက်တည်တာမျိုးကို ခံစားလာရတတ်ပါတယ်။

Photo by Buenosia Carol from Pexels

အသားအစားများခြင်း

အသားမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်တွေက သွေးတွင်းအက်စစ်ဓာတ်ကို မြင့်မားစေတတ်ပါတယ်။ ဒီလို ဖြစ်ခြင်းက ကျောက်ကပ်ကို အန္တရာယ် ရှိစေပြီး ပရိုတိန်းဓာတ်က ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက်သာမက တခြားသော ကျန်းမာရေး ကောင်းမွန်မှုတွေအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် အသီးအရွက် မစားဘဲ အသားချည်းပဲ စားလွန်းရင်တော့ အက်စစ်ဓာတ်များလွန်းပြီး ကျောက်ကပ်က အပြည့်အဝ အလုပ်မလုပ်နိုင်တာမျိုး ဖြစ်စေတတ်ပါတယ်။

READ
“Vagabond” သရုပ်ဆောင်တွေ ပြောတဲ့ သူတို့အကြိုက်ဆုံး ဇာတ်ဝင်ခန်းများ
Photo by Buenosia Carol from Pexels

အိပ်ရေးပျက်ခြင်း

အိပ်ချိန် မှန်မှသာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု အားလုံးက ပုံမှန် အတိုင်း လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။ အိပ်ချိန် နည်းနေပြီဆိုရင်တော့ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်ပြီး ကျောက်ကပ်ကလည်း အလုပ်လုပ်နိုင်စွမ်း အားနည်းလာတတ်ပါတယ်။

အရက်သောက်ခြင်း

နေ့တိုင်း အရက်တွေချည်း သောက်နေတာမျိုးကလည်း ကျောက်ကပ်ပျက်စီးမှုကို နှစ်ဆ မြင့်တက်စေပါသေးတယ်။ အရက်သောက်နေရင်း ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။

Kham

sponsored