အလုပ်ခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ဘာကြောင့် လိုအပ်တာလဲ …

Photo by fauxels from Pexels
Sponsored

လုပ်ငန်းခွင်ဆိုတာ ကိုယ့်ရဲ့ ဒုတိယအိမ်လို့တောင် ပြောလို့ ရပါသေးတယ်။ အိမ်ပြီးရင် ဒုတိယ အချိန်အများဆုံး နေရတဲ့ နေရာက လုပ်ငန်းခွင်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်နေတာမျိုးထက်စာရင် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာက ပိုကောင်းပါတယ်။ အလုပ်ခွင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေရင် အခုလို အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။

(၁) စိတ်ချမ်းသာရတဲ့ လုပ်ငန်းခွင်

Sponsored

သာယာတဲ့ အိမ်က ပိုပြီး နေလို့ ကောင်းသလို လုပ်ငန်းခွင်ကလည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနေရင် ပိုပြီး အလုပ်လုပ်ရ အဆင်ပြေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနေပြီး စလိုက် နောက်လိုက်နဲ့ အလုပ်ခွင်မှာ အချိန်ကုန်ရတာက တကယ့်ကို စိတ်ကို ချမ်းသာစေပါတယ်။ မဟုတ်ရင်တော့ ပျင်းရိစွာ အလုပ်လုပ်နေရမှာ ဖြစ်ပါတယ်။

READ
လေယာဉ်မောင်/လေယာဉ်မယ် ဖြစ်ချင်သူတွေ သိထားသင့်တဲ့ အခြေခံလိုအပ်ချက်(၉)ချက်
fauxels/pexels

(၂) မိတ်ဆွေသစ် ရတယ်

မိတ်ဆွေသစ် ရတယ်ဆိုတာ လာဘ်တစ်ပါး ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကသူတွေနဲ့ တရင်းတနှီး ပေါင်းသင်းပြီး အလုပ်လုပ်တာကနေ ဘဝမှာ တန်ဖိုးရှိတဲ့ မိတ်ဆွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒီလိုဆို မိတ်ဆွေတွေ အတူ အလုပ်လုပ်ရင်း စိတ်အေးချမ်းမှုကိုလည်း ရစေသလို ယုံကြည်မှုလည်း ပိုရှိစေပါတယ်။

christina-morillo/pexels

(၃) အလုပ်ပို ပြီးမြောက်တယ်

စက်ရုပ်တစ်ရုပ်လို အလုပ်ကိုပဲ အာရုံစိုက်ပြီး ဘယ်သူနဲ့မှ မရင်းနှီးဘူး မပေါင်းသင်းဘူးဆိုရင် ပျင်းရိစရာ ကောင်းပါတယ်။ ကိုယ့်အတွက် စိတ်နွမ်းနယ်မှုလည်း ဖြစ်လာစေနိုင်ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးနေတဲ့ အခါ တိုင်ပင်ဖို့လည်း လွယ်ကူပြီး အပြန်အလှန် ပံ့ပိုးကူညီရင်းနဲ့ အလုပ်လုပ်ရတာက ပိုပြီး အောင်မြင်မှုတွေ ဖြစ်လာစေပါတယ်။

pexels-pixabay

(၄) စိတ်ဖိစီးမှု နည်းစေတယ်

READ
Communication ကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အချက်(၅)ချက်

အလုပ်လုပ်ရတဲ့ သူတွေ ကြုံရတဲ့ အရာတစ်ခုကတော့ အလုပ်တွေများလာတဲ့အခါ စိတ်ဖိစီးမှုတွေ ပိုလာတာပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ရင်းနှီးမှုတွေ ရှိထားရင်တော့ အလုပ်တွေ ကူညီပေးမယ့် သူတွေလည်း ရှိနေပြီး စိတ်ဖိစီးမှုတွေလည်း လျော့ကျစေနိုင်ပါတယ်။ အလုပ်နဲ့ ပတ်သတ်ရင် ကူညီမှုနဲ့ အားပေးမှုတွေ ရှိတဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့် စိတ်ဖိစီးမှု သက်သာစေပါတယ်။

Photo by Christina Morillo from Pexels

(၅) အရည်အချင်းတွေ ပိုရှိလာစေတယ်

တစ်ယောက်နဲ့ တစ်ယောက် အလုပ်တွေမှာ နားမလည်တာတွေ ပြောကြရင်း၊ တိုင်ပင်မှုတွေ ရှိရင်းနဲ့ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်ရဲ့ အရည်အချင်းတွေက ပိုပြီး တိုးတက်လာမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အလုပ်လုပ်ဖို့ အားတွေ ပိုရှိလာလို့ အလုပ်မှာ ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။ ဒါကြောင့် အရည်အချင်း တိုးတက်မှုတွေကို ရနေမှာပဲ ဖြစ်ပါတယ်။

Kham

sponsored