လူတစ်ယောက်ကို ရည်းစားမရှိစေတဲ့၊ ရှိလည်း မမြဲစေတဲ့ အကြောင်းအရင်းများ

Photo by Wictor Cardoso from Pexels
Sponsored

ဆယ်ကျော်သက်  အရွယ်ကစလို့ တော်တော်များများက ရည်းစားကိုယ်စီ ထားတတ်ကြပါတယ်ဆိုပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူနဲ့ အချိန်အကြာကြီး လက်တွဲရတဲ့သူကတော့ ရှားပါတယ်။ ရည်းစားထားတိုင်းလည်း မမြဲတဲ့အပြင် ရည်းစားရှာလို့လည်း မရတဲ့ တစ်ချို့သူတွေ ရှိနေပါသေးတယ်။ သူတို့ကတော့ အခုလို အကြောင်းအရင်းတွေကြောင့် ရည်းစား မရှိတာမျိုး၊ ရည်းစား မမြဲတာမျိုး ဖြစ်ကြာတာ ဖြစ်ပါတယ်။

၁။ right person မတွေ့သေးလို့

Sponsored

ဖူးစာပါတဲ့သူတွေကတော့ နှစ်လလောက်တွဲပြီး လက်ထပ်ကာ တစ်သက်လုံး အတူနေသွားကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ right person ဆိုတာ တစ်ချို့က တန်းပြီးတွေ့သလို တစ်ချို့ကတော့ နောက်ဆုံးမှ တွေ့တာမျိုးလည်း ရှိပါတယ်။ သင်က ရည်းစားထားတိုင်း အဆင်မပြေ ဖြစ်နေပြီး ပြတ်စဲနေရတာပဲဆိုရင်တော့ သင့်ရဲ့ right person နဲ့ မဆုံသေးတာ ဖြစ်နိုင်ပါတယ်။

READ
ဒရမ်မာကားသစ် အတူရိုက်ကူးကြမယ့် James Ma နဲ့ Kimmy
Photo by Mental Health America (MHA) from Pexels

၂။ စံနှုန်းက ယုတ္တိမတန်လို့

တစ်ချို့တွေကတော့ ရည်းစားထားရင် ဘယ်လို ကောင်လေးမျိုးကို ထားမယ်ဆိုတာမျိုးကို စိတ်ကူးယဉ်ထားတတ်ကြပါတယ်။ သူတို့ နှစ်သက်တဲ့ ရုပ်ရှင်ထဲက မင်းသား၊မင်းသမီး ပုံစံမျိုးလို ချစ်သူကို လိုချင်တတ်ကြပြီး ဘယ်သူ့ကိုမှ စိတ်တိုင်းမကျ ဖြစ်နေတတ်ပါတယ်။ သူတို့ကတော့ ရည်းစား တော်တော်နဲ့ကို မရနိုင်တဲ့သူတွေပဲ ဖြစ်ပါတယ်။

Photo by Daria Shevtsova from Pexels

၃။ ဇီဇာကြောင်လွန်းလို့

တစ်ချို့တွေကတော့ ချစ်ရတဲ့သူနဲ့ မပေါင်းဖက်ရလို့  အချစ်သစ် ထပ်မရှာတော့တာမျိုး ရှိတတ်ပါတယ်။ တစ်ချို့တော့ လူတွေနဲ့ ပတ်သတ်ရင် ဇီဇာကြောင်လွန်းတဲ့သူတွေ ဖြစ်ပါတယ်။ တစ်ခြားသူတွေနဲ့ အတူယှဉ်တွဲနေထိုင်တဲ့အခါမှာလည်း အသန့်အကြိုက်လွန်တာ၊ ဆေးလိပ်နံ့ မခံနိုင်တာ၊ သူ့ပုံစံ အကျင့်အတိုင်းပဲ နေချင်ကြတဲ့ သူတွေ ရှိပါတယ်။ သူတို့ရဲ့ ဘယ်သူနဲ့မှ အဆင်မပြေတဲ့ ဇီဇာကြောင်တဲ့စိတ်ကြောင့်လည်း ချစ်သူရည်းစား မရတတ်သလို ရလည်း မမြဲ ဖြစ်နေကြတာမျိုးလည်း ရှိနေပါတယ်။

READ
မြင့်မြတ်ရဲ့ သားလေးအတွက် ဆုတောင်းစကားဆိုလိုက်တဲ့ ကိုပေါက်
Photo by Andrea Piacquadio from Pexels

၎။ စိတ်ကျန်းမာရေး အားနည်းတဲ့သူ

တစ်ချို့တွေကတော့ ဘဝမှာ စိတ်ဒဏ်ရာတွေ အပြည့်နဲ့ အရွယ်ရောက်လာတာ ရှိပါတယ်။ စိတ်ဒဏ်ရာတွေကနေ စိတ်ရောဂါတွေကိုပါ မသိမသာ ရင်ဆိုင်ရရင်းနဲ့ သံသယလွန်ကဲတာမျိုး၊ လူတွေကို ယုံကြည်လို့ မရတာမျိုး စတဲ့ ရောဂါလက္ခဏာ နောက်ဆက်တွဲ လက္ခဏာရပ်တွေကို ခံစားတတ်ကြရပါတယ်။ ဒီအချက်ကြောင့် ပုံမှန်လူတစ်ယောက်က သူတို့ကို ချစ်တယ်ဆိုရင်တောင် သည်းခံနိုင်ကြလေ့ မရှိပါဘူး။ ဒါကြောင့် စိတ်ကျန်းမာရေးအသိမရှိရင် ကိုယ့်ကို ထားသွားမယ့်သူတွေကိုပဲ ကြုံနေရမှာ ဖြစ်ပါတယ်။

Kham

sponsored