ရည်းစားထားတာထက်ခရီးသွားတာကပိုကောင်းတဲ့အကြောင်း ဖော်ပြနေတဲ့အချက်(၆)ချက်

Sponsored

ရည်းစားထားတာက သင့်အတွက် ပျော်စရာတွေရော၊ စိတ်ညစ်စရာတွေရော ဖြစ်စေနိုင်ပြီး တခါတလေမှာ ကိုယ့်ကိုယ်ကိုမပိုင်တော့သလိုခံစားချက်မျိုးတောင်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားတာကတော့ အဲ့ဒီလိုမဟုတ်ဘူးနော်။ နေ့စဉ်ဘ၀ရဲ့ အလုပ်တာဝန်တွေကြောင့် ၊ မိသားစု အရေးကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်နေတဲ့သင့်ကို ပြန်ပြီးတော့ လန်းဆန်းအားပြည့်စေနိုင်တာက ခရီးသွားခြင်းပါ။ ကုန်ကုန်ပြောရရင် ခရီးထွက်တာက ရည်းစားကြောင့်အသည်းကွဲတာကိုတောင်သက်သာစေနိုင်ပါသေးတယ်။ ဒါကြောင့် ခရီးသွားတာက ရည်းစားထားတာထက်ပိုကောင်းတယ်ဆိုတဲ့အကြောင်းပြချက်တွေကိုဖတ်ကြည့်သင့်ပါတယ်။

(၁) ကိုယ်ပိုင်အတွေ့အကြုံတွေဖန်တီးနိုင်

shutterstock

ကိုယ်နဲ့စိမ်းနေတဲ့နေရာတွေကို ခရီးထွက်တဲ့အခါ အဲ့ဒီနေရာမှာ ဘယ်လောက်အဆင်ပြေအောင်နေတတ်လဲ၊ ကိုယ်မကျွမ်းဝင်တဲ့ နေရာမှာ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ တွေကို သင်ယူပြီးသားဖြစ်သွားပါတယ်။အနည်းဆုံးတော့ တစ်ယောက်ယောက်ကိုမှီခိုမှဖြစ်မယ်ဆိုတဲ့ ခံစားချက်တွေကိုလျော့သွားစေတာပေါ့။

(၂) စိတ်ဖိစီးမှုတွေပျောက်ပြီးလန်းဆန်းစေ

shutterstock
Sponsored

လူတစ်ယောက်က နေရာအသစ်တစ်ခုကိုသွားလိုက်တဲ့အခါမှာ စိတ်ခံစားချက်တွေကလည်း အသစ်ဖြစ်သွားပါတယ်။ ပြီးတော့ လက်ရှိဖြစ်နေတဲ့စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းသွားစေရုံမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ခုနကပြောခဲ့သလိုပါပဲ အသည်းကွဲဒဏ်ရာကိုတောင် သက်သာစေနိုင်စွမ်းရှိပါတယ်။ဒါကြောင့် ဆရာဝန်တွေက နာတာရှည်ရောဂါသည်တွေနဲ့ စိတ်ကျရောဂါခံစားနေရတဲ့သူတွေကို ပင်လယ်ကမ်းခြေလိုနေရာမျိုး၊ တောင်ပေါ်ဒေသတွေလိုနေရာမျိုးမှာ အနားယူဖို့ညွှန်းကြတာပါ။

READ
နှင်းဆီပန်းရိုးတံလေးကို အပင်သစ်လေးဖြစ်အောင် လွယ်လွယ်ကူကူပြန်စိုက်နည်း

(၃) ကိုယ့်စိတ်ကူးထဲကဆန္ဒတွေကိုလွတ်လွတ်လပ်လပ်အကောင်အထည်ဖော်နိုင်

ဘယ်နေရာကိုသွားမယ်၊ ဘာစားမယ်၊ ဘာတွေလုပ်မယ် စသဖြင့် ကိုယ်တိုင်စဉ်းစားပြီး အကောင်အထည်ဖော်နိုင်ပါတယ်။ တစ်ယောက်ယောက်နဲ့ ဆွေးနွေးတိုင်ပင်နေရတာ၊ အကြံဉာဏ်ယူနေရတာတွေလုပ်စရာမလိုပါဘူး။ လွတ်လပ်သော အနေအထားပါ။

(၄) ကိုယ့်အရည်အသွေးတွေကိုပြန်လည်ဖော်ထုတ်နိုင်

shutterstock

ရည်းစားထားတာကတောင် သင့်ကိုယ်သင်ပျောက်ဆုံးသွားတာမျိုး၊ သူ့စိတ်နဲ့အသက်ရှင်နေမိတာမျိုးတွေဖြစ်နိုင်ပါသေးတယ်။ ခရီးသွားတာက ဒီလိုတွေဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါတင်ဘယ်ကမလဲ၊ ကိုယ့်ရဲ့အရည်အသွေးတွေကိုတောင်ပြန်ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။

(၅) တစ်ယောက်တည်းရှင်သန်ခြင်းနဲ့ အထီးကျန်ခြင်းမတူကြောင်းသိနိုင်

ခရီးတွေထွက်တဲ့အခါ တစ်ယောက်တည်းရှင်သန်ရခြင်းရဲ့အဓိပ္ပါယ်ကိုသိလာနိုင်ပြီး တစ်ယောက်တည်းနေတိုင်းအထီးကျန်တာမဟုတ်ဘူးဆိုတာကိုလည်း နားလည်လာပါလိမ့်မယ်။

(၆) နောက်ဆံမတင်းဘဲပျော်ရွှင်ရတဲ့ခံစားချက်ကိုရနိုင်

shutterstock

ငါဒီနေရာမှာ ဒါတွေလုပ်နေမှန်းသိရင် သူကတော့စိတ်ဆိုးတော့မှာပဲ ၊ သူသိသွားရင် ဒုက္ခပဲ ဆိုတဲ့ နောက်ဆံတင်းတဲ့ခံစားချက်မျိုးတွေလုံးဝဖြစ်မှာမဟုတ်ပါဘူး။ ရည်းစားထားတဲ့အခါမှာတော့ သူငယ်ချင်းတွေနဲ့ကော်ဖီဆိုင်လေးသွားတာတောင် နောက်ဆံတင်းနေရတာမျိုးလေ။

ကဲ….ဒါတွေဖတ်ပြီးပြီဆိုရင်တော့ ရည်းစားထားမှာလား ခရီးသွားမှာလား ဆိုတာ သေချာစဉ်းစားကြည့်သင့်ပြီနော်…။

MAY THAZINHTOO

sponsored