သင့်နှုတ်ခမ်းသားလေးတွေကို ပုံမှန် Scrub ပြုလုပ်ပေးရင် ရလာမယ့် ကောင်းကျိုးလေးများ

maksymiv_yura/Freepik
Sponsored

အလှအပဆိုတာ မိန်းကလေးတွေနဲ့ တွဲနေတတ်တာပါ။ အလှအပအတွက် ဂရုစိုက်တဲ့အခါ မျက်နှာကိုပဲ ဂရုစိုက်ကြတာ များပါတယ်။ တကယ်တော့ မျက်နှာမှာမှ အရေးကြီးတဲ့ ဂရုစိုက်စရာ အစိတ်အပိုင်းလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ သင့်ရဲ့ နှုတ်ခမ်းသားပါပဲ။ နှုတ်ခမ်းသားလေးတွေ လှနေဖို့ဆိုရင် ဂရုစိုက်ပေးဖို့ လိုတာကြောင့် Scrub ကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင်တော့ ဒီလိုကောင်းကျိုးတွေ ရမှာပါနော်။

(၁) နှုတ်ခမ်းသားတွေ မခြောက်တော့ဘူး

Sponsored

နှုတ်ခမ်းတွေက ခြောက်နေပြီး နှုတ်ခမ်းနီ ဆိုးရင်လည်း အဖက်ဖက်တွေ ဖြစ်နေတာ၊ ခွာမိပြီး အသားလန်ပြီး နှုတ်ခမ်းမှာ အနာ ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ဆိုရင် နှုတ်ခမ်းကို Scrub လုပ်ပေးရမှာ ဖြစ်ပါတယ်။ နှုတ်ခမ်း scrub လုပ်ပေးရင် နှုတ်ခမ်းခြောက်နေတာမျိုးတွေ မဖြစ်တော့ဘဲ နှုတ်ခမ်းခြောက်နေတဲ့ အဖက်တွေလည်း အလိုအလျောက် ကွာသွားမှာ ဖြစ်ပါတယ်။

READ
ဆံပင်သန်ပြီး ဆံကေသာကို ကျန်းမာနေစေမယ့် ဆံပင်ထိန်းသိမ်းနည်း (၇) ခု
sri_sakorn42/Freepik

(၂) နှုတ်ခမ်းသားမှာ ရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်

နှုတ်ခမ်းမှာ ရှိတဲ့ ဆဲလ်သေတွေကို မဖယ်ရှားဘူးဆိုရင်တော့ ကျန်းမာတဲ့ နှုတ်ခမ်းသားကို ပိုင်ဆိုင်ရမှာ မဟုတ်ပါဘူး။ နှုတ်ခမ်း scrub လုပ်ပြီး ဆဲလ်သေတွေကို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ နှုတ်ခမ်းသားတွေ ပြန်လည်နူးညံ့လာပြီး ချောမွေ့စေပါတယ်။

Photo by Rodolfo Clix from Pexels

(၃) အစိုဓာတ်တွေ ပြည့်ဝနေစေတယ်

ရေသောက်နည်းလို့ နှုတ်ခမ်းက ခြောက်နေတာမျိုးတွေနဲ့ အစိုဓာတ် မပြည့်ဝတဲ့လို့ နှုတ်ခမ်းသား မဲခြောက်နေတာမျိုးကို Scrub လုပ်ပြီး သက်သာစေနိုင်ပါတယ်။ Scrub လုပ်ပေးတဲ့ အခါ နှုတ်ခမ်းသားက အစိုဓာတ်ပြန်ရလာပြီး ကြည့်ကောင်းနေတဲ့ နှုတ်ခမ်းတွေ ဖြစ်သွားစေပါတယ်။

Photo by Shiny Diamond from Pexels

တစ်ပတ်ကို သုံးကြိမ်ထက် မပိုစေဘဲ ပုံမှန် lip scrub လုပ်ပေးလို့ ရပါတယ်။ scrub လုပ်ပြီးရင်တော့ နေလောင်တာမျိုး ပြန်မဖြစ်အောင် lip balm လေးတော့ သုံးပေးရမှာပါ။

READ
ချိုင်း၊ ဒူး၊ တံတောင်ဆစ်နဲ့ မည်းနေတဲ့အစိတ်အပိုင်းအားလုံးကို ဖြူသွားစေမယ့် နည်းလမ်း (၅) မျိုး

နှုတ်ခမ်းသား ကျန်းမာရေးအတွက်ဆိုရင် နှုတ်ခမ်းကို လျှာနဲ့ လျက်တာမျိုးနဲ့ ရေသောက်နည်းတာမျိုးကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Kham

 

sponsored